HomeSportယူနိုက်တက်ကြယ်ပွင့်တစ်ဦးကို ခေါ်ယူရန်ကြိုးစားလာမည့် ဘာစီလိုနာ။
ယူနိုက်တက်ကြယ်ပွင့်တစ်ဦးကို ခေါ်ယူရန်ကြိုးစားလာမည့် ဘာစီလိုနာ။
- Advertisement -
- Advertisement -
<Zawgyi Version>
- Advertisement -
ဘာစီလိုနာအသင်းသည် လာမည့်ဆောင်းရာသီအပြောင်းအရွှေ့၌ ယူနိုက်တက်အသင်းရဲ့ လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်သူ အိန်ဂျယ်ဂိုးမက်စ်ကို ခေါ်ယူရန်အတွက် ပြင်ဆင်နေပါတယ်။ အသက် (၁၉) နှစ်အရွယ် အဆိုပါ ကစားသမားလေးသည် ယူနိုက်တက်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး လာမည့်နွေရာသီအပြောင်းအရွှေ့၌ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမည့် ကစားသမားတစ်ဦးလည်း  ဖြစ်ပါတယ်။
အိန်ဂျယ်ဂိုးမက်စ်သည် ယူနိုက်တက်စီနီယာအသင်းကြီး လူစာရင်း၌ ပါဝင်ခွင့်ရသည့်အချိန်မှစတင်ပြီး ပွဲထွက် ကစားသမားအဖြစ် (၃) ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့ကာ လူစားဝင်ကစားသမားအဖြစ် (၅) ကြိမ် ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းသည် အိန်ဂျယ်ဂိုးမက်စ်ရဲ့ အနေအထားကို ဆက်တိုက်စောင့်ကြည့်လျက်ရှိပြီး လာမည့်ဇန်နဝါရီလအစောပိုင်းတွင် စတင်ကမ်းလှမ်းလာဖွယ်ရှိကြောင်း သိရှိရပါတယ်။
ဘာစီလိုနာအသင်းအနေဖြင့် အသင်းရဲ့ ကွင်းလယ်ကစားသမားအချို့ကို ရောင်းချရန် ပြင်ဆင်နေသလို အနာဂတ်အတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ အိန်ဂျယ်ဂိုးမက်စ်ကို ခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်ပါတယ်။ အင်္ဂလန် ယူ – ၂၀ ကစားသမားတစ်ဦးလည်းဖြစ်သည့် အိန်ဂျယ်ဂိုးမက်စ်သည် ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖွယ်မရှိတော့ဘဲ အခြားသောကလပ်အသင်းများကလည်း အဆိုပါကစားသမားကို ခေါ်ယူရန် စိ်တ်ဝင်စားလျက်ရှိပါတယ်။
<Unicode Version>
Source ~ Sportsmole
#HM(Soshwe)
- Advertisement -
#SoshweSport
#SoshweForYourDailyLife
#Like&Share
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
seven + 15 =
Must Read
အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။
အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...