HomeEntertainmentEminem တစ်ယောက် Gay Dating App ကို အသုံးပြုနေပြီလား ? ? ?

Eminem တစ်ယောက် Gay Dating App ကို အသုံးပြုနေပြီလား ? ? ?

- Advertisement -

လူမှုကွန်ရက်ပေါ်၌ ခေတ်စားနေသည့် #DollyPartonChallenge ကို အငြင်းပွားဖွယ် ပုံစံဖြင့်  ပြုလုပ်ပြသွားခဲ့သည့် ကမ္ဘာကျော်ရက်ပ်ပါ Eminem ကိုမည်သူမှန်းမသိရှိကြောင်း Grindr ရဲ့ တွစ်တာအကောင့်မှတစ်ဆင့် ရေးသားခဲ့ပါတယ်။ LINKEDIN၊ Facebook၊ Instagram နဲ့ Tinder တို့အပေါ်၌ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းရဲ့ မတူညီသည့်ပုံစံများကို ဖော်ပြနေသည့် အဆိုပါ Challenge ကို ဂန္တဝင်အဆိုတော်ကြီး Dolly Parton စတင်ပြုလုပ်ခဲ့ရာမှတစ်ဆင့် ရေပန်းစားလာခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်၌ နာမည်ကျော်အများအပြားပင် လိုက်လံလုပ်ဆောင်နေပြီး Eminem ကမူ Tinder ရဲ့နေရာ၌ Grindr ကို အစားထိုးပြီး လုပ်ပြသွားခဲ့ခြင်းဖြစ်ပါတယ်။

https://www.instagram.com/p/B7l01DEF4HI/?utm_source=ig_embed

- Advertisement -

 

- Advertisement -

Tinder သည် သမာရိုးကျ Dating Service ပေးသည့် Application တစ်ခုဖြစ်ပေမယ့် Grindr မှာမူ Gay များအတွက် ရည်ရွယ်ဖန်တီးထားသည့် Application တစ်ခုဖြစ်ပါတယ်။ LINKEDIN နဲ့ Facebook တို့ကို ပုံဖော်ထားသည့် Eminem ရဲ့ ဓာတ်ပုံများက ထွေထွေထူးထူး ပြောစရာမရှိပေမယ့် Instagram နဲ့ Grindr တို့အတွက်ရည်ရွယ်ထားသည့် သူ့ရဲ့ ဓာတ်ပုံများက ပရိသတ်များအတွက် ဝေဖန်စရာဖြစ်ခဲ့ပါတယ်။

- Advertisement -

အထူးသဖြင့် Grindr ကိုရည်ညွှန်းသည့်ပုံ၌ အဝတ်အစားမပါသည့် Eminem က မီးရှူးမီးပန်းတစ်ခုကို ကိုင်ဆောင်ပြီး သူ့ရဲ့အရှက်ကိုဖုံးကွယ်ထားရာ အဆိုပါဓာတ်ပုံနဲ့ ပတ်သက်၍ ပရိသတ်များက အမျိုးမျိုး မှတ်ချက်ပေးခဲ့ကြကြောင်း သိရှိရပါတယ်။ Eminem သည် Gay များအပေါ် ဆန့်ကျင်သူတစ်ယောက်ဖြစ်ကြောင်း သူ့ရဲ့သီချင်းစာသားအချို့က သက်သေပြနေပြီး သူ့ရဲ့ယခုလုပ်ရပ်အပေါ် Grindr ဘက်ကလည်း ချက်ချင်းဆိုသလိုပဲ တုံ့ပြန်ခဲ့ပါတယ်။

Grindr က သူတို့ရဲ့ ကိုယ်ပိုင်တွစ်တာအကောင့်မှ Eminem ရဲ့ ဓာတ်ပုံကို “Who” ဟု Caption ရေးသားကာ ပြန်ရှဲခဲ့ပြီး အဓိပ္ပာယ်အရ “ငါတို့ ဒီအကြောင်းကို ပြောဖို့ မုန်းတီးပါတယ်။ အခုဒီစကားကို ရယ်စရာမဖြစ်ဖို့  မျှော်လင့်ပါတယ်။ သူက ဘယ်သူလဲဆိုတာ မသိပါဘူး။” ဟုတုံ့ပြန်ရေးသားခဲ့ကြောင်း သိရှိရပါတယ်။

သိုပေမယ့် Grindr ရဲ့ ရေးသားချက်အပေါ် Eminem တစ်ယောက်လက်ရှိအချိန်အထိ ပြန်လည်တုံ့ပြန်ခြင်းမရှိသေးကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

 

Eminem တစ္ေယာက္ Gay Dating App ကို အသုံးျပဳေနၿပီလား ? ? ?

လူမႈကြန္ရက္ေပၚ၌ ေခတ္စားေနသည့္ #DollyPartonChallenge ကို အျငင္းပြားဖြယ္ ပံုစံျဖင့္  ျပဳလုပ္ျပသြားခဲ့သည့္ ကမာၻေက်ာ္ရက္ပ္ပါ Eminem ကိုမည္သူမွန္းမသိရွိေၾကာင္း Grindr ရဲ႕ တြစ္တာအေကာင့္မွတစ္ဆင့္ ေရးသားခဲ့ပါတယ္။ LINKEDIN၊ Facebook၊ Instagram နဲ႔ Tinder တို႔အေပၚ၌ လူပုဂၢိဳလ္တစ္ဦးတစ္ေယာက္တည္းရဲ႕ မတူညီသည့္ပံုစံမ်ားကို ေဖာ္ျပေနသည့္ အဆိုပါ Challenge ကို ဂႏၱဝင္အဆိုေတာ္ႀကီး Dolly Parton စတင္ျပဳလုပ္ခဲ့ရာမွတစ္ဆင့္ ေရပန္းစားလာခဲ့ျခင္းျဖစ္ကာ လက္ရွိအခ်ိန္၌ နာမည္ေက်ာ္အမ်ားအျပားပင္ လိုက္လံလုပ္ေဆာင္ေနၿပီး Eminem ကမူ Tinder ရဲ႕ေနရာ၌ Grindr ကို အစားထိုးၿပီး လုပ္ျပသြားခဲ့ျခင္းျဖစ္ပါတယ္။

https://www.instagram.com/p/B7l01DEF4HI/?utm_source=ig_embed

 

Tinder သည္ သမာရိုးက် Dating Service ေပးသည့္ Application တစ္ခုျဖစ္ေပမယ့္ Grindr မွာမူ Gay မ်ားအတြက္ ရည္ရြယ္ဖန္တီးထားသည့္ Application တစ္ခုျဖစ္ပါတယ္။ LINKEDIN နဲ႔ Facebook တို႔ကို ပံုေဖာ္ထားသည့္ Eminem ရဲ႕ ဓာတ္ပံုမ်ားက ေထြေထြထူးထူး ေျပာစရာမရွိေပမယ့္ Instagram နဲ႔ Grindr တို႔အတြက္ရည္ရြယ္ထားသည့္ သူ႔ရဲ႕ ဓာတ္ပံုမ်ားက ပရိသတ္မ်ားအတြက္ ေဝဖန္စရာျဖစ္ခဲ့ပါတယ္။

အထူးသျဖင့္ Grindr ကိုရည္ညႊန္းသည့္ပံု၌ အဝတ္အစားမပါသည့္ Eminem က မီးရွဴးမီးပန္းတစ္ခုကို ကိုင္ေဆာင္ၿပီး သူ႔ရဲ႕အရွက္ကိုဖံုးကြယ္ထားရာ အဆိုပါဓာတ္ပံုနဲ႔ ပတ္သက္၍ ပရိသတ္မ်ားက အမ်ိဳးမ်ိဳး မွတ္ခ်က္ေပးခဲ့ၾကေၾကာင္း သိရွိရပါတယ္။ Eminem သည္ Gay မ်ားအေပၚ ဆန္႔က်င္သူတစ္ေယာက္ျဖစ္ေၾကာင္း သူ႔ရဲ႕သီခ်င္းစာသားအခ်ိဳ႕က သက္ေသျပေနၿပီး သူ႔ရဲ႕ယခုလုပ္ရပ္အေပၚ Grindr ဘက္ကလည္း ခ်က္ခ်င္းဆိုသလိုပဲ တံု႔ျပန္ခဲ့ပါတယ္။

Grindr က သူတုိ႔ရဲ႕ ကိုယ္ပိုင္တြစ္တာအေကာင့္မွ Eminem ရဲ႕ ဓာတ္ပံုကို “Who” ဟု Caption ေရးသားကာ ျပန္ရဲွခဲ့ၿပီး အဓိပၸာယ္အရ “ငါတို႔ ဒီအေၾကာင္းကို ေျပာဖို႔ မုန္းတီးပါတယ္။ အခုဒီစကားကို ရယ္စရာမျဖစ္ဖို႔  ေမွ်ာ္လင့္ပါတယ္။ သူက ဘယ္သူလဲဆိုတာ မသိပါဘူး။” ဟုတံု႔ျပန္ေရးသားခဲ့ေၾကာင္း သိရွိရပါတယ္။

သိုေပမယ့္ Grindr ရဲ႕ ေရးသားခ်က္အေပၚ Eminem တစ္ေယာက္လက္ရွိအခ်ိန္အထိ ျပန္လည္တံု႔ျပန္ျခင္းမရွိေသးေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

Source ~ Buzzfeed

#HM(Soshwe)

#soshwecelebrity

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

Must Read