သြစတလေးလျနိုင်ငံ Queenland မြို့က အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကလေးနှစ်ယောက်မိခင် Renne Claire Hargreaves ဆိုသူဟာ အရက်သေစာသောက်သုံးခြင်းနဲ ့ အကိုက်အခဲပျောက်ဆေး အလွန်အကျွံသုံးစွဲခြင်းကို အချိန်အတော်ကြာ လျှို့ဝှက်သုံးစွဲပေမယ့် ဒုတိယမြောက်ရင်သွေးလေးကို မွေးဖွှားပြီးချိန်မှာတော့ ရပ်တန့်လိုက်ပါတော့တယ်။ ဒါကြောင့်လည်း Renne တစ်ယောက် ကျန်းမာရေးဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ ပြောင်းလဲလာပါတော့တယ်။
နှစ်ပေါင်းအတော်ကြာ သုံးစွဲခဲ့တဲ့ အရက်သေစာတွေနဲ့ အကိုက်အခဲပျောက်ဆေးတွေဟာ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်ပျက်စီးစေတယ်ဆိုတာကို ကျွန်မတို့အားလုံးသိပြီးသားပဲဖြစ်ပါတယ်။ ဒီလိုမျိုးဆိုးရွားတဲ့ အသံတိတ်လူသတ်လက်နက်ကြီးကို အချိန်အတော်ကြာ သုံးစွဲလာတဲ့အခါမှာ Renne ဟာ သူ့ရဲ့လုပ်ရပ်တွေ မှားနေမှန်းလည်းသိတဲ့အပြင် သူ့ကိုယ်သူယုံကြည်မှုပါလျော့ကျလာခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ ဆုံးဖြတ်ချက်အခိုင်အမာချပြီး အဆိုပါစွဲလန်းမှုကြီးကို ရပ်တန့်ပစ်ခဲ့တာဖြစ်ပါတယ်။
Renne ရဲ့လုပ်ဖော်ကိုင်ဖက်တွေက “Renne ဟာ ပျော်ပျော်နေတတ်ပြီး သွက်လက်ထက်မြက်တဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်” လို့ဆိုကြပါတယ်။ အရက်သေစာနဲ့ အကိုက်ခဲပျောက်ဆေးတွေကို စွဲလမ်းမှုကြောင့် သူမဟာ ဒေါ်လာ၂ဝဝဝဝကျော် အကြွေးတင်ခဲ့ပါတယ်။ Renne ကတော့ “လူတွေက ကျွန်မကို အဆင်ပြေနေပြီလို့ပဲ ထင်ထားတာပေါ့နော်။ ညနေ ၅ နာရီ ရောက်ပြီဆိုတာနဲ့ ဆေးလိပ်တွေတောက်လျှောက်သောက်တယ်။ ပြီးတာနဲ့ ‘Panadeine Forte’ လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေ စသောက်တော့တာပဲ။”
Renne ဟာ အသက် ၂၄ နှစ်အရွယ်ကတည်းက ဆိုးရွားတဲ့အလုပ်တွေကို လူမမြင်ကွယ်ရာမှာ လုပ်နေခဲ့တာကြောင့် သူမရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေအနေနဲ့ သတိမထားမိခဲ့ပါဘူး။ မိခင်တစ်ယောက်ဖြစ်လာတဲ့ Renne ဟာ စိတ်ရဲ့ဆန္ဒကိုလိုက်ပြီး ဖြစ်ချင်တိုင်းဖြစ်၊ လုပ်ချင်တိုင်းလုပ်ပြီး ကိုယ့်ကိုယ်ကို ဖျက်ဆီးနေတဲ့လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့အတွက် ကျွမ်းကျင်တဲ့ဆေးပညာရှင်နဲ့ သွားရောက်တွေ့ဆုံခဲ့ပြီးနောက်မှာတော့ သူ့ရဲ့စွဲလမ်းစိတ်ကို ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ စိုပြေဝင်းပတဲ့အသားအရေ၊ ကျန်းမာလှပတဲ့ခန္ဓာကိုယ်ကို ပြန်လည်ပိုင်ဆိုင်လာပြီပဲဖြစ်ပါတယ်။ ထပ်ပြီးတော့လည်း Renne ဟာ သူ့လိုမျိုး ကျန်းမာရေးအတွက် မကောင်းတဲ့ စွဲလမ်းမှုတွေကြောင် ့ စိတ်ပင်ပန်းနေရတဲ့သူတွေကိုလည်း ကြိုးစားပြီးဖျက်ပစ်ဖို့ အားပေးတိုက်တွန်းထားပါသေးတယ်။
<Unicode Version>
မထင္မွတ္ထားေလာက္ေအာင္ အ့ံအားသင့္ဖြယ္ေျပာင္းလဲလာတ့ဲ မိခင္တစ္ဦး။
ၾသစတေလးလ်ႏိုင္ငံ Queenland ၿမိဳ႕က အသက္ ၃၂ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ကေလးႏွစ္ေယာက္မိခင္ Renne Claire Hargreaves ဆိုသူဟာ အရက္ေသစာေသာက္သံုးျခင္းနဲ ႔ အကိုက္အခဲေပ်ာက္ေဆး အလြန္အကၽြံသံုးစြဲျခင္းကို အခ်ိန္အေတာ္ၾကာ လွ်ိဳ႕ဝွက္သံုးစြဲေပမယ့္ ဒုတိယေျမာက္ရင္ေသြးေလးကို ေမြးဖႊားၿပီးခ်ိန္မွာေတာ့ ရပ္တန္႔လိုက္ပါေတာ့တယ္။ ဒါေၾကာင့္လည္း Renne တစ္ေယာက္ က်န္းမာေရးဆိုင္ရာေရာ၊ ႐ုပ္ပိုင္းဆိုင္ရာအရပါ ေျပာင္းလဲလာပါေတာ့တယ္။
ႏွစ္ေပါင္းအေတာ္ၾကာ သံုးစြဲခဲ့တဲ့ အရက္ေသစာေတြနဲ႔ အကိုက္အခဲေပ်ာက္ေဆးေတြဟာ လူတစ္ေယာက္ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာသာမက စိတ္ပိုင္းဆိုင္ရာကိုပါ ထိခိုက္ပ်က္စီးေစတယ္ဆိုတာကို ကၽြန္မတို႔အားလံုးသိၿပီးသားပဲျဖစ္ပါတယ္။ ဒီလိုမ်ိဳးဆိုးရြားတဲ့ အသံတိတ္လူသတ္လက္နက္ႀကီးကို အခ်ိန္အေတာ္ၾကာ သံုးစြဲလာတဲ့အခါမွာ Renne ဟာ သူ႔ရဲ႕လုပ္ရပ္ေတြ မွားေနမွန္းလည္းသိတဲ့အျပင္ သူ႔ကိုယ္သူယံုၾကည္မႈပါေလ်ာ့က်လာခဲ့တာပဲျဖစ္ပါတယ္။ ဒီလိုနဲ႔ပဲ ေနာက္ဆံုးမွာေတာ့ ဆံုးျဖတ္ခ်က္အခိုင္အမာခ်ၿပီး အဆိုပါစြဲလန္းမႈႀကီးကို ရပ္တန္႔ပစ္ခဲ့တာျဖစ္ပါတယ္။
Renne ရဲ႕လုပ္ေဖာ္ကုိင္ဖက္ေတြက “Renne ဟာ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး သြက္လက္ထက္ျမက္တဲ့ အမ်ိဳးသမီးတစ္ဦးျဖစ္တယ္” လို႔ဆိုၾကပါတယ္။ အရက္ေသစာနဲ႔ အကိုက္ခဲေပ်ာက္ေဆးေတြကို စြဲလမ္းမႈေၾကာင့္ သူမဟာ ေဒၚလာ၂၀၀၀၀ေက်ာ္ အေႂကြးတင္ခ့ဲပါတယ္။ Renne ကေတာ့ “လူေတြက ကၽြန္မကို အဆင္ေျပေနၿပီလို႔ပဲ ထင္ထားတာေပါ့ေနာ္။ ညေန ၅ နာရီ ေရာက္ၿပီဆိုတာနဲ႔ ေဆးလိပ္ေတြေတာက္ေလွ်ာက္ေသာက္တယ္။ ၿပီးတာနဲ႔ ‘Panadeine Forte’ လို႔ေခၚတဲ့ အကိုက္အခဲေပ်ာက္ေဆးေတြ စေသာက္ေတာ့တာပဲ။”
Renne ဟာ အသက္ ၂၄ ႏွစ္အရြယ္ကတည္းက ဆိုးရြားတဲ့အလုပ္ေတြကို လူမျမင္ကြယ္ရာမွာ လုပ္ေနခဲ့တာေၾကာင့္ သူမရဲ႕ သူငယ္ခ်င္းေတြ၊ မိသားစုေတြအေနနဲ႕ သတိမထားမိခဲ့ပါဘူး။ မိခင္တစ္ေယာက္ျဖစ္လာတဲ့ Renne ဟာ စိတ္ရဲ႕ဆႏၵကိုလိုက္ၿပီး ျဖစ္ခ်င္တိုင္းျဖစ္၊ လုပ္ခ်င္တိုင္းလုပ္ၿပီး ကိုယ့္ကိုယ္ကို ဖ်က္ဆီးေနတဲ့လုပ္ရပ္ေတြကို ရပ္တန္းကရပ္ဖို႔အတြက္ ကၽြမ္းက်င္တဲ့ေဆးပညာရွင္နဲ႔ သြားေရာက္ေတြ႔ဆံုခဲ့ၿပီးေနာက္မွာေတာ့ သူ႔ရဲ႕စြဲလမ္းစိတ္ကို ထိန္းခ်ဳပ္လာႏိုင္ခဲ့ပါတယ္။
အဲ့ဒီေနာက္ပိုင္းမွာေတာ့ စိုေျပဝင္းပတဲ့အသားအေရ၊ က်န္းမာလွပတဲ့ခႏၶာကိုယ္ကို ျပန္လည္ပိုင္ဆုိင္လာၿပီပဲျဖစ္ပါတယ္။ ထပ္ၿပီးေတာ့လည္း Renne ဟာ သူ႔လိုမ်ိဳး က်န္းမာေရးအတြက္ မေကာင္းတဲ့ စြဲလမ္းမႈေတြေၾကာင္ ့ စိတ္ပင္ပန္းေနရတဲ့သူေတြကိုလည္း ႀကိဳးစားၿပီးဖ်က္ပစ္ဖို႔ အားေပးတိုက္တြန္းထားပါေသးတယ္။
<Zawgyi Version>
Source ~ Mirror News
#SY(Soshwe)
#SoshweLifeStyle
#SoshweForYourDailyLife
#Like&Share