၁။ Always Be My Maybe
Ali Wong နဲ့ Randall Park တို့ရဲ့ ချစ်ခြင်းမေတ္တာဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ်။ တစ်ချိန်က သူငယ်ချင်းဟောင်းများဖြစ်ကြပြီး ကားနောက်ခန်းအတွင်း၌ လူပျို၊ အပျိုဘဝကို အပြန်အလှန်ဆုံးရှုံးခဲ့ကြပြီး နှစ်အတော်ကြာ ပြန်လည်တွေ့ဆုံတဲ့အခါမှာတော့ ဘယ်လိုတွေဖြစ်ကြမလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှု ခံစားပေးကြပါဦး . . .
၂။ A Cinderella Story
ကလေးငယ်တိုင်းရဲ့ အကြိုက်ဆုံးဖြစ်ခဲ့သည့် Cinderella ကာတွန်းကို ကျောရိုးပြုရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ပါတယ်။
၃။ Someone Great
ကနဦးမှာ အပြတ်အစဲဇာတ်လမ်းဖြင့် စတင်ခဲ့ပေမယ့် နောက်ပိုင်း၌ Gina Rodriguez ရဲ့ အချစ်အပေါ် ရူးသွပ်မှုက ပရိသတ်တွေရဲ့ နှလုံးသားကို အကောင်းဆုံးလှုပ်ကိုင်နိုင်မယ့် ဇာတ်ကားဖြစ်ပါတယ်။
၄။ P.S. I Love You
ဒီဇာတ်ကားကတော့ အလွမ်းအဆွေးနဲ့ ရိုမန်တစ်ကို ပေါင်းစပ်ထားခြင်းကြောင့် ပရိသတ်များအတွက် တစ်ရှူးဆောင်ထားဖို့ လိုအပ်ပါတယ်။
၅။ About Time
Rachel McAdams ရဲ့ ထူးချွန်သည့်သရုပ်ဆောင်မှုများဖြင့် အချိန်ခရီးသွားခြင်း၊ ရိုမန်တစ်စသည်ဖြင့် မတူညီသည့် ရသများပေးစွမ်းနိုင်သည့် ဇာတ်ကားဖြစ်ပါတယ်။
၆။ One Day
ဗြိတိန်ကောလိပ်မှ ကျောင်းသားများရဲ့ ချစ်ဇာတ်လမ်းအပေါ် အခြေခံရိုက်ကူးထားခြင်းဖြစ်ပြီး ကံကြမ္မာအလှည့်အပြောင်း၊ အသည်းကွဲခန်းနဲ့ အချစ်ဇာတ်လမ်း အားလုံးပေါင်းစပ်ထားသည့် ဇာတ်ကားဖြစ်ပါတယ်။
၇။ To All the Boys I’ve Loved
ရှုပ်ပွေတတ်သည့် အမျိုးသမီးငယ်တစ်ယောက်ရဲ့ ဇာတ်ကြောင်းကို အခြေခံရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ပါတယ်။
၈။ Set It Up
Netflix ဇာတ်ကားများ၌ သာမန်မြင်တွေ့နေကျမဟုတ်သည့် ရိုမန်တစ်ဇာတ်ကားအမျိးအစားဟု ပြောနိုင်သည့် ဇာတ်ကားဖြစ်ပါတယ်။
၉။ Ali’s Wedding
အဆိုပါဇာတ်ကားသည် ဖြစ်ရပ်မှန်ကို ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ပြီး မိသားစုအပေါ်သစ္စာရှိရင်း နှလုံးသားရဲ့ စေခိုင်းရာအတိုင်း လိုက်ပါခဲ့သည့် ဇာတ်လမ်းကို ပုံဖော်ထားခြင်းဖြစ်ပါတယ်။
၁၀။ The Kissing Booth
ပြီးခဲ့သည့် (၂၀၁၈) ခုနှစ်၌ လူပြန်အကြည့်များဆုံး ဇာတ်ကားဖြစ်ပြီး မိနစ်ပေါင်း (၁၁၀) မိနစ်ကြာမြင့်သည့် အဆိုပါဇာတ်ကား၌ Joey King နဲ့ Jacob Elordi တို့ရဲ့ အကောင်းဆုံး သရုပ်ဆောင်မှုများကို မြင်တွေ့ရသည့် ဇာတ်ကားလည်းဖြစ်ပါတယ်။
၁၁။ She’s Gotta Have It
အမေရိကန်ဒါရိုက်တာ Spike Lee ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ပြီး အလိုမတူဘဲ လိင်ဆက်ဆံရန် ကြိုးစားသည့် အမျိုးသား (၃) ဦးကို ရိုက်နှက်ခဲ့သည့် အမျိုးသမီးတစ်ဦးရဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။ Spike Lee သည် Netflix စီးရီးများကို နှစ်ရာသီဆက်တိုက် ဖန်တီးခဲ့ပြီး DeWanda Wise က ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
https://www.youtube.com/watch?v=Pd9oTGr_1DA&feature=youtu.be
၁၂။ The Spectacular Now
(၂၀၀၈) ခုနှစ်က ထွက်ရှိခဲ့သည့် Tim Tharp ရဲ့ The Spectacular Now စာအုပ်ကို ကြိုက်နှစ်သက်သူများအတွက် ကြည့်ရှုခံစားချင်စရာ ဇာတ်လမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်။
၁၃။ A Christmas Prince
အားလပ်ရက်များ၌ ကြည့်ရှုခံစားနိုင်မယ့် ဇာတ်ကားကောင်းဖြစ်ပါတယ်။ လူငယ်ဂျာနယ်လစ်တစ်ယောက်ရဲ့ နွေးထွေးတဲ့နှလုံးသားနဲ့အတူ ခန့်ညားတဲ့မင်းသားတို့လည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။
၁၄။ Love and Honor
ဗီယက်နမ်စစ်ပွဲ၌ ပါဝင်တိုက်ခိုက်နေရသည့် စစ်သားတစ်ယောက်က အိမ်ကို တိတ်တဆိတ်ပြန်လာပြီး ချစ်သူမိန်းကလေးနဲ့ ပြန်လည်တွေ့ဆုံခဲ့ရာမှ ဖြစ်ပျက်ခဲ့သည်များကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။
<Unicode Version>
Netflix ၌ ပြသနေသည့် အချစ်ဇာတ်ကားကောင်းများ။
၁။ Always Be My Maybe
၂။ A Cinderella Story
၃။ Someone Great
၎။ P.S. I Love You
၅။ About Time
၆။ One Day
၈။ Set It Up
၉။ Ali’s Wedding
၁၀။ The Kissing Booth
၁၁။ She’s Gotta Have It
၁၂။ The Spectacular Now
၁၃။ A Christmas Prince
၁၄။ Love and Honor
<Zawgyi Version>
Source ~ Cosmipolitan
#HM(Soshwe)
#soshweentertainment
#soshweforyourdailylife
#likeandshare