HomeTechအမေရိကန်ပြည်ထောင်စုသမ္မတ Donald Trump ကို ဝေဖန်ပုတ်ခတ်လိုက်တဲ့ Snapchat

အမေရိကန်ပြည်ထောင်စုသမ္မတ Donald Trump ကို ဝေဖန်ပုတ်ခတ်လိုက်တဲ့ Snapchat

- Advertisement -

Minneapolis ဒေသက ကြီးမားတဲ့အပြစ်ကျူးလွန်ခဲ့ခြင်းမရှိဘဲ လူမည်းဖြစ်နေတာကြောင့် ရဲအရာရှိတွေရဲ့ သံသယဝင်ခံရပြီး သတ်ဖြတ်ခံခဲ့ရတဲ့ George Floyd အတွက် တရားမျှတမှုရရန် ဆန္ဒပြခဲ့ကြတဲ့ အမေရိကန်နိုင်ငံသားတွေကို နှိမ်နင်းဖို့အတွက် ရက်စက်စွာကိုက်တတ်တဲ့ခွေးတွေကို စေလွတ်ပြီး လူသတ်လက်နက်တွေအဖြစ် အသုံးပြုမည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုသမ္မတ Donald Trump က သူ့ရဲ့တွစ်တာအကောင့်မှာ ရေးတင်ခဲ့ပါတယ်။

ဒါ့အပြင် လူမည်းအမျိုးသား George Floyd မတရားသတ်ဖြတ်ခံခဲ့ရခြင်းနဲ့ ပတ်သက်ပြီး သူကိုယ်တိုင်ကလည်း “လူမည်းတွေကိုသဘောမကျကြောင်းနဲ့ အပြစ်ကျူးလွန်ရင်တော့ အသတ်ခံရမှာပဲ” လို့ ဆိုခဲ့ဖူးပါတယ်။ သမ္မတကြီး Donald Trumpက နိုင်ငံတော်ခေါင်းဆောင်အနေနဲ့ မပြောသင့်မပြောအပ်တဲ့ စကားတွေကို အဆင်ခြင်မဲ့စွာ ပြောခဲ့တာကြောင့် ဆန္ဒပြမှုတွေဟာ ပိုမိုဆိုးရွားလာခဲ့တာဖြစ်ပါတယ်။

- Advertisement -

လူအများအသုံးပြုကြတဲ့ Snapchat လူမှုကွန်ရက်ကို တီထွင်ခဲ့တဲ့ Sna pကုမ္ပဏီက အဆင်ခြင်မဲ့စွာပြောခဲ့တဲ့ စကားတွေကြောင့် သမ္မတကြီး Donald Trump ရဲ့ Snapchat အကောင့်ကို ကျော်ကြားသူတွေကို အလွယ်တကူရှာလို့ရတဲ့နေရာမှာ ထားရှိပေးခြင်းကနေ ရပ်တန့်လိုက်တော့မည်ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

- Advertisement -

Snap ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူ Rachel Racusen က “လူမျိုးခွဲခြားပြီး နိုင်ထက်စီးနင်းပြုလုပ်ခြင်းနဲ့ တရားမမျှတမှုမရှိဘဲ ပြောဆိုမှုတွေကို Snapchat မှာ တင်ပြဖို့အစီအစဉ်မရှိတော့ဘူး။” လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် Snapchat ကုမ္ပဏီ CEO Evan Spiegel ကလည်း “လူမျိုးခွဲခြားခြင်း ၊ အကြမ်းဖက်ခြင်းနဲ့ တရားမမျှတခြင်းတွေကို အားပေးအားမြောက်ပြုထားတဲ့ လုပ်ရပ်တွေ စကားတွေကို ကျွန်ုပ်တို့ရဲ့လူမှုကွန်ရက်မှာ တင်ပြသွားခြင်းမပြုတော့ဘူး။” လို့ ဆိုခဲ့ပါတယ်။

- Advertisement -

<Unicode Version>

 

 

အေမရိကန္ျပည္ေထာင္စုသမၼတ Donald Trump ကို ေဝဖန္ပုတ္ခတ္လိုက္တဲ့ Snapchat

Minneapolis ေဒသက ႀကီးမားတဲ့အျပစ္က်ဴးလြန္ခ့ဲျခင္းမရွိဘဲ လူမည္းျဖစ္ေနတာေၾကာင့္ ရဲအရာရွိေတြရဲ႕ သံသယဝင္ခံရၿပီး သတ္ျဖတ္ခံခဲ့ရတဲ့ George Floyd အတြက္ တရားမွ်တမႈရရန္ ဆႏၵျပခဲ့ၾကတဲ့ အေမရိကန္ႏိုင္ငံသားေတြကို ႏွိမ္နင္းဖို႔အတြက္ ရက္စက္စြာကိုက္တတ္တဲ့ေခြးေတြကို ေစလြတ္ၿပီး လူသတ္လက္နက္ေတြအျဖစ္ အသံုးျပဳမည္ျဖစ္ေၾကာင္း အေမရိကန္ျပည္ေထာင္စုသမၼတ Donald Trump က သူ႔ရဲ႕တြစ္တာအေကာင့္မွာ ေရးတင္ခဲ့ပါတယ္။

ဒါ့အျပင္ လူမည္းအမ်ိဳးသား George Floyd မတရားသတ္ျဖတ္ခံခဲ့ရျခင္းနဲ႔ ပတ္သက္ၿပီး သူကိုယ္တိုင္ကလည္း “လူမည္းေတြကိုသေဘာမက်ေၾကာင္းနဲ႔ အျပစ္က်ဴးလြန္ရင္ေတာ့ အသတ္ခံရမွာပဲ” လို႔ ဆိုခဲ့ဖူးပါတယ္။ သမၼတႀကီး Donald Trumpက ႏိုင္ငံေတာ္ေခါင္းေဆာင္အေနနဲ႔ မေျပာသင့္မေျပာအပ္တဲ့ စကားေတြကို အဆင္ျခင္မဲ့စြာ ေျပာခဲ့တာေၾကာင့္ ဆႏၵျပမႈေတြဟာ ပိုမိုဆိုးရြားလာခဲ့တာျဖစ္ပါတယ္။

လူအမ်ားအသံုးျပဳၾကတဲ့ Snapchat လူမႈကြန္ရက္ကို တီထြင္ခဲ့တဲ့ Sna pကုမၸဏီက အဆင္ျခင္မဲ့စြာေျပာခဲ့တဲ့ စကားေတြေၾကာင့္ သမၼတႀကီး Donald Trump ရဲ႕ Snapchat အေကာင့္ကို ေက်ာ္ၾကားသူေတြကို အလြယ္တကူရွာလို႔ရတဲ့ေနရာမွာ ထားရွိေပးျခင္းကေန ရပ္တန္႔လိုက္ေတာ့မည္ျဖစ္ေၾကာင္း ေၾကျငာခဲ့ပါတယ္။

Snap ကုမၸဏီက ေျပာေရးဆိုခြင့္ရွိသူ Rachel Racusen က “လူမ်ိဳးခြဲျခားၿပီး ႏိုင္ထက္စီးနင္းျပဳလုပ္ျခင္းနဲ႔ တရားမမွ်တမႈမရွိဘဲ ေျပာဆိုမႈေတြကို Snapchat မွာ တင္ျပဖို႔အစီအစဥ္မရွိေတာ့ဘူး။” လို႔ ဆိုခဲ့ပါတယ္။ ဒါ့အျပင္ Snapchat ကုမၸဏီ CEO Evan Spiegel ကလည္း “လူမ်ိဳးခြဲျခားျခင္း ၊ အၾကမ္းဖက္ျခင္းနဲ႔ တရားမမွ်တျခင္းေတြကို အားေပးအားေျမာက္ျပဳထားတဲ့ လုပ္ရပ္ေတြ စကားေတြကို ကၽြႏ္ုပ္တို႔ရဲ႕လူမႈကြန္ရက္မွာ တင္ျပသြားျခင္းမျပဳေတာ့ဘူး။” လို႔ ဆိုခဲ့ပါတယ္။

<Zawgyi Version>

 

Source ~ E&T

#SY(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read