<Zawgyi Version>
Kylie Jenner သည် သူမရဲ့ Kylie Cosmetics များရောင်းချရင်းဖြင့် ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူမသည် Travis Scott နဲ့ လမ်းခွဲထားပေမယ့် သမီးလေးဖြစ်သူ Stormi ကို သီဆိုပြခဲ့သည့် “Rise and Shine” သီချင်းက အင်တာနက်ပေါ်၌ လွှမ်းမိုးသွားခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံး Meme ပင်ဖြစ်ခဲ့ပါတယ်။
JUSTIN BIEBER SINGING BABY IN 2019. WOW pic.twitter.com/EZ8kSx0oGe
— mayank (@biebersmybro) December 14, 2019
Ariana Grande ကိုယ်တိုင်ပင် အဆိုပါ “Rise and Shine” သီချင်းကို လိုက်လံသီဆိုနေသည်ကို အင်တာနက်ပေါ် လွှင့်တင်ခဲ့ပါသေးတယ်။ ဒါ့အပြင် Kylie Jenner သည် Justin Bieber နဲ့ သူ့ရဲ့ ဇနီးသည် Hailey တို့နှစ်ဦးက ကြီးမှူးကျင်းပသည့် ပရဟိတ လေလံပွဲတစ်ခုသို့ တက်ရောက်ခဲ့ပြီး အဆိုပါ “Rise and Shine” သံစဉ်ကို သူမရဲ့ အသံချိုချိုလေးဖြင့် ရွတ်ဆိုပြခဲ့ပါသေးတယ်။ ဒါ့အပြင် Justin Bieber ကိုယ်တိုင်ကလည်း အဆိုပါ “Rise and Shine” ကို ပရိသတ်များရှေ့မှောက်၌ ပျော်ပျော်ပါးပါး ရွတ်ဆိုပြခဲ့ပါတယ်။
JUSTIN BIEBER AND JADEN SMITH SINGING NEVER SAY NEVER IN 2019 . MY HEART 😭😭😭🥺🥺 https://t.co/UzVyaP5Wca
— Akshi⁷🕸️ (ia) (@Joonieseta) December 14, 2019
ပရိသတ်တစ်ဦးကလည်း “Kylie တစ်ယောက် “Rise and Shine” ကို စပြီး ဆိုနေချိန်မှာ လူတိုင်းက တိတ်တိတ်လေး နားထောင်နေကြပေမယ့် Justin ကတော့ အကျယ်ကြီး ထအော်ပါတယ်။ ဒါက အရမ်းကို ရယ်စရာကောင်းပါတယ်။” ဟု မှတ်ချက်ပေးခဲ့သလို အခြားသော ပရိသတ်တစ်ဦးကလည်း Justin ရဲ့ ယခုလုပ်ရပ်အပေါ် နားမလည်နိုင်ကြောင်း မှတ်ချက်ပြုရေးသားခဲ့ပါတယ်။
JUSTIN DOING THE RISE AND SHINE AND THEN ASKING KYLIE TO DO IT I LOVE THIS CONCEPT pic.twitter.com/8c0UiNYYfO
— andrea (@aritynjmjk) December 14, 2019
ဒါ့အပြင် Justin Bieber အနေဖြင့် သူ့ရဲ့ နာမည်ကျော် သီချင်းတစ်ပုဒ်ဖြစ်ခဲ့သည့် Baby သီချင်းကို သီဆိုပြခဲ့သလို Jaden Smith နဲ့ တွဲဖက်ပြီး၍လည်း “Never Say Never” သီချင်းကို ပြန်လည်သီဆိုဖျော်ဖြေခဲ့ကြောင်း သိရှိရပါတယ်။
https://www.instagram.com/p/B6CqAfhl-lg/?utm_source=ig_embed
<Unicode Version>
Source ~ Teenvogue
#HM(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share