<Zawgyi Version>
Wales ပြည်နယ်တွင်နေထိုင်သူ Kathy Smith ဆိုသူတဲ့ ကောင်မလေးဟာ တိရစ္ဆာန်လေးတွကို ချစ်တတ်တဲ့သူဖြစ်တာကြောင့် လမ်းပေါ်မှာတွေ့ရတဲ့ စွန့်ပစ်ခံ ကြောင်၊ ခွေးလေးတွေနဲ့ အခြားသော တိရစ္ဆာန်လေးတွေကို သူ့ရဲ့အိမ်ထဲကိုခေါ်ယူလာကာ ကျွေးမွေးစောင့်ရှောက်တတ်ပါတယ်။
Kathy ရဲ့မိသားစုဝင်တွေကလည်း Kathy ခေါ်ယူလာတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေကို ငြိုငြင်ခြင်းအလျှင်းမရှိဘဲ Kathy နဲ့အတူတူ ထိန်းသိမ်းစောင့်ရှောက်ပေးလေ့ရှိပါတယ်။ Kathy ရဲ့ လက်ထဲကို ရောက်သွားတဲ့တိရစ္ဆာန်လေးတွေကတော့ တကယ်ကို ကံကောင်းပါတယ်။
Kathy ဟာကောက်ယူမွေးစားထားတဲ့ တိရစ္ဆာန်အရေအတွက် ဘယ်လောက်ရှိကြောင်းကို အရင်က သတိမထားမိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ခွေးလေးတွေ ကြောင်လေးတွေရဲ့ သဘာဝအရ အမြဲတမ်း ပြေးလွှားဆော့ကစားနေတာကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ Kathy တစ်ယောက် သူမရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို တစ်နေရာထဲမှာ ထိုင်စေပြီး ဓာတ်ပုံရိုက်ပေးမယ်လို့ စီစဉ်တော့မှပဲ သူ့မှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ အရေအတွက်ကို သတိထားမိလာတာပဲဖြစ်ပါတယ်။
သခင်ဖြစ်သူ ဘာလုပ်ချင်တယ်ဆိုတာကို နားမလည်တဲ့ သတ္တဝါလေးတွေကတော့ Kathy နေရာချထားပေးတဲ့ နေရာတစ်နေရာထဲမှာပဲ မနေဘဲ သူတို့မျက်စိအောက်ကနေ Kathy ပျောက်သွားတာနဲ့ သွားချင်တဲ့နေရာစီ လျှောက်သွားနေတတ်တာကြောင့် Kathy မှာ အချိန်အကြာကြီးယူခဲ့ရပါတယ်။ Kathy က သူမရဲ့ အိမ်မွေးသတ္တဝါလေးတွေကို သူထိုင်စေချင်တဲ့နေရာမှာ ထိုင်ဖို့အတွက် အစာနဲ့မျှားခဲ့ရတာပဲ ဖြစ်ပါတယ်။
https://www.youtube.com/watch?v=s86tXdVyPxw&feature=youtu.be
Kathy ရဲ့ အိမ်မွေးခွေးလေးတွေနဲ့ ကြောင်လေးတွေဟာ တစ်နေရာတည်းမှာ အားလုံးဆုံသွားပြန်တော့လည်း Kathy တစ်ယောက် သူတို့အားလုံးကို ဓာတ်ပုံထဲမှာပါဖို့အတွက် ဓာတ်ပုံရိုက်တဲ့အခါမှာ စက္ကန့်ပိုင်းမျှသာအချိန်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း Kathy ကတော့ အိမ်မွေးတိရိစ္ဆာန် ၁၇ ကောင်လုံးပါတဲ့ ဓာတ်ပုံကို ရိုက်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပင်ပန်းရကျိုးနပ်တယ်ဆိုတာ ဒါမျိုးကို ခေါ်တာပါ။
<Unicode Version>
Source ~ HzeppFeed
#SY(1209Soshwe)
#SoshweAnimals
#SoshweForYourDailyLife
#Like&Share