HomeEntertainmentအမေရိကန်နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခတွေနဲ့ပက်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ Dwayne Johnson
အမေရိကန်နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခတွေနဲ့ပက်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ Dwayne Johnson
- Advertisement -
အမေရိကန်ပြည်ထောင်စုမှ ရဲအချို့ဟာ ပြစ်မှုကြီးကြီးမားမား ကျူးလွန်ခဲ့ခြင်းမရှိတဲ့ လူမည်းအမျိုးသား George Floyd ကို အင်အားသုံးပြီး မတရားစွာ သတ်ဖြတ်ခဲ့တာကြောင့် အမေရိကန်နိုင်ငံကသားတွေဟာ လူမည်းအမျိုးသား George Floyd သေဆုံးမှုအတွက် တာဝန်ရှိတဲ့ ရဲအရာရှိတွေကို ထိုက်တန်တဲ့ပြစ်ဒဏ်  ပေးအပ်ဖို့အတွက် ဆန္ဒပြခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု သမ္မတကြီး Donald Trump ဟာ သူကိုုယ်တိုင်ကလည်း “လူမည်းတွေကို သဘောမကျကြောင်းနဲ့ အပြစ်လုပ်ထားရင်တော့ အသတ်ခံရမှာပဲ” လို့ ပြောဆိုခဲ့တာကြောင့် အမေရိကန်နိုင်ငံသားတွေရဲ့ ဆန္ဒပြမှုဟာ တစ်နေ့ထက်တစ်နေ့ဆိုးရွားလာခဲ့ပါတယ်။ သမ္မတကြီးရဲ့ လက်လွတ်စပယ်ပြောဆိုမှုကြောင့် သမ္မတကြီးကို ထောက်ခံသူပမာဏဟာလည်း လျော့ကျသွားပါပြီ။ ဆန္ဒပြသူတွေက “Black Lives Matter” – “လူမည်းတွေရဲ့အသက်ဟာလည်း တန်ဖိုးရှိတယ်။” ဆိုတဲ့  ဆောင်ပုဒ်ကို အသုံးပြုနေကြတာပဲ ဖြစ်ပါတယ်။
သာမန်လူတွေအပြင် စီးပွားရေးလောက ၊ နိုင်ငံရေးလောကနဲ့ အနုပညာလောကမှ နာမည်ကြီးတွေဟာလည်း အဆိုပါဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။ အသက်၄၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟောလီဝုဒ်မင်းသားကြီး Dwayne Johnson ဟာ George Floyd အသတ်ခံရမှုနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကောင်းဟာ ဘယ်များရောက်နေသလဲ?” ဆိုတာကို ထပ်ခါထပ်ခါ  မေးခွန်းထုတ်ထားတဲ့  ၈ မိနစ်စာ ဗီဒီယိုတစ်ခုကို သူ့ရဲ့ Twitter အကောင့်မှာ တင်ခဲ့တာပဲဖြစ်ပါတယ်။
- Advertisement -
- Advertisement -
Dwayne Johnson က “ခင်ဗျားဘယ်မှာလဲ? ကျွန်တော်တို့ရဲ့ ခေါင်းဆောင်က ဘယ်မှာလဲဗျာ။ အမေရိကန်ပြည်ထောင်စုက စိတ်နှလုံးတွေ နာကျဉ်နေတဲ့ ၊ ဒေါသထွက်ပြီး စိတ်ပျက်နေတဲ့ နိုင်ငံသားတွေဟာ တရားမျှတမှုကို ပေးစွမ်းနိုင်တဲ့ စစ်မှန်တဲ့ခေါင်းဆောင်ကောင်းကို ဒူးထောက်ပြီး တောင်းဆိုနေကြတယ်။ တရားမျှတမှုကို ရရှိဖို့အတွက် ဒူးထောက်တောင်းပန်နေတဲ့ နိုင်ငံသားတွေကို ကူညီကယ်ဆယ်ပေးမယ့် မေတ္တာကရုဏာကြီးမားတဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကောင်းက ဘယ်မှာလဲဗျာ။ လူမည်းတွေရဲ့အသက်ကို တန်ဖိုးထားပြီး လူမည်းတွေကိုကာကွယ်ပေးမယ့် ခေါင်းဆောင်ကောင်းက ဘယ်များရောက်နေသလဲ။” လို့  မေးခွန်းထုတ်ပြီး လူမည်းတွေရဲ့အသက်ဟာလည်း တန်ဖိုးရှိကြောင်းကို ပြောဆိုခဲ့ပါတယ်။ Dwayne Johnson ဟာ လူမည်းသူငယ်ချင်းတွေ ဒုက္ခကြုံတွေ့ရတဲ့အခါမျိုးမှာ အရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ကာကွယ်ပေးသွားမယ့် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ပါတယ်။
Dwayne က အမေရိကန်ပြည်ထောင်စုသမ္မတဟောင်း Barack Obama ဟာလည်း George Floyd အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံးက နိုင်ငံသားအားလုံးနဲ့အတူ စိတ်မကောင်းဖြစ်ရကြောင်း  ပြောဆိုခဲ့တာကို အဆိုပါဗီဒီယိုထဲမှာ ထုတ်ဖော်ပြောပြခဲ့ပါတယ်။ Dwayne က ဆက်လက်ပြီးတော့ “ကျွန်တော်တို့အားလုံး တရားမျှတမှုအတွက် အတူတကွ ကြိုးစားခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းမှာ  ပြောင်းလဲမှုတွေကို တွေ့နေရပါပြီ။ ကောင်းမွန်ပြည့်စုံတဲ့ အပြောင်းအလဲကို ကြုံတွေ့ရဖို့တော့ အချိန်လိုပါသေးတယ်။” လို့ အားပေးစကားဆိုထားပါတယ်။
မေ ၂၅ ရက်နေ့က George Floyd ကို မတရားစွာသတ်ဖြတ်ခဲ့တဲ့ ရဲအရာရှိသုံးယောက်ကိုလည်း နိုင်ငံတော်တရားခုံက လူသတ်မှုကျူးလွန်တဲ့ပုဒ်မနဲ့ တရားစွဲဆိုထားပြီးဖြစ်ပါတယ်။ George Floyd ရဲ့ မိသားစုဝင်တွေကလည်း George Floyd ရဲ့ ဈာပနာအခမ်းအနားကို မကျင်းပခင်မှာပဲ ထိရောက်တဲ့ အရေးယူမှုတွေကို ပြုလုပ်ပေးခဲ့တဲ့ တရားဥပဒေအရတာဝန်ရှိသူတွေနဲ့ တရားမျှတမှုအတွက် ဆန္ဒပြပေးခဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ဆိုခဲ့ပါတယ်။
<Unicode Version>
- Advertisement -
<Zawgyi Version>
Source ~ PEOPLE
#SY(Soshwe)
#soshweentertainment
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
5 × 3 =
Must Read
အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။
ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...