HomeSportယူႏိုက္တက္အသင္း ေရာင္းခ်ရန္ျပင္ဆင္ထားသည့္ ကစားသမားမ်ား။

ယူႏိုက္တက္အသင္း ေရာင္းခ်ရန္ျပင္ဆင္ထားသည့္ ကစားသမားမ်ား။

- Advertisement -

ယူႏိုက္တက္အသင္းသည္ လာမည့္ေဆာင္းရာသီအေျပာင္းအေရႊ႕၌ ေနာက္ခံလူရိုဂ်ိဳ၊ ကြင္းလယ္ကစားသမား မာတစ္တို႔ကို ေရာင္းခ်ရန္ျပင္ဆင္ထားၿပီး အဆိုပါကစားသမားႏွစ္ေယာက္အတြက္ ကမ္းလွမ္းမႈမ်ားကို လက္ခံစဥ္းစားသြားမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။ ၿပီးခဲ့သည့္ေႏြရာသီက ဆန္းခ်က္ဇ္၊ လူကာကူတို႔ကို လက္လႊတ္ခံခဲ့သည့္ ယူႏိုက္တက္အသင္းသည္ လာမည့္ (၂၀၂၀) ခုႏွစ္အတြင္း အသင္းရဲ႕လူစာရင္းကို ျပန္လည္အင္အားျဖည့္တင္းရန္ ျပင္ဆင္ေနသလို အသင္း၌မလိုအပ္သည့္ ကစားသမားမ်ားကိုလည္း  ေရာင္းခ်ရန္ျပင္ဆင္ေနပါတယ္။

အသင္းရဲ႕လူစာရင္းအတြက္ အနည္းဆံုး နာမည္ႀကီးကစားသမား (၂) ေယာက္ ျပန္လည္ေခၚယူရန္ ျပင္ဆင္ထားသည့္ ယူႏိုက္တက္အသင္းသည္ အသင္းမွကစားသမားအမ်ားအျပားကိုလည္း ထြက္ခြာခြင့္ေပးရန္ ဆႏၵရွိေနပါတယ္။ ယူႏိုက္တက္အသင္းအေနျဖင့္ လာမည့္ေႏြရာသီ၌ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးမည့္ ဝါရင့္ကစားသမား အက္ရွ္ေလယန္းကို စာခ်ဳပ္သက္တမ္းမတိုးရန္ ဆံုးျဖတ္ခဲ့သလို ရိုဂ်ိဳ၊ မာတစ္တို႔ကိုပါ လာမည့္ေဆာင္းရာသီအေျပာင္းအေရႊ႕၌ပင္ ေရာင္းခ်ႏိုင္ရန္ ျပင္ဆင္ေနျခင္းျဖစ္ပါတယ္။

လက္ရွိေဘာလံုးရာသီ၌ အသင္းအတြက္ ၿပိဳင္ပဲြစံု (၇) ပဲြသာ ကစားခြင့္ရရွိထားသည့္ မာတစ္ကို ေခၚယူရန္အတြက္ ဥေရာပရဲ႕နာမည္ေက်ာ္ ကလပ္အသင္းမ်ားျဖစ္သည့္ ေအစီမီလန္၊ အင္တာမီလန္ နဲ႔ အက္သလက္တီကိုမက္ဒရစ္အသင္းတုိ႔က စိတ္ဝင္စားေနပါတယ္။

- Advertisement -

ဒါ့အျပင္ နည္းျပဆိုးလ္ရွားအေနျဖင့္ ေနာက္တန္း၌ ဒဏ္ရာျပႆနာမ်ား၊ ႀကံ႕ခိုင္မႈျပႆနာမ်ားနဲ႔ ရုန္းကန္ေနရသည့္ ရိုဂ်ိဳကိုပါ တစ္ပါတည္းေရာင္းထုတ္ႏိုင္ရန္ ျပင္ဆင္ေနၿပီး ၾကယ္ပြင့္ကစားသမားမ်ားကို ျပန္လည္အားျဖည့္ရန္ ျပင္ဆင္ထားသည့္ အသင္းရဲ႕ဘ႑ာေရး အေျခအေနကို ထိန္းညွိသြားရန္ ျပင္ဆင္ေနေၾကာင္း သိရွိရပါတယ္။

- Advertisement -

<Zawgyi Version>

 

ယူနိုက်တက်အသင်းသည် လာမည့်ဆောင်းရာသီအပြောင်းအရွှေ့၌ နောက်ခံလူရိုဂျို၊ ကွင်းလယ်ကစားသမား မာတစ်တို့ကို ရောင်းချရန်ပြင်ဆင်ထားပြီး အဆိုပါကစားသမားနှစ်ယောက်အတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ ပြီးခဲ့သည့်နွေရာသီက ဆန်းချက်ဇ်၊ လူကာကူတို့ကို လက်လွှတ်ခံခဲ့သည့် ယူနိုက်တက်အသင်းသည် လာမည့် (၂၀၂၀) ခုနှစ်အတွင်း အသင်းရဲ့လူစာရင်းကို ပြန်လည်အင်အားဖြည့်တင်းရန် ပြင်ဆင်နေသလို အသင်း၌မလိုအပ်သည့် ကစားသမားများကိုလည်း  ရောင်းချရန်ပြင်ဆင်နေပါတယ်။

အသင်းရဲ့လူစာရင်းအတွက် အနည်းဆုံး နာမည်ကြီးကစားသမား (၂) ယောက် ပြန်လည်ခေါ်ယူရန် ပြင်ဆင်ထားသည့် ယူနိုက်တက်အသင်းသည် အသင်းမှကစားသမားအများအပြားကိုလည်း ထွက်ခွာခွင့်ပေးရန် ဆန္ဒရှိနေပါတယ်။ ယူနိုက်တက်အသင်းအနေဖြင့် လာမည့်နွေရာသီ၌ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမည့် ဝါရင့်ကစားသမား အက်ရှ်လေယန်းကို စာချုပ်သက်တမ်းမတိုးရန် ဆုံးဖြတ်ခဲ့သလို ရိုဂျို၊ မာတစ်တို့ကိုပါ လာမည့်ဆောင်းရာသီအပြောင်းအရွှေ့၌ပင် ရောင်းချနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်ပါတယ်။

လက်ရှိဘောလုံးရာသီ၌ အသင်းအတွက် ပြိုင်ပွဲစုံ (၇) ပွဲသာ ကစားခွင့်ရရှိထားသည့် မာတစ်ကို ခေါ်ယူရန်အတွက် ဥရောပရဲ့နာမည်ကျော် ကလပ်အသင်းများဖြစ်သည့် အေစီမီလန်၊ အင်တာမီလန် နဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့က စိတ်ဝင်စားနေပါတယ်။

ဒါ့အပြင် နည်းပြဆိုးလ်ရှားအနေဖြင့် နောက်တန်း၌ ဒဏ်ရာပြဿနာများ၊ ကြံ့ခိုင်မှုပြဿနာများနဲ့ ရုန်းကန်နေရသည့် ရိုဂျိုကိုပါ တစ်ပါတည်းရောင်းထုတ်နိုင်ရန် ပြင်ဆင်နေပြီး ကြယ်ပွင့်ကစားသမားများကို ပြန်လည်အားဖြည့်ရန် ပြင်ဆင်ထားသည့် အသင်းရဲ့ဘဏ္ဍာရေး အခြေအနေကို ထိန်းညှိသွားရန် ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

<Unicode Version>

 

- Advertisement -

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

nine − two =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...