Breaking News

အိမ်မွေးခွေးလေးများနှင့်ပက်သက်ပြီး လေ့လာတွေ့ရှိမှုအသစ်များ။

အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ခွေးလေးတွေဟာ ကြောင်လေးတွေထက် သခင်အပေါ် ပိုပြီးသိတတ်ကြကာ ပိုပြီးချစ်ခင်တွယ်တာတတ်တယ်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းလို့မရပါဘူးနော်။ ဒါကြောင့် လူအများက ခွေးလေးတွေကို အတောင်ပံမပါပေမယ့် သခင်အပေါ် ထိန်းသိမ်းကာကွယ်သူ နတ်ဘုရားလေးတွေလို့ တင်စားခေါ်ဝေါ်ကြတာပဲ ဖြစ်ပါတယ်။

Arizona ပြည်နယ်တက္ကသိုလ်မှ သုတေသနပညာရှင်နှစ်ဦးဖြစ်တဲ့ Joshua Van Bourg နဲ့ Clive Wynne တို့ဟာ ၄င်းတို့နှစ်ဦး လေ့လာတွေ့ရှိထားတဲ့ “ဒုက္ခရောက်နေတဲ့သခင်ကို ခွေးလေးတွေက ကူညီကယ်ဆယ်လိုခြင်း” နဲ့ပတ်သက်ပြီး အချက်အလက်တွေစုစည်းကာ PLUS ONE သတင်းဂျာနယ်မှာ မျှဝေဖော်ပြခဲ့ပါတယ်။

Joshua Van Bourg နဲ့ Clive Wynne တို့ဟာ ခွေးတွေရဲ့ကူညီကယ်ဆယ်လိုတတ်တဲ့ စိတ်ထားအကြောင်းကို သုတေသနပြုလုပ်ဖို့အတွက် ခွေးအကောင် ၆၀ နဲ့ ၄င်းတို့ရဲ့သခင်တွေကို အကူအညီတောင်းပြီး လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။ ခွေးလေးတွေဟာ သူတို့သခင်ဒုက္ခရောက်နေတဲ့အခါ ဘယ်လိုကယ်ဆယ်ကြမလဲဆိုတာကို သိချင်တာကြောင့် သခင်တွေကို ဒုက္ခရောက်နေသဖွယ် သရုပ်ဆောင်ခိုင်းခဲ့ပါတယ်။ ဒုက္ခရောက်နေတဲ့သခင်တွေက ခွေးလေးတွေရဲ့အကူအညီကို အော်ဟစ်တောင်းဆိုနေတဲ့အခါမှာ သူတို့ခွေးလေးတွေရဲ့နာမည်ကို မခေါ်ခိုင်းခဲ့ပါဘူး။

သုတေသနပညာရှင်တွေရဲ့ ပြောကြားချက်အရ ခွေးအကောင် ၆၀ ထဲမှာ အကောင်၂၀ လောက်က ဒုက္ခရောက်နေတဲ့ သခင်ကိုကူညီကယ်ဆယ်ဖို့ ကြိုးစားခဲ့ကြပြီး ကျန်တဲ့အကောင် ၄၀ ကတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ ယောက်ယက်ခက်နေခဲ့တယ်လို့ သိရပါတယ်။

သုတေသနပညာရှင် Joshua က “ခွေးတစ်ကောင်က ဒုက္ခရောက်နေတဲ့လူကို ကယ်ဆယ်တတ်ခြင်းထက် ခွေးတွေက ဘာကြောင့် ဒုက္ခရောက်နေတဲ့သူကို ကယ်ဆယ်ချင်ရသလဲဆိုတာကို လေ့လာဖို့က ပိုပြီးခက်ခဲပါတယ်။ လေ့လာတွေ့ရှိချက်အရပြောရမယ်ဆိုရင် ခွေးလေးတွေအားလုံးက သူတို့ရဲ့သခင်တွေကို ကယ်ဆယ်ပေးလိုကြပေမယ့် ဘယ်လိုမျိုးကယ်ဆယ်ရမလဲဆိုတာကို မသိကြတာမို့ ကိုယ့်ရဲ့ခွေးလေးတွေကို ကိုယ်ဒုက္ခရောက်နေတဲ့အချိန်မှာ ကယ်ဆယ်ပေးလိုတယ်ဆိုရင် ခွေးလေးတွေကို ဘယ်လိုကယ်ဆယ်ရမလဲဆိုတာကို သင်ထားပေးဖို့လိုတယ်။” လို့ ဆိုထားပါတယ်။

<Unicode Version>

 

 

အိမ္ေမြးေခြးေလးမ်ားႏွင့္ပက္သက္ၿပီး ေလ့လာေတြ႕ရွိမႈအသစ္မ်ား။

အိမ္ေမြးတိရစာၦန္ေတြထဲမွာ ေခြးေလးေတြဟာ ေၾကာင္ေလးေတြထက္ သခင္အေပၚ ပိုၿပီးသိတတ္ၾကကာ ပိုၿပီးခ်စ္ခင္တြယ္တာတတ္တယ္ဆိုတာကိုေတာ့ ဘယ္သူမွ ျငင္းလို႔မရပါဘူးေနာ္။ ဒါေၾကာင့္ လူအမ်ားက ေခြးေလးေတြကို အေတာင္ပံမပါေပမယ့္ သခင္အေပၚ ထိန္းသိမ္းကာကြယ္သူ နတ္ဘုရားေလးေတြလို႔ တင္စားေခၚေဝၚၾကတာပဲ ျဖစ္ပါတယ္။

Arizona ျပည္နယ္တကၠသိုလ္မွ သုေတသနပညာရွင္ႏွစ္ဦးျဖစ္တဲ့ Joshua Van Bourg နဲ႔ Clive Wynne တို႔ဟာ ၄င္းတို႔ႏွစ္ဦး ေလ့လာေတြ႕ရွိထားတဲ့ “ဒုကၡေရာက္ေနတဲ့သခင္ကို ေခြးေလးေတြက ကူညီကယ္ဆယ္လိုျခင္း” နဲ႔ပတ္သက္ၿပီး အခ်က္အလက္ေတြစုစည္းကာ PLUS ONE သတင္းဂ်ာနယ္မွာ မွ်ေဝေဖာ္ျပခဲ့ပါတယ္။

Joshua Van Bourg နဲ႔ Clive Wynne တို႔ဟာ ေခြးေတြရဲ႕ကူညီကယ္ဆယ္လိုတတ္တဲ့ စိတ္ထားအေၾကာင္းကို  သုေတသနျပဳလုပ္ဖို႔အတြက္ ေခြးအေကာင္ ၆၀ နဲ႔ ၄င္းတို႔ရဲ႕သခင္ေတြကို အကူအညီေတာင္းၿပီး ေလ့လာမႈ ျပဳလုပ္ခ့ဲပါတယ္။  ေခြးေလးေတြဟာ သူတို႔သခင္ဒုကၡေရာက္ေနတဲ့အခါ ဘယ္လိုကယ္ဆယ္ၾကမလဲဆိုတာကို သိခ်င္တာေၾကာင့္  သခင္ေတြကို ဒုကၡေရာက္ေနသဖြယ္ သ႐ုပ္ေဆာင္ခိုင္းခဲ့ပါတယ္။ ဒုကၡေရာက္ေနတဲ့သခင္ေတြက ေခြးေလးေတြရဲ႕အကူအညီကို ေအာ္ဟစ္ေတာင္းဆိုေနတဲ့အခါမွာ သူတို႔ေခြးေလးေတြရဲ႕နာမည္ကို မေခၚခိုင္းခ့ဲပါဘူး။

သုေတသနပညာရွင္ေတြရဲ႕ ေျပာၾကားခ်က္အရ ေခြးအေကာင္ ၆၀ ထဲမွာ အေကာင္၂၀ ေလာက္က  ဒုကၡေရာက္ေနတဲ့သခင္ကို ကူညီကယ္ဆယ္ဖို႔ ႀကိဳးစားခဲ့ၾကၿပီး က်န္တဲ့အေကာင္ ၄၀ ကေတာ့ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိဘဲ ေယာက္ယက္ခက္ေနခဲ့တယ္လို႔ သိရပါတယ္။

သုေတသနပညာရွင္ Joshua က “ေခြးတစ္ေကာင္က ဒုကၡေရာက္ေနတဲ့လူကို ကယ္ဆယ္တတ္ျခင္းထက္ ေခြးေတြက ဘာေၾကာင့္ ဒုကၡေရာက္ေနတဲ့သူကို ကယ္ဆယ္ခ်င္ရသလဲဆိုတာကို ေလ့လာဖို႔က ပိုၿပီးခက္ခဲပါတယ္။ ေလ့လာေတြ႕ရွိခ်က္အရေျပာရမယ္ဆိုရင္ ေခြးေလးေတြအားလံုးက သူတို႔ရဲ႕သခင္ေတြကို   ကယ္ဆယ္ေပးလိုၾကေပမယ့္ ဘယ္လိုမ်ိဳးကယ္ဆယ္ရမလဲဆိုတာကို မသိၾကတာမို႔ ကိုယ့္ရဲ႕ေခြးေလးေတြကို ကိုယ္ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ ကယ္ဆယ္ေပးလိုတယ္ဆိုရင္ ေခြးေလးေတြကို ဘယ္လိုကယ္ဆယ္ရမလဲဆိုတာကို သင္ထားေပးဖို႔လိုတယ္။” လို႔ ဆိုထားပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#soshweanimals

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

ရဲတပ်ဖွဲ့ဝင် မြင်းတစ်ကောင်ရဲ့ ထူးထူးဆန်းဆန်းအမူအကျင့်။

မာဆေးဆိုက််ဒ်ရဲတပ်ဖွဲ့၌ နှစ်ပေါင်း (၁၅) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် မြင်းတစ်ကောင်သည် နံနက်မိုးလင်းပါက လက်ဖက်ရည်တစ်ခွက််ကို ပုံမှန်သောက်သုံးလေ့ရှိကြောင်း သိရှိရပါတယ်။ Jack ဟု အမည်ရသည့် အသက် (၂၀) …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro