ကြွက်သားလုံးကြီးတွေ ကြွထနေတဲ့ခန္ဓာကိုယ်ကို ရရှိဖို့ဆိုရင်တော့ နှစ်ရှည်လများ လေ့ကျင့်ခန်းကို ပြင်းထန်စွာ လုပ်ဖို့လိုအပ်ပါတယ်။ ဒါမှလည်း ကျစ်လစ်ခိုင်မာပြီး ကြွက်သားထုကြီးတွေ ပြည့်နှက်နေတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် အသက်၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Kirill Tereshin ဆိုသူဟာ ကြွက်သားထုကြီးတွေ ထကြွနေတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့အတွက် ပြင်းထန်တဲ့ လေ့ကျင့်ခန်းကို မပြုလုပ်ဘဲ ဖြတ်လမ်းနည်းကို အသုံးပြုခဲ့ပါတယ်။ စည်ပိုင်းသဏ္ဍာန်ခန္ဓာကိုယ်ရရှေိအာင် သူ့ရဲ့လက်မောင်းတွေမှာ “Synthol” လို့ခေါ်တဲ့ အဆီတစ်မျိုးကို ထိုးသွင်းခဲ့ပြီး အဆိုပါ “Synthol” ဆိုတဲ့အဆီဟာ လက်မောင်းထဲ ဝင်ရောက်သွားတဲ့အချိန် ခန္ဓာကိုယ်အတွင်းမှာ ခဲသွားပြီး အချိန်ကြာလာတာနဲ့အမျှ ကြွက်သားအစစ်အမှန်တွေအတိုင်း မာကြောလာတော့တာပဲ ဖြစ်ပါတယ်။
Kirill Tereshin ဟာ “Vaseline” အလှကုန်ကုမ္ပဏီက ထုတ်လုပ်တဲ့ Petroleum Jelly ကို “Synthol” အဆီအဖြစ် ထိုးသွင်းခဲ့တာကြောင့် လှပကျစ်လစ်တဲ့ ခန္ဓာကိုယ်သဏ္ဍန်ကို ရရှိခဲ့ပြီး သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ကြွားလုံးထုတ်ခဲ့ပါတယ်။ Kirill ရဲ့လုပ်ရပ်ကို ချီးကျူးသူတွေကလည်း ချီးကျူးခဲ့ကြပြီး စိုးရိမ်စိတ်ကြောင့် အပြစ်တင် ဝေဖန်သူအများအပြားလည်း ရှိခဲ့ပါတယ်။
အဆိုပါ “Synthol” အဆီကို ခန္ဓာကိုယ်ထဲထိုးသွင်းခြင်းဟာ ဆိုးရွားတဲ့ ကျန်းမာရေးအကျိုးဆက်တွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့်လည်း Kirill Tereshin ဟာ အဆိုပါအဆီကို ခန္ဓာကိုယ်ထဲထိုးသွင်းပြီး သိပ်မကြာခင်မှာပဲ သွေးကြောပိတ်တဲ့ရောဂါဝေဒနာကို စတင်ခံစားလာရတာကြောင့် အဆိုပါအဆီတွေကို ပြန်လည်ခွဲထုတ်ခဲ့ရပါတယ်။
Kirill ဟာ Petroleum Jelly ကို ထိုးသွင်းခဲ့မိတာကြောင့် ဒီလိုဝေဒနာတွေ ခံစားရတာဖြစ်တယ်လို့ ယုံကြည်ခဲ့ပြီးနောက်မှာ သူ့ရဲ့မျက်နှာကို ပုံသွင်းချင်သေးတာကြောင့် စစ်မှန်တဲ့ “Synthol” အဆီကို ပါးရိုးထဲသို့ ထိုးသွင်းခဲ့ပါသေးတယ်။ “Synthol” အဆီကိုထိုးသွင်းပြီးတဲ့နောက်မှာတော့ Kirill ရဲ့ မျက်နှာအသွင်အပြင်ဟာ ပြောင်းလဲသွားခဲ့ပြီး ပိုပြီးကြည့်ကောင်းလာတယ်လို ့ ဆိုပါတယ်။
“Synthol” အဆီ အစစ်အမှန်ကို ခန္ဓာကိုယ်ထဲ ထိုးသွင်းခြင်းဟာ ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။ ဥပမာ – မိမိရဲ့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ကြွက်သားတွေကိုဖျက်ဆီးပစ်နိုင်ပြီး အာရုံကြောတွေကိုလည်း ပျက်စီးစေနိုင်တယ်လို ့ အမေရိကန်ပြည်ထောင်စု ဆေးပညာဌာနက သတိပေးနှိုးဆော်ထားပါတယ်။
<Unicode Version>
အခ်ိန္တိုအတြင္း ခႏၶာကိုယ္ႀကီးထြားလာေအာင္ ျပဳလုပ္ခ့ဲတ့ဲ ရုရွားကာယဗလေမာင္။
ၾကြက္သားလံုးႀကီးေတြ ႂကြထေနတဲ့ခႏၶာကိုယ္ကို ရရွိဖို႔ဆိုရင္ေတာ့ ႏွစ္ရွည္လမ်ား ေလ့က်င့္ခန္းကို ျပင္းထန္စြာ လုပ္ဖို႕လိုအပ္ပါတယ္။ ဒါမွလည္း က်စ္လစ္ခိုင္မာၿပီး ႂကြက္သားထုႀကီးေတြ ျပည့္ႏွက္ေနတဲ့ခႏၶာကိုယ္ကို ပိုင္ဆိုင္ရရွိမွာျဖစ္ပါတယ္။ ဒါေပမယ့္ အသက္၂၃ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ Kirill Tereshin ဆိုသူဟာ ႂကြက္သားထုႀကီးေတြ ထႂကြေနတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ဖို႔အတြက္ ျပင္းထန္တဲ့ ေလ့က်င့္ခန္းကို မျပဳလုပ္ဘဲ ျဖတ္လမ္းနည္းကို အသံုးျပဳခဲ့ပါတယ္။ စည္ပိုင္းသ႑ာန္ခႏၶာကိုယ္ရေရွိအာင္ သူ႔ရဲ႕လက္ေမာင္းေတြမွာ “Synthol” လို႔ေခၚတဲ့ အဆီတစ္မ်ိဳးကို ထိုးသြင္းခဲ့ၿပီး အဆိုပါ “Synthol” ဆိုတဲ့အဆီဟာ လက္ေမာင္းထဲ ဝင္ေရာက္သြားတဲ့အခ်ိန္ ခႏၶာကိုယ္အတြင္းမွာ ခဲသြားၿပီး အခ်ိန္ၾကာလာတာနဲ႔အမွ် ႂကြက္သားအစစ္အမွန္ေတြအတိုင္း မာေၾကာလာေတာ့တာပဲ ျဖစ္ပါတယ္။
Kirill Tereshin ဟာ “Vaseline” အလွကုန္ကုမၸဏီက ထုတ္လုပ္တဲ့ Petroleum Jelly ကို “Synthol” အဆီအျဖစ္ ထိုးသြင္းခဲ့တာေၾကာင့္ လွပက်စ္လစ္တဲ့ ခႏၶာကိုယ္သ႑န္ကို ရရွိခဲ့ၿပီး သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာ ႂကြားလံုးထုတ္ခဲ့ပါတယ္။ Kirill ရဲ႕လုပ္ရပ္ကို ခ်ီးက်ဴးသူေတြကလည္း ခ်ီးက်ဴးခဲ့ၾကၿပီး စိုးရိမ္စိတ္ေၾကာင့္ အျပစ္တင္ ေဝဖန္သူအမ်ားအျပားလည္း ရွိခဲ့ပါတယ္။
အဆိုပါ “Synthol” အဆီကို ခႏၶာကိုယ္ထဲထိုးသြင္းျခင္းဟာ ဆိုးရြားတဲ့ က်န္းမာေရးအက်ိဳးဆက္ေတြကို ခံစားရေစႏိုင္ပါတယ္။ ဒါေၾကာင့္လည္း Kirill Tereshin ဟာ အဆိုပါအဆီကို ခႏၶာကိုယ္ထဲထိုးသြင္းၿပီး သိပ္မၾကာခင္မွာပဲ ေသြးေၾကာပိတ္တဲ့ေရာဂါေဝဒနာကို စတင္ခံစားလာရတာေၾကာင့္ အဆိုပါအဆီေတြကို ျပန္လည္ခြဲထုတ္ခဲ့ရပါတယ္။
Kirill ဟာ Petroleum Jelly ကို ထိုးသြင္းခဲ့မိတာေၾကာင့္ ဒီလိုေဝဒနာေတြ ခံစားရတာျဖစ္တယ္လို႔ ယံုၾကည္ခဲ့ၿပီးေနာက္မွာ သူ႔ရဲ႕မ်က္ႏွာကို ပံုသြင္းခ်င္ေသးတာေၾကာင့္ စစ္မွန္တဲ့ “Synthol” အဆီကို ပါး႐ိုးထဲသို႕ ထိုးသြင္းခဲ့ပါေသးတယ္။ “Synthol” အဆီကိုထိုးသြင္းၿပီးတဲ့ေနာက္မွာေတာ့ Kirill ရဲ႕ မ်က္ႏွာအသြင္အျပင္ဟာ ေျပာင္းလဲသြားခဲ့ၿပီး ပိုၿပီးၾကည့္ေကာင္းလာတယ္လို ႔ ဆိုပါတယ္။
“Synthol” အဆီ အစစ္အမွန္ကို ခႏၶာကိုယ္ထဲ ထိုးသြင္းျခင္းဟာ ဆိုးက်ိဳးေတြ ခံစားရႏိုင္ပါတယ္။ ဥပမာ – မိမိရဲ႕ ခႏၶာကိုယ္အတြင္းမွာရွိတဲ့ ႂကြက္သားေတြကို ဖ်က္ဆီးပစ္ႏိုင္ၿပီး အာ႐ံုေၾကာေတြကိုလည္း ပ်က္စီးေစႏိုင္တယ္လို ႔ အေမရိကန္ျပည္ေထာင္စု ေဆးပညာဌာနက သတိေပးႏႈိးေဆာ္ထားပါတယ္။
<Zawgyi Version>
#SY(Soshwe)
#Soshwelifestyle
#SoshweForYourDailyLife
#Like&Share