Breaking News

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်တွေဖြူလာတဲ့ ပြဿနာအရင်းအမြစ်ကဘာဖြစ်မလဲ ? ? ?

အသက်ကြီးလာတဲ့အခါမှာ ဆံပင်တွေဖြူလာတာဟာ သဘာဝဆိုပေမယ့် ဆံပင်တွေဖြူလာတယ်ဆိုတိုင်း အသက်ကြီးလာတယ်လို့မဆိုနိုင်ပါဘူး။ မျိုးရိုးဗီဇကြောင့် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူတာလည်း မဟုတ်ပြန်ဘူး။ ဒီတော့ ဘာကြောင့်ဆံပင်ဖြူရတယ်ဆိုတာကို Soshwe စာဖတ်ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

အမေရိကန်နိုင်ငံနဲ့ ဘရားဇီးနိုင်ငံက သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်ထဲမှာတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူလာတာဟာ မိသားစုအပူတွေကို ထမ်းရတာကြောင့်ပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာ ဖိအားအရမ်းများတာကြောင့်ပဲဖြစ်ဖြစ်၊ စိတ်ဖိစီးမှု အလွန်အကြူးခံစားရတဲ့သူတွေရဲ့ ဆံနွယ်တွေဟာလည်း လွယ်ကူစွာ ဖြူလာနိုင်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဦးရေပြားဆိုင်ရာဆေးပညာရှင်တွေ ညွှန်းပေးတဲ့ဆေးတွေကို သောက်သုံးခြင်းအားဖြင့် (သို့) စိတ်ရောဂါပညာရှင်တွေ ညွှန်ကြားထားတဲ့နည်းလမ်းကို တသွေမသိမ်း လိုက်နာခြင်းအားဖြင့် ဆံနွယ်တွေ ဖြူဖွေးလာတာကို ရပ်တန့်နိုင်တယ်လို့လည်း ဆိုထားပါတယ်။ အသက်ကြီးလာလို့ ဆံပင်ဖြူလာတာက သဘာဝဖြစ်ရပ်ပဲဆိုပေမယ့် လိုတာထက်ပိုပြီး မြန်မြန်ဆန်ဆန် ဆံပင်ဖြူလာတာကတော့ သေချာပေါက် စိတ်ဖိစီးမှုဒဏ်ကြောင့်ဖြစ်တယ်လို့ ပညာရှင်တွေက အခိုင်အမာ ဆိုထားပါတယ်။

ဟားဗတ်ဒ်တက္ကသိုလ်က ပါမောက္ခချုပ် Ya-Cieh Hsu ဆိုသူဟာ BBC သတင်းဌာနကို “သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ စိတ်ဖိစီးမှုဟာ ဆံပင်အရောင်နဲ့ အသားအရေအရောင်ကို ပြောင်းလဲစေတဲ့ ခန္ဓာကိုယ်တွင်းက “Melanin” ကို ထိခိုက်စေတာကြောင့် စိတ်ဖိစီးမှုများတဲ့သူတွေရဲ့ ဆံပင်အရောင်နဲ့ အသားအအရေအရောင် ပြောင်းလာတာဖြစ်တယ်” လို့ ပြောပြခဲ့ပါတယ်။

နှလုံးခုန်နှုန်းမြန်ပြီး သွေးဖိအားတိုးလာခြင်းကလည်း “Melanin” ကို လျော့ကျစေတာကြောင့် အသားအရည်တွေ ၊ ဆံနွယ်တွေကို ပျက်စီးစေနိုင်ပြီး အဆိုပါပျက်စီးမှုကို ပြန်လည်ကောင်းမွန်လာအောင် ပြုလုပ်နိုင်စွမ်းမရှိဘူးလို့လည်း ပါမောက္ခကြီးက ဆိုပါတယ်။

သုတေသနပညာရှင်တွေက လူတွေရဲ့ခန္ဓာကိုယ်အတွင်းက “Melanin” လျော့ကျမှုကြောင့် ဖြစ်ပေါ်လာတဲ့ အသားအရေနဲ့ ဆံနွယ်ပျက်စီးမှုအတွက် ကုသပေးနိုင်မယ့်နည်းလမ်းကို ရှာဖွေတဲ့အခါမှာတော့ ကြွက်တွေကို အသုံးပြုခဲ့ရတာပဲ ဖြစ်ပါတယ်။ ထိရောက်တဲ့ကုသမှုကို မရှာတွေ့သေးပေမယ့် သိပ္ပံပညာရှင်တွေအနေနဲ့ကတော့ ဆက်လက်ကြိုးစားရှာဖွေနေဆဲဖြစ်တယ်လို့ ဟားဗတ်ဒ်တက္ကသိုလ်က ပါမောက္ခချုပ် Ya-Cieh Hsu က ဆိုပါတယ်။

<Unicode Version>

 

 

အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔ ဆံပင္ေတြျဖဴလာတဲ့ ျပႆနာအရင္းအျမစ္ကဘာျဖစ္မလဲ ? ? ?

အသက္ႀကီးလာတဲ့အခါမွာ ဆံပင္ေတြျဖဴလာတာဟာ သဘာဝဆိုေပမယ့္ ဆံပင္ေတြျဖဴလာတယ္ဆိုတိုင္း အသက္ႀကီးလာတယ္လို႔မဆိုႏိုင္ပါဘူး။ မ်ိဳး႐ိုးဗီဇေၾကာင့္ အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔ ဆံပင္ျဖဴတာလည္း မဟုတ္ျပန္ဘူး။ ဒီေတာ့ ဘာေၾကာင့္ဆံပင္ျဖဴရတယ္ဆိုတာကို Soshwe စာဖတ္ပရိသတ္ေတြ သိရွိႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

အေမရိကန္ႏိုင္ငံနဲ႔ ဘရားဇီးႏိုင္ငံက သုေတသနပညာရွင္ေတြရဲ႕ ေလ့လာေတြ႔ရွိခ်က္ထဲမွာေတာ့ အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔ ဆံပင္ျဖဴလာတာဟာ မိသားစုအပူေတြကို ထမ္းရတာေၾကာင့္ပဲျဖစ္ျဖစ္၊ လုပ္ငန္းခြင္မွာ ဖိအားအရမ္းမ်ားတာေၾကာင့္ပဲျဖစ္ျဖစ္၊ စိတ္ဖိစီးမႈ အလြန္အၾကဴးခံစားရတဲ့သူေတြရဲ႕ ဆံႏြယ္ေတြဟာလည္း လြယ္ကူစြာ ျဖဴလာႏိုင္တယ္လို႕ ဆိုထားပါတယ္။

ဒါ့အျပင္ ဦးေရျပားဆိုင္ရာေဆးပညာရွင္ေတြ ညႊန္းေပးတဲ့ေဆးေတြကို ေသာက္သံုးျခင္းအားျဖင့္ (သို႔) စိတ္ေရာဂါပညာရွင္ေတြ ညႊန္ၾကားထားတဲ့နည္းလမ္းကို တေသြမသိမ္း လိုက္နာျခင္းအားျဖင့္ ဆံႏြယ္ေတြ ျဖဴေဖြးလာတာကို ရပ္တန္႔ႏိုင္တယ္လို႔လည္း ဆိုထားပါတယ္။ အသက္ႀကီးလာလို႔ ဆံပင္ျဖဴလာတာက သဘာဝျဖစ္ရပ္ပဲဆိုေပမယ့္ လိုတာထက္ပိုၿပီး ျမန္ျမန္ဆန္ဆန္ ဆံပင္ျဖဴလာတာကေတာ့ ေသခ်ာေပါက္ စိတ္ဖိစီးမႈဒဏ္ေၾကာင့္ျဖစ္တယ္လို႔ ပညာရွင္ေတြက အခိုင္အမာ ဆိုထားပါတယ္။

ဟားဗတ္ဒ္တကၠသိုလ္က ပါေမာကၡခ်ဳပ္ Ya-Cieh Hsu ဆိုသူဟာ BBC သတင္းဌာနကို “သုေတသနပညာရွင္ေတြရဲ႕ ေလ့လာေတြ႔ရွိခ်က္အရ စိတ္ဖိစီးမႈဟာ ဆံပင္အေရာင္နဲ႔ အသားအေရအေရာင္ကို ေျပာင္းလဲေစတဲ့ ခႏၶာကိုယ္တြင္းက “Melanin” ကို ထိခိုက္ေစတာေၾကာင့္ စိတ္ဖိစီးမႈမ်ားတဲ့သူေတြရဲ႕ ဆံပင္အေရာင္နဲ႔ အသားအအေရအေရာင္ ေျပာင္းလာတာျဖစ္တယ္” လို႕ ေျပာျပခဲ့ပါတယ္။

ႏွလံုးခုန္ႏႈန္းျမန္ၿပီး ေသြးဖိအားတိုးလာျခင္းကလည္း “Melanin” ကို ေလ်ာ့က်ေစတာေၾကာင့္ အသားအရည္ေတြ ၊ ဆံႏြယ္ေတြကို ပ်က္စီးေစႏိုင္ၿပီး အဆိုပါပ်က္စီးမႈကို ျပန္လည္ေကာင္းမြန္လာေအာင္ ျပဳလုပ္ႏိုင္စြမ္းမရွိဘူးလို႔လည္း ပါေမာကၡႀကီးက ဆိုပါတယ္။

သုေတသနပညာရွင္ေတြက လူေတြရဲ႕ခႏၶာကိုယ္အတြင္းက “Melanin” ေလ်ာ့က်မႈေၾကာင့္ ျဖစ္ေပၚလာတဲ့ အသားအေရနဲ႔ ဆံႏြယ္ပ်က္စီးမႈအတြက္ ကုသေပးႏိုင္မယ့္နည္းလမ္းကို ရွာေဖြတဲ့အခါမွာေတာ့ ႂကြက္ေတြကို အသံုးျပဳခဲ့ရတာပဲ ျဖစ္ပါတယ္။ ထိေရာက္တဲ့ကုသမႈကို မရွာေတြ႔ေသးေပမယ့္ သိပၸံပညာရွင္ေတြအေနနဲ႔ကေတာ့ ဆက္လက္ႀကိဳးစားရွာေဖြေနဆဲျဖစ္တယ္လို႔ ဟားဗတ္ဒ္တကၠသိုလ္က ပါေမာကၡခ်ဳပ္ Ya-Cieh Hsu က ဆိုပါတယ္။

<Zawgyi Version>

 

#SoshweBeauty&Health

#SoshweForYourDailyLife

#Like&Share

About So Shwe

Check Also

သားသားမီးမီးတို့အတွက် Ovaltine ရဲ့ Smart Book App

သားသားမီးမီးတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာလေးတစ်ခုကိုဖန်တီးဖို့ . . . သင်ခန်းစာအသစ်တွေလေ့လာရင်း ပျော်ရွှင်စရာဂိမ်းတွေနဲ့အတူ . . . ပဟေဠိတွေလည်း ဆော့လိုက်ရအောင် . . . …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro