Breaking News
ထောပတ်သီးကို နေ့စဉ်စားသုံးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ။
ထောပတ်သီးချစ်သူများအတွက်တော့ ထောပတ်သီးရဲ့အရသာဟာ တကယ်ကို ထူးခြားအံ့မခန်းလို့တောင်  ပြောလို့ရပါတယ်။ ဒါပေမယ့် အရသာအပြင် ဒီအသီးကို စားသုံးခြင်းဖြင့် ကျန်းမာရေးနဲ့ ကိုက်ညီသည့် အကျိုးကျေးဇူးများရှိနေသည်ကိုလည်း နယူးယော့ခ်တိုင်းမ်စ်သတင်းစာမှ Frank Lipman က “ထောပတ်သီးတွေက သဘာဝအတိုင်း စားသုံးလို့ရတဲ့ အစားအစာအနည်းငယ်ထဲက တစ်ခုပါ။ ကျွန်တော်ကတော့ ခင်ဗျားတို့ကို တစ်ပတ်မှာ အကြိမ်ပေါင်းများစွာ ထောပတ်သီးစားသုံးပေးဖို့ တိုက်တွန်းချင်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။ အဲ့ဒါကြောင့် ထောပတ်သီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကိုလည်း Soshwe မှ စာဖတ်ပရိသတ်တွေသိရှိအောင်    ဖော်ပြပေးလိုက်ရပါတယ်။
၁။ ကိုလက်စထရောမြင့်မားလာခြင်း။
ထောပတ်သီးသည် ပင်ကိုုယ်အားဖြင့် ကယ်လိုရီများပြားသည့် အသီးတစ်ခုဖြစ်ပေမယ့် ထောပတ်သီး၌ ပါဝင်သည့် ကယ်လိုရီများသည် ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့် monounsaturated အဆီများဖြစ်ပါတယ်။ အဆိုပါအဆီများသည် ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးဖြစ်စေသည့် ကောင်းမွန်သော ကိုလက်စထရောကို တိုးမြင့်စေပြီး မကောင်းသည့် ကိုလက်စထရောများကို လျော့ကျစေပါတယ်။
၂။ အစာချေစနစ်ကို ကောင်းမွန်စေခြင်း။
ထောပတ်သီးအတွင်း၌ အသီးရဲ့အရွယ်အစားအပေါ် မူတည်ပြီး (၅) ဂရမ်ထက်နည်းပါးသည့်  အမျှင်ဓာတ်တစ်မျိုး ပါဝင်ပါတယ်။ အဆိုပါဓာတ်သည် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်သည့်အပြင် အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်ပါဝင်သည့် အစားအစာများသည် အချိန်ကြာကြာဗိုက်ပြည့်နေစေပြီး ထောပတ်သီးအစိတ်များကို ပေါင်မုန့်၊ ဆင်းဒွစ်ချ် နဲ့ အသုပ်များထဲ၌ ထည့်စားခြင်းဖြင့် (၃) နာရီကြာအောင် ဗိုက်မဆာဘဲ နေနိုင်ကြောင်း သိရှိရပါတယ်။
၃။ ရောဂါပိုးမွှားများကို ကာကွယ်ပေးနိုင်ခြင်း။
ထောပတ်သီးမှ ဗီတာမင်ဘီဓာတ်ကို အများဆုံးရရှိနိုင်ပြီး အဆိုပါဗီတာမင်ဓာတ်သည် ပြင်ပရောဂါများနဲ့  ရောဂါပိုးမွှားများ ကူးစက်ခြင်းကို အဓိကကာကွယ်ပေးနိုင်ပါတယ်။ ထောပတ်သီး၌ ဗီတာမင်စီ၊ ဗီတာမင်အီးဓာတ်များအပြင် အပင်များမှ သဘာဝအတိုင်း ရရှိသည့်ဓာတ်များလည်း ပါဝင်ပြီး အဆိုပါဓာတ်များသည် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်သည့် ဓာတ်များပင်ဖြစ်ပါတယ်။ ဒါ့အပြင်  ထောပတ်သီးကို စားသုံးခြင်းဖြင့် မျက်စိအတွင်းတိမ်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ကြောင်း သိရှိရပါတယ်။
၄။ ကောင်းမွန်စွာ အိပ်ပျော်နိုင်ခြင်း။
ထောပတ်သီးတစ်ဝက်၌ပင် မဂ္ဂနီဆီယမ်ဓာတ် (၁၉.၅) မီလီဂရမ်ပါဝင်ပြီး အဆိုပါဓာတ်များသည် စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်ခြင်းကြောင့် ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ကြောင်း သိရှိရပါတယ်။
၅။ အသားအရေကို သဘာဝအတိုင်း ဝင်းပစေနိုင်ခြင်း။
ထောပတ်သီးကို ပုံမှန်စားသုံးခြင်းဖြင့် ဝင်းပသည့်အသားအရေ၊ ကြည်လင်သည့်မျက်လုံး နဲ့ တောက်ပသည့် ဆံကေသာတို့ကိုလည်း ပိုင်ဆို်င်နိုင်ပါသေးတယ်။
<Unicode Version>
ထောပတ်သီးကို ပုံမှန်စားသုံးခြင်းဖြင့် ဝင်းပသည့်အသားအရေ၊ ကြည်လင်သည့်မျက်လုံး နဲ့ တောက်ပသည့် ဆံကေသာတို့ကိုလည်း ပိုင်ဆိုင်နိုင်ပါသေးတယ်။
<Zawgyi Version>
#soshwebeautyandhealth
#soshweforyourdailylife
#likeandshare
About So Shwe
Check Also
လူတော်တော်များများ နံနံပင်ကို မုန်းတီးရခြင်းနဲ့ပက်သက်ပြီး လေ့လာတွေ့ရှိမှု။
ကျွန်မတို့အနေနဲ့ စားသောက်ဆိုင်တစ်ခုခုမှာ တခြားသောစားသုံးသူပဲဖြစ်ဖြစ်၊ ကိုယ့်နဲ့အတူလိုက်လာတဲ့ သူငယ်ချင်းကပဲဖြစ်ဖြစ် စားပွဲထိုး (သို့) စားဖိုမှူးကို “နံနံပင်မထည့်နဲ့နော်။”ဆိုပြီး သတိပေးတဲ့ စကားမျိုးကို မကြာခဏကြားရမှာပါ။ ကမ္ဘာနဲ့ချီပြီးပြောရမယ်ဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းမှာတော့ နံနံပင်ကို …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro