တူရကီနိုင်ငံ ဥပဒေဆိုင်ရာအာဏာပိုင်တွေက အမျိုးသမီးငယ်လေးတွေကို မုဒိမ်းကျင့်ခဲ့တဲ့ ရာဇဝတ်သားတွေအနေနဲ့ ၄င်းတို့ကျခံရမယ့် ပြစ်ဒဏ်ကနေ လွတ်မြောက်ခွင့်လိုချင်တယ်ဆိုရင် ၄င်းတို့မုဒိမ်းကျင့်လိုက်တဲ့အမျိုးသမီးကို လက်ထပ်ထိမ်းမြားရမယ်ဆိုတဲ့ ဥပဒေ တရားဝင် ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ မုဒိမ်းကျင့်ခံရတဲ့အမျိုးသမီးတစ်ဦးဟာ သူမဘဝကိုဖျက်ဆီးပစ်ခဲ့တဲ့ ရာဇဝတ်ကောင်ကို လက်ထပ်ထိမ်းမြားဖို့ဆိုရင် ထိုအမျိုးသမီးဟာ သွက်သွက်ခါအောင် ရူးသွားနိုင်လောက်ပါတယ်။
လိင်းပိုင်းဆိုင်ရာအရ စော်ကားခံရတဲ့သူတစ်ယောက်ဟာ ဘယ်အရာနဲ့မှ တိုင်းတာလို့မရတဲ့ လူစိမ်းတွေအပေါ် ကြောက်ရွံ့မှု၊ မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့မှု အစရှိတဲ့ သွေးမထွက်တဲ့ စိတ်ဒဏ်ရာတွေကို ခံစားရတဲ့ စိတ်ဝေဒနာရှင်တွေ ဖြစ်လာတတ်ပါတယ်။ စော်ကားခံရမှုအတွက် ကိုယ့်ဘက်ကနေရပ်တည်ပေးပြီး တရားမျှတမှုရယူပေးမယ်လို့ ယူဆထားတဲ့ ဥပဒေအာဏာပိုင်တွေရဲ့ အဓိပ္ပါယ်မရှိတဲ့ ဥပဒေကို ထုတ်ပြန်လိုက်မှုကြောင့် တစ်ကမ္ဘာလုံး ဂယက်ရိုက်သွားခဲ့ပါတယ်။
ဒီဥပဒေဟာ သနားစရာကောင်းတဲ့ စော်ကားခံရတဲ့သူတွေဘက်ကနေ မရပ်တည်ပေးဘဲ ရာဇဝတ်မှုကျူးလွန်တဲ့ မုဒိမ်းကောင်တွေဘက်က ရပ်တည်ပေးထားတဲ့ ဥပဒေပဲ ဖြစ်ပါတယ်။ ဥပဒေပြဋ္ဌာန်းသူတွေဟာလည်း ဒီဥပဒေကို မကြာမီအချိန်အတွင်း လူထုကြီးကိုကြေငြာပေးဖို့ စီစဉ်နေတယ်လို့ အတွင်းလူတစ်ယောက်က ဆိုလာပါတယ်။ တူရကီနိုင်ငံက အမျိုးသမီးများ တန်းတူအခွင့်အရေးရရှိရေးဆိုင်ရာ ကြိုးပမ်းပေးသူ အဖွဲ့အစည်းကတော့ ဒီဥပဒေကို ဆန့်ကျင်ဖို့ အသည်းအသန် ကြိုးစားနေကြတာပဲဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ ယောကျာ်းတွေ၊ ချစ်သူရည်းစားတွေရဲ့ ရိုက်ပုတ်နှိပ်စက်ခံရ၊ တချို့ဆို အသက်ပါပေးခဲ့ရတဲ့ တူရကီအမျိုးသမီးတွေအတွက် တူရကီနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့က “Femicide” ဆိုတဲ့ ဝေါဟာရအသစ်ကို တီထွင်လိုက်ပြီး တူရကီနိုင်ငံကအမျိုးသမီးတွေဟာ ဘယ်လိုမျိုးခွဲခြားဆက်ဆံခံရပြီး နှိပ်စက်ခံနေရကြောင်းကို ကမ္ဘာကို အသိပေးလိုက်တာပဲဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်တုန်းက Istanbul မှာကျင်းပတဲ့ ထိပ်သီးညီလာခံပွဲမှာ တူရကီနိုင်ငံသမ္မတ Recep Tayyip Erdogan ဟာ “အမျိုးသမီးတွေဟာ အမျိုးသားများနည်းတူ အခွင့်အရေးတွေကို ခံစားခွင့်ရခြင်းဟာ သဘာဝတရားကို လွန်ဆန်တာပဲဖြစ်တယ်။” လို့ ဆင်ခြင်ဉာဏ်ကင်းမဲ့စွာ ပြောဆိုခဲ့ဖူးပါတယ်။
အဆိုပါဥပဒေနဲ့ဆက်နွယ်နေတဲ့ ဥပဒေတွေကို အရှေ့အလယ်ပိုင်းဒေသနဲ့ မြောက်အာဖရိက ဥပဒေပိုင်းဆိုင်ရာ အာဏာပိုင်တွေဟာလည်း စတင်ကျင့်သုံးနေတာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက အီဂျစ်နိုင်ငံ၊ ဂျော်ဒန်နိုင်ငံ၊ လဘနွန်၊ မော်ရိုကို၊ တူနီးရှားနဲ့ ပါလက်စတိုင်းတို့မှာရှိတဲ့ အမျိုးသမီးများဆိုင်ရာအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး တိုက်ပွဲဝင်ပေးခဲ့တဲ့ ထူးချွန်အမျိုးသမီးထုကြီးကို ကျေးဇူးတင်ရမယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။
<Unicode Version>
အံ့အားသင့်ဖွယ် ဥပဒေထုတ်ပြန်မှုကြောင့် ဂယက်ရိုက်ခဲ့ရတဲ့ တူရကီနိုင်ငံ။
<Zawgyi Version>
#SoshweNews
#SoshweForYourDailyLife
#Like&Share