Breaking News

အင်တာမီလန်ကစားသမားတစ်ယောက်ကို ပေါင်သန်း (၈၀) ပေးပြီးခေါ်ယူရန် ပြင်ဆင်နေသည့် မန်စီးတီး။

မန်စီးတီးအသင်းသည် လာမယ့်နွေရာသီအပြောင်းအရွှေ့၌ အင်တာမီလန်အသင်းနောက်ခံလူ ရှာကရီညာကို  ပြောင်းရွှေ့ကြေးပေါင်သန်း (၈၀) ဖြင့် ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရှိရပါတယ်။ ပရီးမီးယားလိဂ်ဖလားကို (၃) နှစ်ဆက်တိုက် ရယူရန် ရည်ရွယ်ခဲ့ပေမယ့် လက်ရှိအချိန်၌ မျှော်လင့်ချက်နည်းပါးသွားသည့်အတွက် မန်စီးတီးနည်းပြ ဂွါဒီယိုလာက လာမယ့်နွေရာသီ၌ အသင်းရဲ့လူစာရင်းကို အပြောင်းအလဲပြုလုပ်ရန် ပြင်ဆင်နေခြင်းဖြစ်ပါတယ်။

ဒဏ်ရာပြဿနာများကြောင့် လက်ရှိမန်စီးတီးအသင်းရဲ့ ခံစစ်၌ ဖာနန်ဒင်ဟို၊ အော်တာမန်ဒီတို့ကို အသုံးပြုနေရပြီး ဂွါဒီယိုလာက နောက်ခံလူအသစ်တစ်ဦး ထပ်မံခေါ်ယူရန် ဆန္ဒရှိနေပါတယ်။ စပိန်သတင်းစာများရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းအနေနဲ့ အင်တာမီလန်အသင်းရဲ့ နောက်ခံလူ ရှာကရီညာကို ရီးရဲယ်မက်ဒရစ်အသင်းနဲ့ အပြိုင် ကမ်းလှမ်းသွားရန် ပြင်ဆင်နေပါတယ်။

အဆိုပါဆလိုဗက်ကီးယားနောက်ခံလူသည် အင်တာမီလန်အသင်းကို စတင်ရောက်ရှိသည့် (၂၀၁၇) ခုနှစ်မှ စတင်ကာ စီးရီးအေပွဲပေါင်း (၉၃) ပွဲ ပွဲထွက်ခွင့်ရရှိခဲ့ပြီး လက်ရှိဘောလုံးရာသီမှာလည်း ဂျူဗင်တပ်စ်အသင်းနဲ့ အပြိုင် စီးရီးအေအမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်ရန်ကြိုးစားနေသည့် အင်တာမီလန်အသင်းအတွက် အဓိက ကစားသမားအဖြစ် အသုံးတော်ခံလျက်ရှိပါတယ်။ အခြားသောသတင်းများရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းနဲ့ အင်တာမီလန်အသင်းတို့ကြား လက်ရှိအချိန်တည်းက ရှာကရီညာအတွက် ကနဦးသဘောတူညီမှုများ ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

အင္တာမီလန္ကစားသမားတစ္ေယာက္ကို ေပါင္သန္း (၈၀) ေပးၿပီးေခၚယူရန္ ျပင္ဆင္ေနသည့္ မန္စီးတီး။

မန္စီးတီးအသင္းသည္ လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕၌ အင္တာမီလန္အသင္းေနာက္ခံလူ ရွာကရီညာကို  ေျပာင္းေရႊ႕ေၾကးေပါင္သန္း (၈၀) ျဖင့္ ေခၚယူရန္ ျပင္ဆင္ေနေၾကာင္း သိရွိရပါတယ္။ ပရီးမီးယားလိဂ္ဖလားကို (၃) ႏွစ္ဆက္တိုက္ ရယူရန္ ရည္ရြယ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္၌ ေမွ်ာ္လင့္ခ်က္နည္းပါးသြားသည့္အတြက္ မန္စီးတီးနည္းျပ ဂြါဒီယိုလာက လာမယ့္ေႏြရာသီ၌ အသင္းရဲ႕လူစာရင္းကို အေျပာင္းအလဲျပဳလုပ္ရန္ ျပင္ဆင္ေနျခင္းျဖစ္ပါတယ္။

ဒဏ္ရာျပႆနာမ်ားေၾကာင့္ လက္ရွိမန္စီးတီးအသင္းရဲ႕ ခံစစ္၌ ဖာနန္ဒင္ဟို၊ ေအာ္တာမန္ဒီတို႔ကို အသံုးျပဳေနရၿပီး ဂြါဒီယိုလာက ေနာက္ခံလူအသစ္တစ္ဦး ထပ္မံေခၚယူရန္ ဆႏၵရွိေနပါတယ္။ စပိန္သတင္းစာမ်ားရဲ႕ ေဖာ္ျပခ်က္အရ မန္စီးတီးအသင္းအေနနဲ႔ အင္တာမီလန္အသင္းရဲ႕ ေနာက္ခံလူ ရွာကရီညာကို ရီးရဲယ္မက္ဒရစ္အသင္းနဲ႔ အၿပိဳင္ ကမ္းလွမ္းသြားရန္ ျပင္ဆင္ေနပါတယ္။

အဆိုပါဆလိုဗက္ကီးယားေနာက္ခံလူသည္ အင္တာမီလန္အသင္းကို စတင္ေရာက္ရွိသည့္ (၂၀၁၇) ခုႏွစ္မွ စတင္ကာ စီးရီးေအပဲြေပါင္း (၉၃) ပဲြ ပဲြထြက္ခြင့္ရရွိခဲ့ၿပီး လက္ရွိေဘာလံုးရာသီမွာလည္း ဂ်ဴဗင္တပ္စ္အသင္းနဲ႔ အၿပိဳင္ စီးရီးေအအမွတ္ေပးခ်န္ပီယံဆုကို စိန္ေခၚရန္ႀကိဳးစားေနသည့္ အင္တာမီလန္အသင္းအတြက္ အဓိက ကစားသမားအျဖစ္ အသံုးေတာ္ခံလ်က္ရွိပါတယ္။ အျခားေသာသတင္းမ်ားရဲ႕ ေဖာ္ျပခ်က္အရ မန္စီးတီးအသင္းနဲ႔ အင္တာမီလန္အသင္းတို႔ၾကား လက္ရွိအခ်ိန္တည္းက ရွာကရီညာအတြက္ ကနဦးသေဘာတူညီမႈမ်ား ရရွိရန္ နီးစပ္ေနၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

Source ~ Sportsmole

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

 

 

About So Shwe

Check Also

ဖလွိုက်မေဝဲလ်သာပိုင်ဆိုင်သည့် ဒေါ်လာ (၂၅) သန်းတန် စံအိမ်ကြီးအကြောင်း။

လက်ဝှေ့အကျော်အမော် မေဝဲလ်သာသည် အိမ်ခြံမြေနဲ့ ပတ်သက်သည့် စီးပွါးရေးလုပ်ငန်းများကို အလွန်အမင်းစိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး အိမ်များကို ဝယ်ယူစုဆောင်းသည့်နေရာ၌လည်း ဝါသနာထုံသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ မက်ဂရီဂေါ်ကို အနိုင်ရရှိပြီးနောက် မေဝဲလ်သာက ကယ်လီဖိုးနီးယားရှိ သူ့ရဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro