HomeOtherAnimalsသခင်ဖြစ်သူကို အသက်ဘေးအန္တရာယ်ကျရောက်မှုကနေ ကယ်ဆယ်ခဲ့တဲ့ခွေးလေး။

သခင်ဖြစ်သူကို အသက်ဘေးအန္တရာယ်ကျရောက်မှုကနေ ကယ်ဆယ်ခဲ့တဲ့ခွေးလေး။

- Advertisement -

ပညာရှင်တွေအနေနဲ့ ခွေးလေးတွေရဲ့ သခင်အပေါ်ကို သစ္စာစောင့်သိမှုတွေ၊ ချစ်ခင်အလေးထားမှုတွေနဲ့ ပတ်သက်ပြီး နှစ်ရှည်လများ သုတေသနတွေပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါသုတေသနပညာရှင်တွေရဲ့  လေ့လာတွေ့ရှိချက်တွေအရ  ခွေးလေးတွေဟာ  သူတို့ချစ်ခင်နှစ်သက်တဲ့သခင်အပေါ်  ဘေးအန္တရာယ်တစ်ခုခု  ကျရောက်တော့မယ်ဆိုရင် ကြိုသိနေတတ်ပြီး ဟန့်တားတတ်ကြပါတယ်တဲ့။

 

အခုတစ်ခါမှာလည်း Kim လို့အမည်ရတဲ့ Golden Retriever ခွေးလေးဟာ သခင်ဖြစ်သူရဲ့ Passport စာအုပ်ကို တစ်စစီကိုက်ဖြဲခဲ့ပါတယ်။ ဒီအကြောင်းကို Kim ရဲ့သခင်ဖြစ်သူက သူ့ရဲ့ Facebook မှာ တင်ထားခဲ့ပြီး  ရေးသားထားတဲ့ စာတွေကိုကြည့်ရတာတော့ သူဟာ Kim အပေါ် အတော်လေးစိတ်ဆိုးနေပုံပါပဲ။ Kim ဟာ သူပျော်ရွှင်ဖို့အတွက်နဲ့ပဲ သခင်အတွက် အရေးကြီးတဲ့ Passport ကို ဖျက်ဆီးပစ်ရကောင်းလားဆိုပြီး  စိတ်ဆိုးဒေါကန်တော့တာပါပဲ။

- Advertisement -

- Advertisement -

 

Kim ရဲ့သခင်က သူ့ရဲ့လုပ််ရပ်အပေါ် စိတ်ဆိုးရခြင်း အကြောင်းအရင်းကလည်း ရှိနေပြန်ပါတယ်။ အဖြစ်အပျက်ကတော့ Kim ရဲ့သခင်ဟာ ဇန်နဝါရီလအကုန်လောက်မှာ သူ့ရဲ့မိသားစုနဲ့အတူ ဝူဟန်မြို့ကို အပန်းဖြေအလည်အပတ် သွားရောက်ဖို့ စီစဉ်ထားပြီးသားဖြစ်ပါတယ်။

 

Kim ရဲ့သခင်အနေနဲ့ သူ့ရဲ့Passport ဖျက်ဆီးခံရတဲ့အတွက် ပထမပိုင်းမှာတော့ အရမ်းစိတ်ဆိုးနေပေမယ့်  ရက်အနည်းငယ်ကြာတဲ့အခါမှာ ဝူဟန်မြို့မှာ Coronavirus လို့ခေါ်တဲ့ အဆုတ်ရောင်ရောဂါ  ပျံ့နှံ့နေတာကြောင့် ဝူဟန်မြို့သားတွေကလည်း ဝူဟန်မြို့အပြင်ကို ထွက်ခွင့်မရှိဘဲ  ဝူဟန်မြို့ထဲကိုလည်း ဘယ်နိုင်ငံခြားသားမှ ဝင်ရောက်ခွင့်မရှိတော့ဘူးဆိုတာကို Kim ရဲ့သခင်ဖြစ်သူက သိရှိလိုက်ရပါတယ်။

 

အဲ့ဒီနောက်ပိုင်းမှာတော့ Kim ရဲ့သခင်က Kim ပြုလုပ်ခဲ့မိတဲ့အမှားဟာ အဆော့သန်ခဲ့တာမဟုတ်ဘဲ သခင်နဲ့ သခင်ရဲ့မိသားစုကို တရုတ်နှစ်သစ်ကူးမှာ အေးချမ်းစွာဖြတ်သန်းနိုင်ဖို့ ကူညီပေးခဲ့တာဖြစ်ကြောင်းကို  သဘောပေါက်လာခဲ့ပါတယ်။

- Advertisement -

 

ဒါကြောင့်ပဲ လူတွေကပြောကြတာပေါ့။  ခွေးလေးတွေဟာ  သခင်တွေအပေါ်ဘယ်တော့မှ သစ္စာမဖောက်ဘူး။  သူတို့ရဲ့အသက်ကိုတောင်စွန့်ပြီး သခင်ကိုကာကွယ်ပေးကြတယ်။ ဒါကြောင့်လည်း  ခွေးလေးတွေဟာ  လူသားတွေအတွက် အကောင်းဆုံးမိတ်ဆွေလို့ ဆိုကြတာပေါ့။

<Unicode Version>

 

 

သခင္ျဖစ္သူကို အသက္ေဘးအႏၱရာယ္က်ေရာက္မႈကေန ကယ္ဆယ္ခဲ့တဲ့ေခြးေလး။

 

ပညာရွင္ေတြအေနနဲ႕ ေခြးေလးေတြရဲ႕ သခင္အေပၚကို သစၥာေစာင့္သိမႈေတြ၊ ခ်စ္ခင္အေလးထားမႈေတြနဲ႔ ပတ္သက္ၿပီး ႏွစ္ရွည္လမ်ား သုေတသနေတြျပဳလုပ္ခဲ့ၾကပါတယ္။ အဆိုပါသုေတသနပညာရွင္ေတြရဲ႕  ေလ့လာေတြ႕ရွိခ်က္ေတြအရ  ေခြးေလးေတြဟာ  သူတို႔ခ်စ္ခင္ႏွစ္သက္တဲ့သခင္အေပၚ  ေဘးအႏၱရာယ္တစ္ခုခု  က်ေရာက္ေတာ့မယ္ဆိုရင္ ႀကိဳသိေနတတ္ၿပီး ဟန္႔တားတတ္ၾကပါတယ္တဲ့။

 

အခုတစ္ခါမွာလည္း Kim လို႔အမည္ရတဲ့ Golden Retriever ေခြးေလးဟာ သခင္ျဖစ္သူရဲ႕ Passport စာအုပ္ကို တစ္စစီကိုက္ၿဖဲခဲ့ပါတယ္။ ဒီအေၾကာင္းကို Kim ရဲ႕သခင္ျဖစ္သူက သူ႔ရဲ႕ Facebook မွာ တင္ထားခဲ့ၿပီး  ေရးသားထားတဲ့ စာေတြကိုၾကည့္ရတာေတာ့ သူဟာ Kim အေပၚ အေတာ္ေလးစိတ္ဆိုးေနပံုပါပဲ။ Kim ဟာ သူေပ်ာ္ရႊင္ဖို႔အတြက္နဲ႔ပဲ သခင္အတြက္ အေရးႀကီးတဲ့ Passport ကို ဖ်က္ဆီးပစ္ရေကာင္းလားဆိုၿပီး  စိတ္ဆိုးေဒါကန္ေတာ့တာပါပဲ။

 

Kim ရဲ႕သခင္က သူ႕ရဲ႕လုပ္္ရပ္အေပၚ စိတ္ဆိုးရျခင္း အေၾကာင္းအရင္းကလည္း ရွိေနျပန္ပါတယ္။ အျဖစ္အပ်က္ကေတာ့ Kim ရဲ႕သခင္ဟာ ဇန္နဝါရီလအကုန္ေလာက္မွာ သူ႔ရဲ႕မိသားစုနဲ႔အတူ ဝူဟန္ၿမိဳ႕ကို အပန္းေျဖအလည္အပတ္ သြားေရာက္ဖို႔ စီစဥ္ထားၿပီးသားျဖစ္ပါတယ္။

 

Kim ရဲ႕သခင္အေနနဲ႕ သူ႔ရဲ႕Passport ဖ်က္ဆီးခံရတဲ့အတြက္ ပထမပိုင္းမွာေတာ့ အရမ္းစိတ္ဆိုးေနေပမယ့္  ရက္အနည္းငယ္ၾကာတဲ့အခါမွာ ဝူဟန္ၿမိဳ႕မွာ Coronavirus လို႔ေခၚတဲ့ အဆုတ္ေရာင္ေရာဂါ  ပ်ံ႕ႏွံ႔ေနတာေၾကာင့္ ဝူဟန္ၿမိဳ႕သားေတြကလည္း ဝူဟန္ၿမိဳ႕အျပင္ကို ထြက္ခြင့္မရွိဘဲ  ဝူဟန္ၿမိဳ႕ထဲကိုလည္း ဘယ္ႏိုင္ငံျခားသားမွ ဝင္ေရာက္ခြင့္မရွိေတာ့ဘူးဆိုတာကို Kim ရဲ႕သခင္ျဖစ္သူက သိရွိလိုက္ရပါတယ္။

 

အဲ့ဒီေနာက္ပိုင္းမွာေတာ့ Kim ရဲ႕သခင္က Kim ျပဳလုပ္ခဲ့မိတဲ့အမွားဟာ အေဆာ့သန္ခဲ့တာမဟုတ္ဘဲ သခင္နဲ႕ သခင္ရဲ႕မိသားစုကို တ႐ုတ္ႏွစ္သစ္ကူးမွာ ေအးခ်မ္းစြာျဖတ္သန္းႏိုင္ဖို႔ ကူညီေပးခဲ့တာျဖစ္ေၾကာင္းကို  သေဘာေပါက္လာခဲ့ပါတယ္။

 

ဒါေၾကာင့္ပဲ လူေတြကေျပာၾကတာေပါ့။  ေခြးေလးေတြဟာ  သခင္ေတြအေပၚဘယ္ေတာ့မွ သစၥာမေဖာက္ဘူး။  သူတို႔ရဲ႕အသက္ကိုေတာင္စြန္႔ၿပီး သခင္ကိုကာကြယ္ေပးၾကတယ္။ ဒါေၾကာင့္လည္း  ေခြးေလးေတြဟာ  လူသားေတြအတြက္ အေကာင္းဆံုးမိတ္ေဆြလို႔ ဆိုၾကတာေပါ့။

<Zawgyi Version>

 

 

Source ~ 9gag

#SY(Soshwe)

#SoshweAnimal

#SoshweForYourDailyLife

#Like&Share

 

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

thirteen + 3 =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...