HomeTech5G အင်တာနက်ဆက်သွယ်ရေးကဏ္ဍကနေ Huawei ကိုဖယ်ထုတ်လိုက်တဲ့ ကနေဒါ။

5G အင်တာနက်ဆက်သွယ်ရေးကဏ္ဍကနေ Huawei ကိုဖယ်ထုတ်လိုက်တဲ့ ကနေဒါ။

- Advertisement -

ကနေဒါနိုင်ငံအခြေစိုက် တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်ဆက်သွယ်ရေးကုမ္ပဏီကြီးသုံးခုဟာ Scandinavian ဒေသအခြေစိုက် တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်ဆက်သွယ်ရေး ကုမ္ပဏီတွေဖြစ်တဲ့ Nokia ကုမ္ပဏီနဲ့ Ericsson ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ 5G အင်တာနက်ကိရိယာများကို ဝယ်ယူအသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပြီး တရုတ်နိုင်ငံအခြေစိုက် Huawei ကုမ္ပဏီက ထုတ်လုပ်တဲ့ 5G အင်တာနက်ကိရိယာများကို ဖယ်ရှားတော့မည်ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

ကနေဒါနိုင်ငံအခြေစိုက် တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Bell ကုမ္ပဏီဟာ အရင်တုန်းက 5G အင်တာနက်ဆက်သွယ်ရေးကိရိယာတွေကို Huawei ကုမ္ပဏီကနေ ဝယ်ယူအသုံးပြုခဲ့ပေမယ့် အခုအချိန်မှာတော့ ကနေဒါနိုင်ငံသားတွေအတွက် အရည်အသွေးမြင့် 5G အင်တာနက်ဆက်သွယ်ရေးကို ဖော်ဆောင်ပေးနိုင်ဖို့ Nokia ကုမ္ပဏီနဲ့ Ericsson ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ 5G အင်တာနက် ဆက်သွယ်ရေးကိရိယာတွေကိုသာ ဝယ်ယူအသုံးပြုတော့မယ်လို့ ဆိုခဲ့ပါတယ်။

- Advertisement -

Bell ကုမ္ပဏီရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Telus ကုမ္ပဏီဟာလည်း လွန်ခဲ့တဲ့ဖေဖော်ဝါရီလမှာ 5G အင်တာနက်ဆက်သွယ်ရေးကိရိယာကို Huawei ကုမ္ပဏီကနေ ဝယ်ယူအသုံးပြုမယ်လို့ဆိုခဲ့ပါတယ်။ ဒါပေမယ့် 5G အင်တာနက်ဆက်သွယ်ရေးအတွက် လိုအပ်တဲ့ကိရိယာတွေကို Huawei ကုမ္ပဏီကနေ ဝယ်ယူအသုံးမပြုတော့ဘူးလို့ Bell ကုမ္ပဏီက ကြေငြာပြီး နာရီအနည်းငယ်အကြာမှာပဲ Telus ကုမ္ပဏီကလည်း  လိုအပ်တဲ့ကိရိယာတွေကို Huawei ကုမ္ပဏီကနေ ဝယ်ယူအသုံးမပြုတော့ဘဲ Nokia ကုမ္ပဏီနဲ့ Ericsson ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ 5G အင်တာနက်ဆက်သွယ်ရေးကိရိယာတွေကိုသာ ဝယ်ယူအသုံးပြုတော့မယ်လို့ ဆိုခဲ့ပါတယ်။

- Advertisement -

ကနေဒါနိုင်ငံအခြေစိုက် တတိယမြောက် တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်ဆယ်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Rogers ကုမ္ပဏီဟာ ဇန်နဝါရီလမှာ Toronto မြို့ ၊ Vancouver မြို့ ၊ Ottawa မြို့ နဲ့ Montreal မြို့တွေမှာ 5G  အင်တာနက်လိုင်းကို တပ်ဆင်ပေးဖို့အတွက် Ericsson ကုမ္ပဏီနဲ့ လက်တွဲပြီးအလုပ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ Rogers ကုမ္ပဏီခေါင်းဆောင်က အမျိုးသားလုံခြုံရေးအတွက် 5G အင်တာနက်ဆက်သွယ်ရေးကို Huawei ကုမ္ပဏီဆီကနေ အကူအညီယူတာမျိုး ရပ်တန့်ရမည်ဖြစ်ကြောင်း ပွင့်လင်းစွာဝေဖန်ပြောဆိုခဲ့ပါတယ်။

- Advertisement -

5G အင်တာနက်ဆက်သွယ်ရေးကိရိယာတွေကို ထုတ်လုပ်တဲ့ကုမ္ပဏီဟာ များများပြားပြားမရှိတာကြောင့် တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်ဆက်သွယ်ရေး ကုမ္ပဏီတော်တော်များများဟာ တရုတ်နိုင်ငံ Shenzhen မြို့အခြေစိုက် Huawei ကုမ္ပဏီကနေ 5G အင်တာနက်ဆက်သွယ်ရေးအတွက် လိုအပ်တဲ့ကိရိယာတွေကို ဝယ်ယူအသုံးပြုနေခဲ့ရပါတယ်။

အခုချိန်မှာ ဥရောပနိုင်ငံအစိုးရအဖွဲ့တွေဟာ တရုတ်နိုင်ငံက အင်တာနက်ဆက်သွယ်ရေးကုမ္ပဏီတွေက အခြားနိုင်ငံတွေကို 5G အင်တာနက်ဆယ်သွယ်ရေးကိရိယာတွေကို ရောင်းချပေးပြီး အဆိုပါကိရိယာကတဆင့် အခြားနိုင်ငံတွေက နိုင်ငံရေးဆိုင်ရာ လျှို့ဝှက်အချက်အလက်တွေကို ခိုးယူနေတယ်လို့ သံသယဝင်တာကြောင့် အထက်မှာဖော်ပြထားတဲ့ တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်ဆက်သွယ်ရေး ကုမ္ပဏီတွေက Huawei ကုမ္ပဏီကို 5G အင်တာနက်လိုင်းစျေးကွက်ကနေ ဖယ်ထုတ်ခဲ့ခြင်းဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

ကနေဒါနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတွေအပြင် သြစတေးလျနိုင်ငံ ၊ ဂျပန်နိုင်ငံ ၊ နယူးဇီလန်နိုင်ငံနဲ့ ထိုင်ဝမ်နိုင်ငံက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းစုတို့ဟာလည်း 5G အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှု   စျေးကွက်ကနေ Huawei ကုမ္ပဏီအပြင် အခြားသော တရုတ်နိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီတွေနဲ့ လက်တွဲဖြုတ်လိုက်ပြီလို့ သိရပါတယ်။

<Unicode Version>

 

 

5G အင္တာနက္ဆက္သြယ္ေရးက႑ကေန Huawei ကိုဖယ္ထုတ္လိုက္တဲ့ ကေနဒါ။

ကေနဒါႏိုင္ငံအေျခစိုက္ တယ္လီဖုန္းလိုင္းနဲ႔ အင္တာနက္ဆက္သြယ္ေရးကုမၸဏီႀကီးသံုးခုဟာ Scandinavian ေဒသအေျခစိုက္ တယ္လီဖုန္းလိုင္းနဲ႔ အင္တာနက္ဆက္သြယ္ေရး ကုမၸဏီေတြျဖစ္တဲ့ Nokia ကုမၸဏီနဲ႔ Ericsson ကုမၸဏီက ထုတ္လုပ္ထားတဲ့ 5G အင္တာနက္ကိရိယာမ်ားကို ဝယ္ယူအသံုးျပဳဖို႔ ဆံုးျဖတ္ခဲ့ၿပီး တ႐ုတ္ႏိုင္ငံအေျခစိုက္ Huawei ကုမၸဏီက ထုတ္လုပ္တဲ့ 5G အင္တာနက္ကိရိယာမ်ားကို ဖယ္ရွားေတာ့မည္ျဖစ္ေၾကာင္း ေၾကျငာခဲ့ပါတယ္။

ကေနဒါႏိုင္ငံအေျခစိုက္ တယ္လီဖုန္းလိုင္းနဲ႔ အင္တာနက္ဆက္သြယ္ေရး ကုမၸဏီျဖစ္တဲ့ Bell ကုမၸဏီဟာ အရင္တုန္းက 5G အင္တာနက္ဆက္သြယ္ေရးကိရိယာေတြကို Huawei ကုမၸဏီကေန ဝယ္ယူအသံုးျပဳခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ကေနဒါႏိုင္ငံသားေတြအတြက္ အရည္အေသြးျမင့္ 5G အင္တာနက္ဆက္သြယ္ေရးကို ေဖာ္ေဆာင္ေပးႏိုင္ဖို႔ Nokia ကုမၸဏီနဲ႔ Ericsson ကုမၸဏီက ထုတ္လုပ္ထားတဲ့ 5G အင္တာနက္ ဆက္သြယ္ေရးကိရိယာေတြကိုသာ ဝယ္ယူအသံုးျပဳေတာ့မယ္လို႔ ဆိုခဲ့ပါတယ္။

Bell ကုမၸဏီရဲ႕ ၿပိဳင္ဘက္ျဖစ္တဲ့ Telus ကုမၸဏီဟာလည္း လြန္ခဲ့တဲ့ေဖေဖာ္ဝါရီလမွာ 5G အင္တာနက္ဆက္သြယ္ေရးကိရိယာကို Huawei ကုမၸဏီကေန ဝယ္ယူအသံုးျပဳမယ္လို႔ဆိုခဲ့ပါတယ္။ ဒါေပမယ့္ 5G အင္တာနက္ဆက္သြယ္ေရးအတြက္ လိုအပ္တဲ့ကိရိယာေတြကို Huawei ကုမၸဏီကေန ဝယ္ယူအသံုးမျပဳေတာ့ဘူးလို႔ Bell ကုမၸဏီက ေၾကျငာၿပီး နာရီအနည္းငယ္အၾကာမွာပဲ Telus ကုမၸဏီကလည္း  လိုအပ္တဲ့ကိရိယာေတြကို Huawei ကုမၸဏီကေန ဝယ္ယူအသံုးမျပဳေတာ့ဘဲ Nokia ကုမၸဏီနဲ႔ Ericsson ကုမၸဏီက ထုတ္လုပ္ထားတဲ့ 5G အင္တာနက္ဆက္သြယ္ေရးကိရိယာေတြကိုသာ ဝယ္ယူအသံုးျပဳေတာ့မယ္လို႔ ဆိုခဲ့ပါတယ္။

ကေနဒါႏိုင္ငံအေျခစိုက္ တတိယေျမာက္ တယ္လီဖုန္းလိုင္းနဲ႔ အင္တာနက္ဆယ္သြယ္ေရး ကုမၸဏီျဖစ္တဲ့ Rogers ကုမၸဏီဟာ ဇန္နဝါရီလမွာ Toronto ၿမိဳ႕ ၊ Vancouver ၿမိဳ႕ ၊ Ottawa ၿမိဳ႕ နဲ႔ Montreal ၿမိဳ႕ေတြမွာ 5G  အင္တာနက္လိုင္းကို တပ္ဆင္ေပးဖို႔အတြက္ Ericsson ကုမၸဏီနဲ႔ လက္တြဲၿပီးအလုပ္လုပ္ခဲ့တာပဲ ျဖစ္ပါတယ္။ Rogers ကုမၸဏီေခါင္းေဆာင္က အမ်ိဳးသားလံုျခံဳေရးအတြက္ 5G အင္တာနက္ဆက္သြယ္ေရးကို Huawei ကုမၸဏီဆီကေန အကူအညီယူတာမ်ိဳး ရပ္တန္႔ရမည္ျဖစ္ေၾကာင္း ပြင့္လင္းစြာေဝဖန္ေျပာဆိုခဲ့ပါတယ္။

5G အင္တာနက္ဆက္သြယ္ေရးကိရိယာေတြကို ထုတ္လုပ္တဲ့ကုမၸဏီဟာ မ်ားမ်ားျပားျပားမရွိတာေၾကာင့္ တယ္လီဖုန္းလိုင္းနဲ႔ အင္တာနက္ဆက္သြယ္ေရး ကုမၸဏီေတာ္ေတာ္မ်ားမ်ားဟာ တ႐ုတ္ႏိုင္ငံ Shenzhen ၿမိဳ႕အေျခစိုက္ Huawei ကုမၸဏီကေန 5G အင္တာနက္ဆက္သြယ္ေရးအတြက္ လိုအပ္တဲ့ကိရိယာေတြကို ဝယ္ယူအသံုးျပဳေနခဲ့ရပါတယ္။

အခုခ်ိန္မွာ ဥေရာပႏိုင္ငံအစိုးရအဖြဲ႔ေတြဟာ တ႐ုတ္ႏိုင္ငံက အင္တာနက္ဆက္သြယ္ေရးကုမၸဏီေတြက အျခားႏိုင္ငံေတြကို 5G အင္တာနက္ဆယ္သြယ္ေရးကိရိယာေတြကို ေရာင္းခ်ေပးၿပီး အဆိုပါကိရိယာကတဆင့္ အျခားႏိုင္ငံေတြက ႏိုင္ငံေရးဆိုင္ရာ လွ်ိဳ႕ဝွက္အခ်က္အလက္ေတြကို ခိုးယူေနတယ္လို႔ သံသယဝင္တာေၾကာင့္ အထက္မွာေဖာ္ျပထားတဲ့ တယ္လီဖုန္းလိုင္းနဲ႔ အင္တာနက္ဆက္သြယ္ေရး ကုမၸဏီေတြက Huawei ကုမၸဏီကို 5G အင္တာနက္လိုင္းေစ်းကြက္ကေန ဖယ္ထုတ္ခဲ့ျခင္းျဖစ္တယ္လို႔ ယူဆႏိုင္ပါတယ္။

ကေနဒါႏိုင္ငံအေျခစိုက္ ဆက္သြယ္ေရးကုမၸဏီေတြအျပင္ ၾသစေတးလ်ႏိုင္ငံ ၊ ဂ်ပန္ႏိုင္ငံ ၊ နယူးဇီလန္ႏိုင္ငံနဲ႔ ထိုင္ဝမ္ႏိုင္ငံက ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ကၽြန္းစုတို႔ဟာလည္း 5G အင္တာနက္ဆက္သြယ္ေရးဝန္ေဆာင္မႈ   ေစ်းကြက္ကေန Huawei ကုမၸဏီအျပင္ အျခားေသာ တ႐ုတ္ႏိုင္ငံအေျခစိုက္ ဆက္သြယ္ေရးကုမၸဏီေတြနဲ႔ လက္တြဲျဖဳတ္လိုက္ၿပီလို႔ သိရပါတယ္။

<Zawgyi Version>

 

Source ~ E&T

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

 

- Advertisement -

Must Read