တောရိုင်းတိရိစ္ဆာန်ပေါင်းများစွာကို သေကျေပျက်စီးစေခဲ့သည့် သြစတြေးလျတောမီးလောင်ကျွမ်းမှုအတွက် ကမ္ဘာအနှံ့မှ အလှူရှင်များက မြောက်မြားစွာသော အလှူငွေများ လှူဒါန်းလျက်ရှိပါတယ်။ ထိုအထဲ၌ ကမ္ဘာကျော်အနုပညာရှင်များလည်း ပါဝင်ပြီး သြစတြေးလျနိုင်ငံရဲ့ တောမီးလောင်ကျွမ်းမှုအတွက် လှူဒါန်းခဲ့သည့် နာမည်ကျော်အချို့ကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ Chris Hemsworth
The Avengers ရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်ခဲ့သည့် Hemsworth သည် ပြီးခဲ့သည့် ဇန်နဝါရီလ (၆) ရက်နေ့က သူ့ရဲ့မိခင်နိုင်ငံဖြစ်သည့် သြစတြေးလျနိုင်ငံမှ မီးသတ်သမားများအတွက် ထောက်ပံ့ငွေ ဒေါ်လာ (၁) သန်း လှူဒါန်းကြောင်း သူ့ရဲ့အင်စတာဂရမ်မှတစ်ဆင့် ရေးသားခဲ့ပါတယ်။
၂။ Pink
https://www.instagram.com/p/B642EczJSFH/?utm_source=ig_embed
အသက် (၄၀) အရွယ်ရှိပြီဖြစ်သူ Pink က ဇန်နဝါရီလ (၃) ရက်နေ့က သြစတြေးလျမီးသတ်တပ်ဖွဲ့များကို ဒေါ်လာ (၅) သိန်းလှူဒါန်းကြောင်း ကြေညာခဲ့ပြီး သြစတြေးလျပြည်သူများနဲ့ တစ်သားတည်းရှိနေကြောင်းလည်း သူမရဲ့ အင်စတာဂရမ်၌ ရေးသားခဲ့ပါတယ်။
၃။ Leonardo DiCaprio
ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသားကြီးကလည်း သြစတြေးလျ တောမီးလောင်ကျွမ်းမှုအတွက် ဒေါ်လာ (၃) သန်း လှူဒါန်းကြောင်း ဇန်နဝါရီလ (၉) ရက်နေ့က ကြေညာခဲ့ပါတယ်။ DiCaprio အနေဖြင့် အဆိုပါအလှူငွေများကို သူတည်ထောင်ထားသည့် “The Earth Alliance” အမည်ရ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းမှတစ်ဆင့် လှူဒါန်းခဲ့ခြင်းလည်း ဖြစ်ပါတယ်။
၄။ Kylie Jenner
Kylie Jenner သည်လည်း စေတနာ့ဝန်ထမ်းမီးသတ်သမားများ၊ ဒဏ်ရာရရှိခဲ့သူများနဲ့ တောမီးကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသူများအတွက် ဒေါ်လာ (၁) သန်း လှူဒါန်းကြောင်း ဇန်နဝါရီလ (၇) ရက်နေ့က အတည်ပြုခဲ့ပါတယ်။
၅။ Shawn Mendes
Mercy သီချင်းကို သီဆိုခဲ့သည့် Shawn Mendes သည် သြစတြေးလျသို့ နောက်ဆုံးအကြိမ် သွားရောက်လည်ပတ်ခဲ့စဉ်က သားပိုက်ကောင်လေးများကို အစာကျွေးနေသည့် ဓာတ်ပုံများကို ရိုက်ကူးခဲ့သူဖြစ်ပြီး သူနဲ့အတူ ပါဝင်လှူဒါန်းရန်အတွက်လည်း ပရိသတ်များကိုတိုက်တွန်းခဲ့ကြောင်း သိရှိရပါတယ်။
၆။ Halsey
Halsey သည် New Year’s Eve ပွဲတော်အဖြစ် သြစတြေးလျနိုင်ငံသို့ သွားရောက်ဖျော်ဖြေရန် ပြင်ဆင်ထားပေမယ့် တောမီးလောင်ကျွမ်းမှုကြောင့် အဆိုပါအစီအစဉ်က ပျက်ပြယ်ခဲ့ရပါတယ်။ ဒါပေမယ့် မဲလ်ဘုန်းမြို့၌ နောက်ထပ်ဖျော်ဖြေပွဲတစ်ပွဲကို ကျင်းပသွားမှာဖြစ်ပြီး အဆိုပါပွဲမှ ရရှိလာသည့် အကျိုးအမြတ်အားလုံးကို တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသူများထံ လှူဒါန်းသွားရန် ပြင်ဆင်ထားပါတယ်။
၇။ Selena Gomez
Selena က သူမရဲ့ တွစ်တာမှတစ်ဆင့် “သြစတြေးလျမှာ တောမီးတွေက အကြီးအကျယ်လောင်ကျွမ်းနေပါတယ်။ ဒီတောမီးကြောင့် နစ်နာဆုံးရှုံးရသူ အားလုံးအတွက် ဆုတောင်းပေးနေပြီး ကျွန်မကိုယ်တိုင်လည်း လှူဒါန်းမှုတွေ ပြုလုပ်နေပါတယ်။ ရှင်တို့လည်း တတ်နိုင်သလောက် လှူဒါန်းပေးကြရင် ကျွန်မ တကယ်ပျော်ရွှင်မိမှာပါ။” ဟု ရေးသားခဲ့ကြောင်း သိရှိရပါတယ်။
<Unicode Version>
ၾသစေၾတးလ်ေတာမီးအတြက္ ေထာက္ပံ့ေငြမ်ားလွဴဒါန္းခဲ့သည့္ ကမာၻေက်ာ္အႏုပညာရွင္မ်ား။
ေတာရိုင္းတိရိစာၦန္ေပါင္းမ်ားစြာကို ေသေက်ပ်က္စီးေစခဲ့သည့္ ၾသစေၾတးလ်ေတာမီးေလာင္ကြ်မ္းမႈအတြက္ ကမာၻအႏံွ႔မွ အလွဴရွင္မ်ားက ေျမာက္ျမားစြာေသာ အလွဴေငြမ်ား လွဴဒါန္းလ်က္ရွိပါတယ္။ ထိုအထဲ၌ ကမာၻေက်ာ္အႏုပညာရွင္မ်ားလည္း ပါဝင္ၿပီး ၾသစေၾတးလ်ႏိုင္ငံရဲ႕ ေတာမီးေလာင္ကြ်မ္းမႈအတြက္ လွဴဒါန္းခဲ့သည့္ နာမည္ေက်ာ္အခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ရပါတယ္။
၁။ Chris Hemsworth
The Avengers ရဲ႕ ၾကယ္ပြင့္တစ္ဦးျဖစ္ခဲ့သည့္ Hemsworth သည္ ၿပီးခဲ့သည့္ ဇန္နဝါရီလ (၆) ရက္ေန႔က သူ႔ရဲ႕မိခင္ႏိုင္ငံျဖစ္သည့္ ၾသစေၾတးလ်ႏိုင္ငံမွ မီးသတ္သမားမ်ားအတြက္ ေထာက္ပံ့ေငြ ေဒၚလာ (၁) သန္း လွဴဒါန္းေၾကာင္း သူ႔ရဲ႕အင္စတာဂရမ္မွတစ္ဆင့္ ေရးသားခဲ့ပါတယ္။
၂။ Pink
https://www.instagram.com/p/B642EczJSFH/?utm_source=ig_embed
အသက္ (၄၀) အရြယ္ရွိၿပီျဖစ္သူ Pink က ဇန္နဝါရီလ (၃) ရက္ေန႔က ၾသစေၾတးလ်မီးသတ္တပ္ဖဲြ႕မ်ားကို ေဒၚလာ (၅) သိန္းလွဴဒါန္းေၾကာင္း ေၾကညာခဲ့ၿပီး ၾသစေၾတးလ်ျပည္သူမ်ားနဲ႔ တစ္သားတည္းရွိေနေၾကာင္းလည္း သူမရဲ႕ အင္စတာဂရမ္၌ ေရးသားခဲ့ပါတယ္။
၃။ Leonardo DiCaprio
ေဟာလိဝုဒ္ရဲ႕ နာမည္ေက်ာ္မင္းသားႀကီးကလည္း ၾသစေၾတးလ် ေတာမီးေလာင္ကြ်မ္းမႈအတြက္ ေဒၚလာ (၃) သန္း လွဴဒါန္းေၾကာင္း ဇန္နဝါရီလ (၉) ရက္ေန႔က ေၾကညာခဲ့ပါတယ္။ DiCaprio အေနျဖင့္ အဆုိပါအလွဴေငြမ်ားကို သူတည္ေထာင္ထားသည့္ “The Earth Alliance” အမည္ရ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အဖဲြ႕အစည္းမွတစ္ဆင့္ လွဴဒါန္းခဲ့ျခင္းလည္း ျဖစ္ပါတယ္။
၄။ Kylie Jenner
Kylie Jenner သည္လည္း ေစတနာ့ဝန္ထမ္းမီးသတ္သမားမ်ား၊ ဒဏ္ရာရရွိခဲ့သူမ်ားနဲ႔ ေတာမီးေၾကာင့္ ေနအိမ္ဆံုးရံႈးခဲ့ရသူမ်ားအတြက္ ေဒၚလာ (၁) သန္း လွဴဒါန္းေၾကာင္း ဇန္နဝါရီလ (၇) ရက္ေန႔က အတည္ျပဳခဲ့ပါတယ္။
၅။ Shawn Mendes
Mercy သီခ်င္းကို သီဆိုခဲ့သည့္ Shawn Mendes သည္ ၾသစေၾတးလ်သို႔ ေနာက္ဆံုးအႀကိမ္ သြားေရာက္လည္ပတ္ခဲ့စဥ္က သားပိုက္ေကာင္ေလးမ်ားကို အစာေကြ်းေနသည့္ ဓာတ္ပံုမ်ားကို ရိုက္ကူးခဲ့သူျဖစ္ၿပီး သူနဲ႔အတူ ပါဝင္လွဴဒါန္းရန္အတြက္လည္း ပရိသတ္မ်ားကိုတိုက္တြန္းခဲ့ေၾကာင္း သိရွိရပါတယ္။
၆။ Halsey
Halsey သည္ New Year’s Eve ပဲြေတာ္အျဖစ္ ၾသစေၾတးလ်ႏိုင္ငံသို႕ သြားေရာက္ေဖ်ာ္ေျဖရန္ ျပင္ဆင္ထားေပမယ့္ ေတာမီးေလာင္ကြ်မ္းမႈေၾကာင့္ အဆုိပါအစီအစဥ္က ပ်က္ျပယ္ခဲ့ရပါတယ္။ ဒါေပမယ့္ မဲလ္ဘုန္းၿမိဳ႕၌ ေနာက္ထပ္ေဖ်ာ္ေျဖပဲြတစ္ပဲြကို က်င္းပသြားမွာျဖစ္ၿပီး အဆုိပါပြဲမွ ရရွိလာသည့္ အက်ိဳးအျမတ္အားလံုးကို ေတာမီးေလာင္ကြ်မ္းမႈေၾကာင့္ ပ်က္စီးဆံုးရံႈးခဲ့ရသူမ်ားထံ လွဴဒါန္းသြားရန္ ျပင္ဆင္ထားပါတယ္။
၇။ Selena Gomez
Selena က သူမရဲ႕ တြစ္တာမွတစ္ဆင့္ “ၾသစေၾတးလ်မွာ ေတာမီးေတြက အႀကီးအက်ယ္ေလာင္ကြ်မ္းေနပါတယ္။ ဒီေတာမီးေၾကာင့္ နစ္နာဆံုးရံႈးရသူ အားလံုးအတြက္ ဆုေတာင္းေပးေနၿပီး ကြ်န္မကိုယ္တိုင္လည္း လွဴဒါန္းမႈေတြ ျပဳလုပ္ေနပါတယ္။ ရွင္တို႔လည္း တတ္ႏိုင္သေလာက္ လွဴဒါန္းေပးၾကရင္ ကြ်န္မ တကယ္ေပ်ာ္ရႊင္မိမွာပါ။” ဟု ေရးသားခဲ့ေၾကာင္း သိရွိရပါတယ္။
<Zawgyi Version>
Source ~ US Magazine
#HM(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share