နှစ်သစ်ကူးအားလပ်ရက်တွေ ပြီးဆုံးသွားလို့ စိတ်ညစ်နေကြပြီလား ? ? ? (၂၀၂၀) ခုနှစ်မှာ ပိတ်ရက်တွေအများကြီးက စောင့်မျှော်နေသေးတာကြောင့် အေးအေးလူလူအနားယူချင်ပြီး ငွေကြေးတတ်နိုင်တဲ့သူတွေအတွက် ဒီနှစ်အတွင်း သွားရောက်လည်ပတ်သင့်တဲ့နေရာ (၅) ခုကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ ဘာမြူဒါ။
ဘာမြူဒါဒေသရဲ့ နေဝင်ဆည်းဆာအချိန်လေးကို ရမ်တစ်ခွက်နဲ့ သာသာယာယာ ခံစားနေတယ်လို့ မျက်လုံးလေးမှိတ်ပြီး စိတ်ကူးယဉ်ကြည့်လိုက်ပါ။ လက်ရှိအချိန်မှာလည်း အဆိုပါကျွန်းပေါ်က ဟိုတယ်တွေကို (၅၀) ရာခိုင်နှုန်းအထိ လျှော့စျေးပေးထားတာကြောင့် အမြန်ဆုံးဘွတ်ကင်လုပ်ထားဖို့တော့ လိုအပ်ပါတယ်။
၂။ မိုင်ယာမီကမ်းခြေ။
ကမ်းခြေသွားရတာကို ချစ်မြတ်နိုးသူတွေအတွက် မဖြစ်မနေရောက်ဖူးသင့်တဲ့ နာမည်ကျော် ကမ်းခြေတစ်ခုလို့တောင်ဆိုရမှာပါ။ လက်ရှိအချိန်မှာလည်း မိုင်ယာမီကိုသွားမယ့် အမေရိကန်လေကြောင်းလိုင်းတွေက မတ်လ (၃၁) ရက်နေ့အထိ (၂၀) ရာခိုင်နှုန်း စျေးလျှော့ပေးထားပါတယ်။
၃။ နယူးယော့ခ်။
နာမည်ကျော်မြို့ကြီးတစ်မြို့ဖြစ်ပြီး ခရီးသွားရတာကို ချစ်မြတ်နိုးသူများအတွက် အိပ်မက်မြို့လေးတစ်မြို့လည်း ဖြစ်ပါတယ်။ ပီဇာချစ်သူများအတွက်လည်း အကောင်းဆုံးမြို့ဖြစ်ပြီး ပြဇာတ်ရုံများ၊ ပွဲတော်များဖြင့် အမြဲတမ်း စည်ကားနေတတ်သည့် မြို့ဖြစ်ပါတယ်။
၄။ ဂျမေကာ။
နာမည်ကျော်အိုလံပစ် အပြေးသမား အူစိန်ဘော့ရဲ့ မိခင်နိုင်ငံဖြစ်ပြီး သွားရောက်လည်ပတ်ချင်စရာ မြို့လေးတစ်မြို့လည်း ဖြစ်ပါတယ်။
၅။ ဒိုမီနီကန်။
ကာရေဘီယံဒေသတွင်းမှ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တစ်နှစ်ပတ်လုံး ပျမ်းမျှအပူချိန် (၈၀) ဒီဂရီဖာရင်ဟိုက်အထိ ရှိတာကြောင့် ဥရောပရဲ့အေးခဲတဲ့ရာသီဥတုကို ရှောင်ရှားလိုသူများအတွက် သွားရောက်လည်ပတ်ရန် သင့်တော်တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။
<Unicode Version>
(၂၀၂၀) ခုနှစ်အတွင်း သွားရောက်လည်ပတ်သင့်တဲ့ နေရာ (၅) ခု။
၁။ ဘာမြူဒါ။
၂။ မိုင်ယာမီကမ်းခြေ။
၃။ နယူးယော့ခ်။
၎။ ဂျမေကာ။
၅။ ဒိုမီနီကန်။
<Zawgyi Version>
Source ~ Marieclaire
#HM(Soshwe)
#soshwetravel
#soshweforyourdailylife
#likeandshare