Breaking News

Milkshake ဟုနာမည်တွင်သည့် ရှားပါးပန်းရောင် Pug ခွေးအမျိုးအစား။

Milkshake ဟုအမည်တွင်သည့် ချစ်စရာကောင်းသောခွေးတစ်ကောင်သည် ဆိုရှယ်မီဒီယာပေါ်၌ ရေပန်းစားကျော်ကြားလာပြီး အဆိုပါပန်းရောင် Pugs အမျိုးအစားခွေးများသည် ကမ္ဘာပေါ်၌ ရှားပါးခွေးအမျိုးအစားဖြစ်ကြောင်း သိရှိရပါတယ်။ အသက်အရွယ်အားဖြင့် (၁၇) လသာရှိသေးသည့် အဆိုပါခွေးလေးသည် အမြဲလိုလိုစိတ်ရှုပ်သည့်မျက်နှာထားမျိုးကိုပိုင်ဆိုင်ထားပြီး ပြာလဲ့လဲ့အရောင်မျက်လုံး၊ ပန်းရောင်အမွှေးနဲ့အသားအရည်ရှိခြင်းတို့ကြောင့် လူစုလူဝေးကြား၌ အမြဲလိုလို ထင်ရှားလျက်ရှိပါတယ်။

အသက် (၃၃) နှစ်အရွယ်ရှိ Maria ဟုအမည်ရသည့် အမျိုးသမီးသည် မွေးချင်းများအနက် တစ်ကောင်တည်း အရောင်ကွဲနေသော အဆိုပါ Pug ကို မြင်တွေ့ရချိန်၌ သူ့ကိုမွေးမြူရမည်ဟု စိတ်ပိုင်းဖြတ်ခဲ့ပါတယ်။ လန်ဒန်၌နေထိုင်သော Maria သည် Milkshake ကို (၁၀) ပတ်သားအရွယ်၌ သူမရဲ့နေအိမ်သို့ ခေါ်ဆောင်လာခဲ့ပြီး လက်ရှိအချိန်၌မူ အင်စတာဂရမ်တွင် Follower ပေါင်း (၁၀၀၀၀၀) ကေျာ်အထိ ရှိနေပြီဖြစ်ပါတယ်။

Maria က “ကျွန်မအရင်က ပန်းရောင် Pugs တွေရဲ့အကြောင်းကို တစ်ခါမှမကြားခဲ့ဖူးပါဘူး။ ဒါပေမယ့် ကျွန်မ မွေးမြူရေးခြံကိုသွားပြီး Milkshake ကို တွေ့လိုက်ချိန်မှာတော့ သူက တကယ်ကိုချစ်စရာကောင်းပါတယ်။ သူတို့ကရှားပါးမျိုးစိတ်တွေဖြစ်ပြီး Milkshake က ကမ္ဘာပေါ်မှာရှိတဲ့ အကောင် (၃၀) ထဲက တစ်ကောင်အပါအဝင်ပါ။ တစ်ကမ္ဘာလုံးအတိုင်းအတာအရဆိုရင် ဒီလိုခွေးမျိုး (၁၀၀) ထက် ပိုမရှိနိုင်ပါဘူး။”

“သူက တကယ်တော့ Albino ခွေးအမျိုးအစားမဟုတ်ပါဘူး။ သူက အဲ့ဒီလိုခွေးတွေနဲ့ အရောင်ပဲတူပြီး မျက်လုံးမမြင်ရတာ၊ နားမကြားရတာမျိုးမရှိဘဲ ကျန်းမာတဲ့ကောင်လေးပါ။” ဟုပြောကြားခဲ့ပါတယ်။ Milkshake သည် ချစ်စရာကောင်းပြီး ဖော်ရွေသည့်ခွေးလေးတစ်ကောင်ဖြစ်ကာ သူ့ရဲ့သခင်ဖြစ်သူနဲ့အတူ အစည်းအဝေးများနဲ့ ခွေး Spa တို့ကို အမြဲလိုလို သွားရောက်လေ့ရှိပါတယ်။ Milkshake ကိုသူ့ရဲ့သခင်ဖြစ်သူက Trainer တစ်ဦးနဲ့လေ့ကျင့်ပေးထားသောကြောင့် နောင်အနာဂတ်၌ Milkshake အနေဖြင့် ကြော်ငြာနဲ့ ရုပ်ရှင်များ၌ ပါဝင်လာနိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ်။

<Unicode Version>

 

 

Milkshake ဟုနာမည္တြင္သည့္ ရွားပါးပန္းေရာင္ Pug ေခြးအမ်ိဳးအစား။

Milkshake ဟုအမည္တြင္သည့္ ခ်စ္စရာေကာင္းေသာေခြးတစ္ေကာင္သည္ ဆိုရွယ္မီဒီယာေပၚ၌ ေရပန္းစားေက်ာ္ၾကားလာၿပီး အဆိုပါပန္းေရာင္ Pugs အမ်ိဳးအစားေခြးမ်ားသည္ ကမာၻေပၚ၌ ရွားပါးေခြးအမ်ိဳးအစားျဖစ္ေၾကာင္း သိရွိရပါတယ္။ အသက္အရြယ္အားျဖင့္ (၁၇) လသာရွိေသးသည့္ အဆုိပါေခြးေလးသည္ အၿမဲလိုလိုစိတ္ရႈပ္သည့္မ်က္ႏွာထားမ်ိဳးကိုပိုင္ဆိုင္ထားၿပီး ျပာလဲ့လဲ့အေရာင္မ်က္လံုး၊ ပန္းေရာင္အေမႊးနဲ႔အသားအရည္ရွိျခင္းတို႔ေၾကာင့္ လူစုလူေဝးၾကား၌ အၿမဲလိုလို ထင္ရွားလ်က္ရွိပါတယ္။

အသက္ (၃၃) ႏွစ္အရြယ္ရွိ Maria ဟုအမည္ရသည့္ အမ်ိဳးသမီးသည္ ေမြးခ်င္းမ်ားအနက္ တစ္ေကာင္တည္း အေရာင္ကြဲေနေသာ အဆုိပါ Pug ကို ျမင္ေတြ႕ရခ်ိန္၌ သူ႔ကိုေမြးျမဴရမည္ဟု စိတ္ပိုင္းျဖတ္ခဲ့ပါတယ္။ လန္ဒန္၌ေနထိုင္ေသာ Maria သည္ Milkshake ကို (၁၀) ပတ္သားအရြယ္၌ သူမရဲ႕ေနအိမ္သို႔ ေခၚေဆာင္လာခဲ့ၿပီး လက္ရွိအခ်ိန္၌မူ အင္စတာဂရမ္တြင္ Follower ေပါင္း (၁၀၀,၀၀၀) ကေ်ာ္အထိ ရွိေနၿပီျဖစ္ပါတယ္။

Maria က “ကြ်န္မအရင္က ပန္းေရာင္ Pugs ေတြရဲ႕အေၾကာင္းကုိ တစ္ခါမွမၾကားခဲ့ဖူးပါဘူး။ ဒါေပမယ့္ ကြ်န္မ ေမြးျမဴေရးၿခံကိုသြားၿပီး Milkshake ကို ေတြ႕လိုက္ခ်ိန္မွာေတာ့ သူက တကယ္ကိုခ်စ္စရာေကာင္းပါတယ္။ သူတုိ႔ကရွားပါးမ်ိဳးစိတ္ေတြျဖစ္ၿပီး Milkshake က ကမာၻေပၚမွာရွိတဲ့ အေကာင္ (၃၀) ထဲက တစ္ေကာင္အပါအဝင္ပါ။ တစ္ကမာၻလံုးအတိုင္းအတာအရဆိုရင္ ဒီလိုေခြးမ်ိဳး (၁၀၀) ထက္ ပိုမရွိႏိုင္ပါဘူး။”

“သူက တကယ္ေတာ့ Albino ေခြးအမ်ိဳးအစားမဟုတ္ပါဘူး။ သူက အဲ့ဒီလိုေခြးေတြနဲ႔ အေရာင္ပဲတူၿပီး မ်က္လံုးမျမင္ရတာ၊ နားမၾကားရတာမ်ိဳးမရွိဘဲ က်န္းမာတဲ့ေကာင္ေလးပါ။” ဟုေျပာၾကားခဲ့ပါတယ္။ Milkshake သည္ ခ်စ္စရာေကာင္းၿပီး ေဖာ္ေရြသည့္ေခြးေလးတစ္ေကာင္ျဖစ္ကာ သူ႔ရဲ႕သခင္ျဖစ္သူနဲ႔အတူ အစည္းအေဝးမ်ားနဲ႔ ေခြး Spa တို႔ကို အၿမဲလိုလို သြားေရာက္ေလ့ရိွပါတယ္။ Milkshake ကုိသူ႔ရဲ႕သခင္ျဖစ္သူက Trainer တစ္ဦးနဲ႔ေလ့က်င့္ေပးထားေသာေၾကာင့္ ေနာင္အနာဂတ္၌ Milkshake အေနျဖင့္ ေၾကာ္ျငာနဲ႔ ရုပ္ရွင္မ်ား၌ ပါဝင္လာႏိုင္ဖြယ္ရွိေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

#soshweanimals

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

ကမ္ဘာ့အကြီးမားဆုံးမိကျောင်းတစ်ကောင်ကို ဖိလစ်ပိုင်တွင် အရှင်ဖမ်းမိ။

လူနေမှုစနစ်တွေတိုးတက်လာတာနဲ့အမျှ သဘာဝရဲ့ဂေဟစနစ်က ပျက်စီးဆုံးရှုံးရစမြဲဖြစ်ပြီး လူနေအိမ်များ တိုးချဲ့မှုကြောင့် သဘာဝအတိုင်းနေထိုင်သည့် မိကျောင်းကဲ့သို့သော တိရစ္ဆာန်များအတွက် နေထိုင်စရာနေရာ ရှားပါးလာခဲ့ပါတယ်။ ထို့ကြောင့်လည်း မကြာခဏဆိုသလို လူနဲ့မိကျောင်း ထိပ်တိုက်တွေ့သည့်ဖြစ်ရပ်များကို ကြားသိနေရပြီး …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro