Breaking News

ပိုင်ရှင်လိုအပ်နေတဲ့ မျက်နှာချေကြောင်မလေး Perdita

အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို မိမိအိမ်ထဲကိုခေါ်လာပြီဆိုတာနဲ့ ဒီအိမ်မွေးသတ္တဝါလေးတွေဟာ ကိုယ့်ရဲ့မိသားစုဝင်ဖြစ်လာပါတော့တယ်။ သူတို့လေးတွေနဲ့သက်ဆိုင်တဲ့ ကျန်းမာရေး၊ စားသောက်နေထိုင်ရေး စတဲ့ ကိစ္စအဝဝကို အိမ်ရှင်ဖြစ်တဲ့ ကိုယ်ကပဲတာဝန်ယူရပါတော့တယ်။

အမေရိကန်ပြည်ထောင်စုရဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာရှိတဲ့ Mitchell County Animal Rescue လို့အမည်ရတဲ့ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဂေဟာတစ်ခုမှာ Sullen ကြောင်အမျိုးအစားဖြစ်တဲ့ အသက် ၄ နှစ်အရွယ် Perdita ကြောင်မလေးတစ်ကောင်ရှိပါတယ်။

Meet Perdita, not for the faint of heart. LIKES: staring into your soul until you feel as if you may never be cheerful…

Posted by Mitchell County Animal Rescue, Inc-North Carolina on Wednesday, 22 January 2020

အဖြူနဲ့အနက်ရောင် စပ်ကြားခန္ဓာကိုယ်ပိုင်ရှင် Perdita လေးဟာ Mitchell County Animal Rescue ဂေဟာကို ခရစ်စမတ်အကြိုညမှာ ရောက်ရှိလာပြီး သိပ်မကြာခင်မှာပဲ ဂေဟာတစ်ခုလုံးကို ပိုင်စိုးပိုင်နင်းနဲ့ ဗိုလ်ကျတော့တာပဲဖြစ်ပါတယ်။ သူဘယ်လောက် ဗိုလ်ကျတတ်မလဲဆိုတာကိုတော့   ဖော်ပြထားတဲ့ဓာတ်ပုံတွေထဲမှာ ကြည့်ရင်ပိုသိသာပါတယ်။

Mitchell County Animal Rescue ဂေဟာရဲ့ ဒါရိုက်တာ Amber Lowery က Perdita ဟာ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်နာကျင်မှုရှိနေလို့ အဲ့လိုပုံစံဖြစ်နေတာထင်ပြီး ဂေဟာက အလုပ်သမားတွေကို ဆရာဝန်ဆီခေါ်သွားခိုင်းခဲ့ပါသေးတယ်။ ဆရာဝန်ဆီရောက်တဲ့အခါမှာတော့ ဆရာဝန်ရဲ့ပြောကြားချက်အရ “ဒါဟာ Pertida ရဲ့ မူလပုံစံပဲဖြစ်တယ်။” လို့ ကောက်ချက်ချခဲ့ပါတယ်။

Pertida ရဲ့ဗိုလ်ကျမှုကိုမခံစားနိုင်တော့တဲ့ ဂေဟာမှူးဟာ လူမှုကွန်ရက်ဖေ့ဘွတ်ပေါ်မှာ Perdita ရဲ့ပုံကိုတင်ပြီး “ကမ္ဘာ့အဆိုးရွားဆုံးကြောင်” လို့မှတ်ချက်ပေးထားတာကို ကြောင်ချစ်သူတွေက မကျေမနပ်ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကြောင်ဆိုးလေးတွေကိုချစ်ရတာကိုမှ ကြိုက်နှစ်သက်သူတွေ၊ ကြောင်ဆိုးလေးတွေကို သည်းခံနိုင်သူတွေအနေနဲ့ အမြန်ဆုံးဝယ်ယူထားသင့်တယ်လို့လည်း ဆိုထားပါသေးတယ်။

<Unicode Version>

 

 

ပိုင္ရွင္လိုအပ္ေနတဲ့ မ်က္ႏွာေခ်ေၾကာင္မေလး Perdita

အိမ္ေမြးတိရစာၦန္တစ္ေကာင္ကို မိမိအိမ္ထဲကိုေခၚလာၿပီဆိုတာနဲ႔ ဒီအိမ္ေမြးသတၱဝါေလးေတြဟာ ကိုယ့္ရဲ႕မိသားစုဝင္ျဖစ္လာပါေတာ့တယ္။ သူတို႔ေလးေတြနဲ႔သက္ဆိုင္တဲ့ က်န္းမာေရး၊ စားေသာက္ေနထိုင္ေရး စတဲ့ ကိစၥအဝဝကို အိမ္ရွင္ျဖစ္တဲ့ ကိုယ္ကပဲတာဝန္ယူရပါေတာ့တယ္။

အေမရိကန္ျပည္ေထာင္စုရဲ႕ ေျမာက္ကယ္႐ိုလိုင္းနားျပည္နယ္မွာရွိတဲ့ Mitchell County Animal Rescue လို႔အမည္ရတဲ့ တိရစာၦန္ကာကြယ္ေစာင့္ေရွာက္ေရးေဂဟာတစ္ခုမွာ Sullen ေၾကာင္အမ်ိဳးအစားျဖစ္တဲ့ အသက္ ၄ ႏွစ္အရြယ္ Perdita ေၾကာင္မေလးတစ္ေကာင္ရွိပါတယ္။

Meet Perdita, not for the faint of heart. LIKES: staring into your soul until you feel as if you may never be cheerful…

Posted by Mitchell County Animal Rescue, Inc-North Carolina on Wednesday, 22 January 2020

အျဖဴနဲ႔အနက္ေရာင္ စပ္ၾကားခႏၶာကိုယ္ပိုင္ရွင္ Perdita ေလးဟာ Mitchell County Animal Rescue ေဂဟာကို ခရစ္စမတ္အႀကိဳညမွာ ေရာက္ရွိလာၿပီး သိပ္မၾကာခင္မွာပဲ ေဂဟာတစ္ခုလံုးကို ပိုင္စိုးပိုင္နင္းနဲ႔ ဗိုလ္က်ေတာ့တာပဲျဖစ္ပါတယ္။ သူဘယ္ေလာက္ ဗိုလ္က်တတ္မလဲဆိုတာကိုေတာ့   ေဖာ္ျပထားတဲ့ဓာတ္ပံုေတြထဲမွာ ၾကည့္ရင္ပိုသိသာပါတယ္။

Mitchell County Animal Rescue ေဂဟာရဲ႕ ဒါ႐ိုက္တာ Amber Lowery က Perdita ဟာ စိတ္ပိုင္းဆိုင္ရာအရ ထိခိုက္နာက်င္မႈရွိေနလို႔ အဲ့လိုပံုစံျဖစ္ေနတာထင္ၿပီး ေဂဟာက အလုပ္သမားေတြကို ဆရာဝန္ဆီေခၚသြားခိုင္းခဲ့ပါေသးတယ္။ ဆရာဝန္ဆီေရာက္တဲ့အခါမွာေတာ့ ဆရာဝန္ရဲ႕ေျပာၾကားခ်က္အရ “ဒါဟာ Pertida ရဲ႕ မူလပံုစံပဲျဖစ္တယ္။” လို႔ ေကာက္ခ်က္ခ်ခဲ့ပါတယ္။

Pertida ရဲ႕ဗိုလ္က်မႈကိုမခံစားႏိုင္ေတာ့တဲ့ ေဂဟာမွဴးဟာ လူမႈကြန္ရက္ေဖ့ဘြတ္ေပၚမွာ Perdita ရဲ႕ပံုကိုတင္ၿပီး “ကမာၻ႔အဆိုးရြားဆံုးေၾကာင္” လို႔မွတ္ခ်က္ေပးထားတာကို ေၾကာင္ခ်စ္သူေတြက မေက်မနပ္ျဖစ္ခဲ့ရပါတယ္။ ဒါေပမယ့္လည္း ေၾကာင္ဆိုးေလးေတြကိုခ်စ္ရတာကိုမွ ႀကိဳက္ႏွစ္သက္သူေတြ၊ ေၾကာင္ဆိုးေလးေတြကို သည္းခံႏိုင္သူေတြအေနနဲ႔ အျမန္ဆံုးဝယ္ယူထားသင့္တယ္လို႔လည္း ဆိုထားပါေသးတယ္။

<Zawgyi Version>

Source ~ Ladbible

#SY(Soshwe)

SoshweAnimal

#SoshweForYourDailyLife

#Like&Share

 

 

 

About So Shwe

Check Also

စပါးအုံမြွေကြီးတွေနဲ့ အတူတူနေထိုင်တဲ့ (၆) နှစ်အရွယ် ကလေးငယ်လေး။

အင်ဒိုနီးရှားနိုင်ငံရှိ Dylan Maharani လို့ခေါ်တဲ့ (၆) နှစ်အရွယ်သမီးငယ်လေးဟာ စပါးအုံမြွေကြီးတွေနဲ့ အခြားအန္တရာယ်များတဲ့ တွားသွားသတ္တဝါတွေနဲ့ အတူနေထိုင်တဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ ဆိုရှယ်မီဒီယာစာမျက်နှာတွေပေါ်မှာ ပြန့်နှံ့လာခဲ့ပါတယ်။ ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိတဲ့ ကလေးငယ်လေးဟာ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro