HomeSportပေါင် သန်း (၁၅၀) ဖြင့် လီဗာပူးအသင်းရဲ့ ကြယ်ပွင့်ကစားသမားကို ခေါ်ယူရန် မျက်စိကျနေသည့် ဂျူဗင်တပ်စ်။
ပေါင် သန်း (၁၅၀) ဖြင့် လီဗာပူးအသင်းရဲ့ ကြယ်ပွင့်ကစားသမားကို ခေါ်ယူရန် မျက်စိကျနေသည့် ဂျူဗင်တပ်စ်။
- Advertisement -
အီတလီစီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းသည် လာမယ့်နွေရာသီ၌ လီဗာပူးအသင်းရဲ့ နောက်ခံလူ ဗန်ဒိုက်ချ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၅၀) ဖြင့် ကမ်းလှမ်းရန်ပြင်ဆင်နေပါတယ်။ ပြီးခဲ့သည့် (၂၀၁၈) ခုနှစ် ဆောင်းရာသီအပြောင်းအရွှေ့၌ ဆောက်သမ်တန်အသင်းမှ လီဗာပူးအသင်းထံသို့ ပြောင်းရွှေ့ကြေးပေါင် (၇၅) သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဗန်ဒိုက်ချ်သည် ကမ္ဘာ့အကောင်းဆုံး ကစားသမားများထဲမှ တစ်ယောက်အဖြစ် နေ့ချင်းညချင်း ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
ဗန်ဒိုက်ချ်သည် ပြီးခဲ့သည့်ရာသီက လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး လက်ရှိဘောလုံးရာသီ၌လည်း ပရီးမီးယားလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်ရန်အတွက် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းအနေဖြင့် လာမယ့်နွေရာသီ၌ အဓိက ကစားသမားတစ်ဦးကို ဆုံးရှုံးရမည့်အရေးကို တွေးပူရဖွယ်ရှိပြီး The Sun သတင်းစာရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းက ဗန်ဒိုက်ချ်ကိုခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၅၀) ဖြင့် ကမ်းလှမ်းလာမည်ဖြစ်ကြောင်း သိရှိရပါတယ်။
- Advertisement -
ဂျူဗင်တပ်စ်အသင်းသည် သူတို့ရဲ့နောက်တန်းကို သွေးသစ်လောင်းရန် ပြီးခဲ့သည့်နွေရာသီတည်းက စတင်ပြင်ဆင်နေခဲ့ပြီး အေဂျက်စ်နောက်ခံလူ ဒီလစ်ဂ်ကိုလည်း ဥရောပထိပ်တန်းအသင်းကြီးများနဲ့အပြိုင်   စျေးကြီးပေးခေါ်ယူခဲ့ပါသေးတယ်။ ဒါ့အပြင် ဂျူဗင်တပ်စ်အသင်းအနေဖြင့် လီဗာပူးအသင်းရဲ့ တိုက်စစ်ကစားသမား ဆာလာကို ခေါ်ယူရန်အတွက်လည်း စိတ်ဝင်စားနေဆဲဖြစ်ကြောင်း သိရှိရပါတယ်။
- Advertisement -
<Unicode Version>
- Advertisement -
အီတလီစီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းသည် လာမယ့်နွေရာသီ၌ လီဗာပူးအသင်းရဲ့ နောက်ခံလူ ဗန်ဒိုက်ခ်ျကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၅၀) ဖြင့် ကမ်းလှမ်းရန်ပြင်ဆင်နေပါတယ်။ ပြီးခဲ့သည့် (၂၀၁၈) ခုနှစ် ဆောင်းရာသီအပြောင်းအရွှေ့၌ ဆောက်သမ်တန်အသင်းမှ လီဗာပူးအသင်းထံသို့ ပြောင်းရွှေ့ကြေးပေါင် (၇၅) သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဗန်ဒိုက်ခ်ျသည် ကမ္ဘာ့အကောင်းဆုံး ကစားသမားများထဲမှ တစ်ယောက်အဖြစ် နေ့ချင်းညချင်း ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
ဗန်ဒိုက်ခ်ျသည် ပြီးခဲ့သည့်ရာသီက လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး လက်ရှိဘောလုံးရာသီ၌လည်း ပရီးမီးယားလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်ရန်အတွက် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းအနေဖြင့် လာမယ့်နွေရာသီ၌ အဓိက ကစားသမားတစ်ဦးကို ဆုံးရှုံးရမည့်အရေးကို တွေးပူရဖွယ်ရှိပြီး The Sun သတင်းစာရဲ့ဖော်ပြချက်အရ ဂျူဗင်တပ်စ်အသင်းက ဗန်ဒိုက်ခ်ျကိုခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၅၀) ဖြင့် ကမ်းလှမ်းလာမည်ဖြစ်ကြောင်း သိရှိရပါတယ်။
<Zawgyi Version>
Source ~ FourFourTwo
#HM(Soshwe)
#SoshweSport
#SoshweForYourDailyLife
#Like&Share
- Advertisement -
Must Read