Breaking News
ရေခဲနေတဲ့ အန္တာတိတ်ပင်လယ်ပြင်ကြီးအောက်မှာ ၈ မိနစ်ခန့်ရေကူးနိုင်ခဲ့တဲ့ အံ့ဖွယ်လူသား။
ကမ္ဘာကြီးကလည်း နေ့စဉ်နဲ့အမျှ အံ့ဖွယ်ရာတွေနဲ့ ပြည့်နှက်နေပါတယ်။ အံ့ဖွယ်ကမ္ဘာကြီးထဲမှာလည်း အံ့ဖွယ်လူသားတွေ ရှင်သန်နေထိုင်နေပြီး ကမ္ဘာလောကကြီးကို ပိုမိုအံ့သြဖွယ်ကောင်းအောင် လုပ်နေကြပြန်ပါတယ်။ ပုံမှန်အားဖြင့် လူအများစုဟာ အလွန်အေးခဲတဲ့ ရာသီဥတုမျိုးမှာဆိုရင် သုံးရက် (သို့) လေးရက်လောက်နေမှ ရေချိုးလေ့ရှိပြီး ရေမချိုးထားတဲ့နေ့တွေမှာဆိုရင်လည်း အပြင်သွားစရာကိစ္စတွေပေါ်ပေါက်လာပါက ရေမွှေးလေးဖြန်း ၊ အမွှေးဆီလေးတွေလိမ်းပြီး အပြင်ထွက်လေ့ရှိပါတယ်။ တစ်နေ့တစ်ခေါက်ရေမကူးရရင် မနေနိုင်သူတွေတောင်မှ အေးစက်နေတဲ့ ရာသီဥတုမျိုးမှာ ရေကူးမယ်လို့ မထင်ပါဘူးနော်။
ဒါပေမဲ့ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ Lewis Pugh ဆိုသူဟာ  ဆောင်းတွင်းလေရဲ့ ထိပါးတိုက်ခတ်မှုကြောင့်  အေးခဲနေတဲ့ရေကန်ထဲမှာ ရေကူးတာမဟုတ်ဘဲ ရေခဲတွေနဲ့ပြည့်နှက်နေတဲ့ အန္တတိတ်ရေခဲပြင်ကြီးမှာ  နှစ်ပေါင်း ၃၃ နှစ်ခန့် ရေကူးဝတ်စုံဝတ်ပြီး ရေကူးလေ့ကျင့်ခဲ့တာပဲဖြစ်ပါတယ်။
ဒီလောက်အေးခဲနေတဲ့ ရေခဲပြင်ထဲမှာမှ ရေကူးချင်ရတဲ့ Lewis Pugh မှာ အများနဲ့မတူ ထူးခြားတဲ့ခံယူချက် (သို့) ရည်မှန်းချက်တစ်ခုခုတော့ ရှိနိုင်တယ်လို့ မထင်ဘူးလား ? အမှန်တော့ Lewis ဟာ ကမ္ဘာ့ပထမဦးဆုံးသော ရေခဲပြင်မှာ ရေကူးနိုင်တဲ့ ရေကူးချန်ပီယံတစ်ဦးဖြစ်လာဖို့ဟာ သူ့ဘဝရဲ့ အကြီးမားဆုံးသော ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ Lewis ဟာ ရေကူးတဲ့အခါမှာလည်း ဝေးလံခေါင်သီပြီး ရေခဲတွေနဲ့ပြည့်နှက်နေတဲ့ ပင်လယ်သမုဒ္ဒရာထဲမှာပဲ ရေကူးခြင်းဖြစ်ပါတယ်။
နှစ်ပေါင်း ၃၃ နှစ်အကြာ ရေခဲပြင်မှာ ရေကူးလေ့ကျင့်ခဲ့တဲ့ Lewis တစ်ယောက် မကြာသေးခင်တုန််းက ရေခဲနေတဲ့ ရေခဲပြင်ကြီးအောက်မှာ ၈ မိနစ်နီးပါး ပျော်ရွှင်စွာရေကူးနေတဲ့ သူ့ရဲ့ရေကူးနိုင်စွမ်းကို တစ်ကမ္ဘာလုံးကို ကြွားလုံးထုတ်ခဲ့ပါတယ်။ ၈ မိနစ်ဆိုတော့ စက္ကန့်ပေါင်း ၄၈၀ ဖြစ်ကာ Lewis ရဲ့ ခံနိုင်ရည်အားကိုတော့ ကြည့်ရှုသူတွေက အံ့သြမဆုံးဖြစ်ခဲ့ရပါတယ်။
Lewis က “ဘယ်နေရာကိုကြည့်ကြည့် ပျော်နေတဲ့ရေခဲတွေကိုပဲမြင်ရမှာဖြစ်ပြီး ဒါထက်ပိုပြီးသဘောကျဖို့ကောင်းတာကတော့ ပင်လယ်သမုဒ္ဒရာကြီးရဲ့ တည်ငြိမ်အေးချမ်းနေမှုကြီးပါ။” လို့ ပြောပြခဲ့ပါတယ်။
Lewis ဟာ အဆိုုုပါ ရေခဲပြင်ကြီးမှာ ရေကူးတာကို အပျော်သဘောမျိုးလုပ်တာမဟုတ်ဘဲ ရာသီဥတုရဲ့ ဖောက်ပြန်ပြောင်းလဲမှုကို လူတွေကို သတိပေးချင်လို့ ပြုလုပ်ရခြင်းဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။
<Unicode Version>
Lewis ဟာ အဆိုပါ ရေခဲပြင်ကြီးမှာ ရေကူးတာကို အပျော်သဘောမျိုးလုပ်တာမဟုတ်ဘဲ ရာသီဥတုရဲ့ ဖောက်ပြန်ပြောင်းလဲမှုကို လူတွေကို သတိပေးချင်လို့ ပြုလုပ်ရခြင်းဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။
<Zawgyi Version>
#Soshwelifestyle
#SoshweForYourDailyLife
#Like&Share
About So Shwe
Check Also
အဝတ်အစားတွေနဲ့ပတ်သက်ပြီး ကျားမခွဲခြားမှုမရှိကြောင်း (၄) နှစ်တိုင်တိုင် သက်သေပြခဲ့သည့် အမျိုးသား။
ဒီနေ့ဒီအချိန်အထိ ကျားမခွဲခြားမှုပြုလုပ်နေတာက သင့်ကိုစမတ်ကျတဲ့သူတစ်ယောက်ဖြစ်စေမှာမဟုတ်ပါဘူး။ အမျိုးသမီးတွေက အမျိုးသားတွေနဲ့အပြိုင် ရင်ဘောင်တန်းလာတဲ့အချိန်မှာ ယောက်ျားလေးမို့လို့၊ မိန်းကလေးမို့လို့ဆိုပြီး ခွဲခြားခွဲခြားလုပ်နေတာတွေကို တိုက်ဖျက်ဖို့ တစ်ကမ္ဘာလုံးက ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒီလိုအချိန်မှာ ဂျာမနီနိုင်ငံက ကလေး …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro