HomeSportအသင်းရဲ့ကြယ်ပွင့်ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူရန် ကြိုးစားနေသည့် တော့တင်ဟမ် ဟော့စပါး။

အသင်းရဲ့ကြယ်ပွင့်ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူရန် ကြိုးစားနေသည့် တော့တင်ဟမ် ဟော့စပါး။

- Advertisement -

စပါးအသင်းသည် အသင်းရဲ့ကြယ်ပွင့်ကစားသမားဟောင်းဖြစ်သူ ဂါရတ်ဘေးလ်ကို ပြန်လည်ခေါ်ယူရန်အတွက် ရီးရဲယ်မက်ဒရစ်အသင်းနဲ့ ဆွေးနွေးလျက်ရှိကြောင်း သိရှိရပါတယ်။ အသက် (၃၀) အရွယ်ရှိပြီဖြစ်သူ အဆိုပါ  ဝေးလ်စ်လက်ရွေးစင်အသင်းခေါင်းဆောင်သည် လက်ရှိဘောလုံးရာသီ၌ ရီးရဲယ်မက်ဒရစ်အသင်းအတွက် (၁၅) ပွဲသာ ပါဝင်ကစားခွင့်ရရှိထားပြီး ဒဏ်ရာပြဿနာများနဲ့ အမြဲလိုလိုရုန်းကန်နေရသည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ဂါရတ်ဘေးလ်ရဲ့ ရီးရဲယ်မက်ဒရစ် ကစားသမားဘဝအနာဂတ်က မရေရာမှုများနဲ့ ပြည့်နှက်နေပြီး Daily Express သတင်းဌာနရဲ့ ဖော်ပြချက်အရ စပါးအသင်းက ဂါရတ်ဘေးလ်ကို ပြန်လည်ခေါ်ယူရန်အတွက် ရီးရဲယ်မက်ဒရစ်အသင်းနဲ့ ဆွေးနွေးနေပြီလို့ သိရှိရပါတယ်။ ဂါရတ်ဘေးလ်နဲ့ ရီးရဲယ်မက်ဒရစ်အသင်းတို့ကြား စာချုပ်သက်တမ်းက (၂) နှစ်ခွဲကျန်ရှိနေသေးပြီး စပါးအသင်းအနေနဲ့ ဂါရတ်ဘေးလ်အတွက် တစ်ပတ်လုပ်ခ ပေါင် (၆) သိန်းအနည်းဆုံး ပေးချေရဖွယ်ရှိနေပါတယ်။

- Advertisement -

ရီးရဲယ်မက်ဒရစ်အသင်းက ဂါရတ်ဘေးလ်ကို အငှားချရန် စိတ်ကူးမရှိဘဲ အပြီးသတ်ရောင်းချရန်သာ စိတ်ကူးရှိနေကြောင်းလည်း သတင်းများက ဖော်ပြလျက်ရှိပါတယ်။ ဂါရတ်ဘေးလ်သည် စပါးအသင်း၌ (၂၀၀၇) ခုနှစ်မှ (၂၀၁၃) ခုနှစ်အထိ ကစားခဲ့ပြီး မြောက်လန်ဒန်မြို့ခံကလပ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၀၃) ပွဲကစား၊ (၅၅) ဂိုး သွင်းယူပေးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

အသင္းရဲ႕ၾကယ္ပြင့္ကစားသမားေဟာင္းကို ျပန္လည္ေခၚယူရန္ ႀကိဳးစားေနသည့္ ေတာ့တင္ဟမ္ ေဟာ့စပါး။

စပါးအသင္းသည္ အသင္းရဲ႕ၾကယ္ပြင့္ကစားသမားေဟာင္းျဖစ္သူ ဂါရတ္ေဘးလ္ကို ျပန္လည္ေခၚယူရန္အတြက္ ရီးရဲယ္မက္ဒရစ္အသင္းနဲ႔ ေဆြးေႏြးလ်က္ရွိေၾကာင္း သိရွိရပါတယ္။ အသက္ (၃၀) အရြယ္ရွိၿပီျဖစ္သူ အဆိုပါ  ေဝးလ္စ္လက္ေရြးစင္အသင္းေခါင္းေဆာင္သည္ လက္ရွိေဘာလံုးရာသီ၌ ရီးရဲယ္မက္ဒရစ္အသင္းအတြက္ (၁၅) ပဲြသာ ပါဝင္ကစားခြင့္ရရွိထားၿပီး ဒဏ္ရာျပႆနာမ်ားနဲ႔ အၿမဲလိုလိုရုန္းကန္ေနရသည့္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

ဂါရတ္ေဘးလ္ရဲ႕ ရီးရဲယ္မက္ဒရစ္ ကစားသမားဘဝအနာဂတ္က မေရရာမႈမ်ားနဲ႔ ျပည့္ႏွက္ေနၿပီး Daily Express သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ စပါးအသင္းက ဂါရတ္ေဘးလ္ကို ျပန္လည္ေခၚယူရန္အတြက္ ရီးရဲယ္မက္ဒရစ္အသင္းနဲ႔ ေဆြးေႏြးေနၿပီလို႔ သိရွိရပါတယ္။ ဂါရတ္ေဘးလ္နဲ႔ ရီးရဲယ္မက္ဒရစ္အသင္းတုိ႔ၾကား စာခ်ဳပ္သက္တမ္းက (၂) ႏွစ္ခဲြက်န္ရွိေနေသးၿပီး စပါးအသင္းအေနနဲ႔ ဂါရတ္ေဘးလ္အတြက္ တစ္ပတ္လုပ္ခ ေပါင္ (၆) သိန္းအနည္းဆံုး ေပးေခ်ရဖြယ္ရွိေနပါတယ္။

ရီးရဲယ္မက္ဒရစ္အသင္းက ဂါရတ္ေဘးလ္ကို အငွားခ်ရန္ စိတ္ကူးမရွိဘဲ အၿပီးသတ္ေရာင္းခ်ရန္သာ စိတ္ကူးရွိေနေၾကာင္းလည္း သတင္းမ်ားက ေဖာ္ျပလ်က္ရွိပါတယ္။ ဂါရတ္ေဘးလ္သည္ စပါးအသင္း၌ (၂၀၀၇) ခုႏွစ္မွ (၂၀၁၃) ခုႏွစ္အထိ ကစားခဲ့ၿပီး ေျမာက္လန္ဒန္ၿမိဳ႕ခံကလပ္အသင္းအတြက္ ၿပိဳင္ပဲြစံု (၂၀၃) ပြဲကစား၊ (၅၅) ဂိုး သြင္းယူေပးႏိုင္ခဲ့ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

 

- Advertisement -

Must Read