ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ထားသော Bob Weighton ဟုအမည်ရသည့် အမျိုးသားကြီးသည် ပြီးခဲ့သည့်မတ်လ (၂၉) ရက်နေ့က (၁၁၂) နှစ်ပြည့်ခဲ့ကြောင်းသိရှိရပါတယ်။ အင်္ဂလန်နိုင်ငံရှိ The Alton၊ Hampshire ဒေသ၌နေထိုင်သည့် အဆိုပါအမျိုးသားကြီးသည် ဧကရာဇ် (၅) ပါး၊ ဝန်ကြီးချုပ် (၂၂) ယောက်၊ ကမ္ဘာစစ်ပွဲ (၂) ခုနဲ့ စပိန်ကပ်ရောဂါတို့အပြင် အခြားသောအရာများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပါတယ်။
Happy 112th birthday Bob Weighton! The world's oldest man will be spending his birthday in his apartment at Brendoncare Alton, chatting on Facetime with friends and family. Read more about his life and longevity on our special blog post: https://t.co/y1SUZxSRD9 pic.twitter.com/byJu9UGlNb
— Brendoncare (@Brendoncare) March 29, 2020
အဆိုပါပုဂ္ဂိုလ်ကြီးသည် ဂျပန်နိုင်ငံမှ Chitetsu Watanabe ဟုအမည်ရသည့် ပုဂ္ဂိုလ်ကြီး သေဆုံးသွားပြီးနောက် ကမ္ဘာ့အသက်ကြီးဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ထိုကဲ့သို့အသက်ရှည်ရသည့် လျှို့ဝှက်ချက်နဲ့ ပတ်သက်၍လည်း “ကျွန်တော်အသားတွေ အများကြီးမစားသလို ပါတီပွဲကျင်းပတဲ့အချိန်တွေမှသာ သောက်ဖြစ်ပါတယ်။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။
Bob ကို (၁၉၀၈) ခုနှစ်၊ မတ်လ (၂၉) ရက်နေ့၌ မွေးဖွားခဲ့ပြီး အရွယ်ရောက်လာချိန်၌ စက်မှုအင်ဂျင်နီယာ ပညာရပ်ကိုလေ့လာသင်ကြားခဲ့ပါတယ်။ ထို့နောက် Bob သည် ကမ္ဘာအနှံ့လှည့်လည်သွားလာပြီး ထိုင်ဝမ်၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတို့၌ နေထိုင်ခဲ့ပါတယ်။ (၁၉၄၆) ခုနှစ်၌ Bob သည် သူ့ရဲ့ဇနီးသည် Agnes၊ ရင်သွေး (၃) ယောက်တို့နဲ့အတူ အင်္ဂလန်နိုင်ငံကို ပြန်လာခဲ့ပြီး လက်ရှိအချိန်၌ မြေး (၁၀) ယောက်နဲ့ မြစ် (၂၅) ယောက် ရှိပါတယ်။ Bob သည် City University of London ရဲ့ ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး (၁၉၇၃) ခုနှစ်၌ အငြိမ်းစားယူခဲ့ပါတယ်။
Bob က “ကျွန်တော်အခု ဒီလိုမျိုး ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်ဆိုတဲ့ အချက်အလက်ကို လက်ခံပါတယ်။ ဒါပေမယ့် ဒီလိုတွေဖြစ်လာဖို့ ဘာတစ်ခုမှအားထုတ်ပြီးလုပ်ခဲ့တာမျိုးမရှိပါဘူး။ ဘတ်စ်ကားမစီးဘဲရှောင်တာမျိုး၊ ကင်ဆာမဖြစ်အောင် ရှောင်တာမျိုးတွေ ကျွန်တော့်ဘဝမှာ မရှိခဲ့ပါဘူး။ ဒီအသက်အရွယ်အထိ နေနိုင်ဖို့ ထိုက်တန်တဲ့လုပ်ရပ် ဘာတစ်ခုမှကိုမလုပ်ခဲ့တာပါ။ ကျွန်တော်က ကံကောင်းတဲ့သူတွေထဲက တစ်ယောက်ပါပဲ။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။
Bob ရဲ့မွေးနေ့များ၌ ကမ္ဘာပေါ်မှ အမှတ်တရဖြစ်ရပ်များနဲ့ တစ်ထပ်တည်းကျရောက်ခဲ့သည့် သာဓကများလည်းရှိခဲ့ပြီး သူ့အသက် (၂၈) နှစ်ပြည့်မြောက်သည့် (၁၉၃၆) ခုနှစ်၌ ဟစ်တလာတစ်ယောက် ဂျာမန်လူမျိုး (၉၉) ရာခိုင်နှုန်းရဲ့ ထောက်ခံမှုကို ရရှိခဲ့ခြင်းကဲ့သို့ အမှတ်တရဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ဖူးပါတယ်။
လက်ရှိအချိန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်ကြောင့် Bob ရဲ့ မွေးနေ့ကို ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့ခြင်းမရှိပေမယ့် Bob အနေနဲ့ သူ့ရဲ့နေအိမ်၌ သူငယ်ချင်းများ၊ မိသားစုဝင်များနဲ့ Video Call ခေါ်ဆိုကာ အဆက်အသွယ်ပြုလုပ်လျက်ရှိကြောင်းသိရှိရပါတယ်။
<Unicode Version>
ကမ္ဘာ့အသက်ကြီးဆုံးအမျိုးသားရဲ့ မွေးနေ့ပွဲ။
<Zawgyi Version>
Source ~ Unilad
#HM(Soshwe)
#soshwelifestyle
#soshweforyourdailylife
#likeandshare