Breaking News

ဘောလုံးလောကမှနာမည်ကျော်များရဲ့ နန်းတော်တမျှခမ်းနားလှသည့် နေအိမ်များ။

၁။ ဟာဇက်

၂၀၁၉ – ၂၀၂၀ နွေရာသီအပြောင်းအရွှေ့၌ ချဲလ်ဆီးအသင်းမှ ရီးရဲယ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သည့် ဟာဇက်သည် မက်ဒရစ်မြို့၌ ပေါင် (၁၁) သန်းတန် နေအိမ်ကို ဝယ်ယူခဲ့ပြီး (၅,၁၅၁) စတုရန်းမီတာကျယ်ဝန်းသည့် အဆိုပါအိမ်အတွင်း၌ အိပ်ခန်းပေါင်း (၆) ခန်း ထည့်သွင်းတည်ဆောက်ထားပါတယ်။

 

၂။ ဒေးဗစ်ဘက်ခမ်း

ဒေးဗစ်ဘက်ခမ်းနဲ့ သူ့ရဲ့ဇနီးသည်ဗစ်တိုးရီးယားဘက်ခမ်းတို့သည် ပြီးခဲ့သည့် (၂၀၁၃) ခုနှစ်က လန်ဒန်မြို့အနောက်ဘက်ရှိ Holland Park Townhouse ဟုခေါ်သည့် ပေါင် (၃၁.၅) သန်းတန် နေအိမ်တစ်လုံးကို ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် ဒေးဗစ်ဘက်ခမ်းတို့ လင်မယားသည် အိမ်အတွင်းပိုင်းပြင်ဆင်ပြီးသည့် (၂၀၁၆) ခုနှစ်မှသာ အဆိုပါအိမ်ကြီးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။

 

၃။ ကာရစ်

ပြီးခဲ့သည့် (၂၀၀၈) ခုနှစ်အတွင်းက ကာရစ်သည် သူ့ရဲ့ Prestbury အိမ်ကြီးကို တိုးချဲ့တည်ဆောက်ရန် ပြင်ဆင်ခဲ့ပြီး ချက်စ်ရှိုင်းယားဒေသရှိ အဆိုပါနေအိမ်ကြီးကို ဖြိုချကာ ပေါင် (၄) သန်းတန်အိမ်ကြီးတစ်လုံးကို တည်ဆောက်ခဲ့ပါတယ်။ ကာရစ်ရဲ့အသစ်တည်ဆောက်လိုက်သည့် အိမ်အတွင်း၌ အိပ်ခန်း (၇) ခန်း ပါရှိပြီး ရေကူးကန်၊ စာကြည့်တိုက်၊ ဝိုင်များသိုလှောင်သည့်အခန်းနဲ့ အားကစားခန်းမများလည်း ထည့်သွင်း တည်ဆောက်ထားပါတယ်။

 

၄။ ရပ်ရှ်ဖို့ဒ်

ချက်စ်ရှိုင်းယားဒေသရှိ ယူနိုက်တက်အကယ်ဒမီထွက် ရပ်ရှ်ဖို့ဒ်ရဲ့ နေအိမ်သည်လည်း ပေါင် (၁.၈၅) သန်း တန်ကြေးရှိပြီး အထပ် (၃) ထပ် နဲ့ အိပ်ခန်း (၅) ခန်း၊ ရေချိုးခန်း (၆) ခန်း၊ ဥယျာဉ်တစ်ခုနဲ့ ကားဂိုဒေါင်နှစ်ခုလည်း ပါဝင်ပါတယ်။

 

၅။ လမ်းပတ်

ချဲလ်ဆီးအသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းလမ်းပတ်သည် ချဲလ်ဆီးနည်းပြအဖြစ် ပြန်လည်ခန့်အပ်ခံရချိန်၌ လန်ဒန်မြို့အနောက်ဘက်ရှိ ပေါင် (၁၀) သန်းတန်အိမ်ကို ဝယ်ယူခဲ့ပြီး ဇနီးသည်ဖြစ်သူ ခရစ္စတင်းလမ်းပတ်၊ သမီး (၃) ယောက်နဲ့အတူ နေထိုင်လျက်ရှိပါတယ်။ အိမ်အတွင်းပိုင်းပြင်ဆင်မှုကို ယနေ့ခေတ်နဲ့ ယခင်ခေတ် ခေတ်နှစ်ခုအကြား ပုံစံမျိုးဖြစ်အောင် တီထွင်ပြင်ဆင်ထားပြီး ဥယျာဉ်ငယ်လေးအတွင်း၌ မိသားစုများ  ပျော်ပျော်ရွှင်ရွှင်ဖြင့် အသားကင်လုပ်စားနေသည့် ပုံရိပ်များကိုလည်း ပရိသတ်များ မြင်တွေ့ခဲ့ရပါတယ်။

<Unicode Version>

 

 

ေဘာလံုးေလာကမွနာမည္ေက်ာ္မ်ားရဲ႕ နန္းေတာ္တမွ်ခမ္းနားလွသည့္ ေနအိမ္မ်ား။

၁။ ဟာဇက္

၂၀၁၉ – ၂၀၂၀ ေႏြရာသီအေျပာင္းအေရႊ႕၌ ခ်ဲလ္ဆီးအသင္းမွ ရီးရဲယ္မက္ဒရစ္အသင္းသို႕  ေျပာင္းေရႊ႕ေရာက္ရွိလာခဲ့သည့္ ဟာဇက္သည္ မက္ဒရစ္ၿမိဳ႕၌ ေပါင္ (၁၁) သန္းတန္ ေနအိမ္ကို ဝယ္ယူခဲ့ၿပီး (၅,၁၅၁) စတုရန္းမီတာက်ယ္ဝန္းသည့္ အဆုိပါအိမ္အတြင္း၌ အိပ္ခန္းေပါင္း (၆) ခန္း ထည့္သြင္းတည္ေဆာက္ထားပါတယ္။

 

၂။ ေဒးဗစ္ဘက္ခမ္း

ေဒးဗစ္ဘက္ခမ္းနဲ႔ သူ႔ရဲ႕ဇနီးသည္ဗစ္တိုးရီးယားဘက္ခမ္းတို႔သည္ ၿပီးခဲ့သည့္ (၂၀၁၃) ခုႏွစ္က လန္ဒန္ၿမိဳ႕အေနာက္ဘက္ရွိ Holland Park Townhouse ဟုေခၚသည့္ ေပါင္ (၃၁.၅) သန္းတန္ ေနအိမ္တစ္လံုးကို ဝယ္ယူခဲ့ပါတယ္။ ဒါေပမယ့္ ေဒးဗစ္ဘက္ခမ္းတို႔ လင္မယားသည္ အိမ္အတြင္းပိုင္းျပင္ဆင္ၿပီးသည့္ (၂၀၁၆) ခုႏွစ္မွသာ အဆုိပါအိမ္ႀကီးသို႔ ေျပာင္းေရႊ႕ေနထိုင္ခဲ့ၾကပါတယ္။

 

၃။ ကာရစ္

ၿပီးခဲ့သည့္ (၂၀၀၈) ခုႏွစ္အတြင္းက ကာရစ္သည္ သူ႔ရဲ႕ Prestbury အိမ္ႀကီးကို တုိးခ်ဲ႕တည္ေဆာက္ရန္ ျပင္ဆင္ခဲ့ၿပီး ခ်က္စ္ရိႈင္းယားေဒသရွိ အဆိုပါေနအိမ္ႀကီးကို ၿဖိဳခ်ကာ ေပါင္ (၄) သန္းတန္အိမ္ႀကီးတစ္လံုးကို တည္ေဆာက္ခဲ့ပါတယ္။ ကာရစ္ရဲ႕အသစ္တည္ေဆာက္လိုက္သည့္ အိမ္အတြင္း၌ အိပ္ခန္း (၇) ခန္း ပါရွိၿပီး ေရကူးကန္၊ စာၾကည့္တိုက္၊ ဝိုင္မ်ားသိုေလွာင္သည့္အခန္းနဲ႔ အားကစားခန္းမမ်ားလည္း ထည့္သြင္း တည္ေဆာက္ထားပါတယ္။

 

၄။ ရပ္ရွ္ဖို႔ဒ္

ခ်က္စ္ရိႈင္းယားေဒသရွိ ယူႏိုက္တက္အကယ္ဒမီထြက္ ရပ္ရွ္ဖို႔ဒ္ရဲ႕ ေနအိမ္သည္လည္း ေပါင္ (၁.၈၅) သန္း တန္ေၾကးရွိၿပီး အထပ္ (၃) ထပ္ နဲ႔ အိပ္ခန္း (၅) ခန္း၊ ေရခ်ိဳးခန္း (၆) ခန္း၊ ဥယ်ာဥ္တစ္ခုနဲ႔ ကားဂိုေဒါင္ႏွစ္ခုလည္း ပါဝင္ပါတယ္။

 

၅။ လမ္းပတ္

ခ်ဲလ္ဆီးအသင္းရဲ႕ ဂႏၱဝင္ကစားသမားေဟာင္းလမ္းပတ္သည္ ခ်ဲလ္ဆီးနည္းျပအျဖစ္ ျပန္လည္ခန္႔အပ္ခံရခ်ိန္၌ လန္ဒန္ၿမိဳ႕အေနာက္ဘက္ရွိ ေပါင္ (၁၀) သန္းတန္အိမ္ကို ဝယ္ယူခဲ့ၿပီး ဇနီးသည္ျဖစ္သူ ခရစၥတင္းလမ္းပတ္၊ သမီး (၃) ေယာက္နဲ႔အတူ ေနထိုင္လ်က္ရွိပါတယ္။ အိမ္အတြင္းပိုင္းျပင္ဆင္မႈကို ယေန႔ေခတ္နဲ႔ ယခင္ေခတ္ ေခတ္ႏွစ္ခုအၾကား ပုံစံမ်ိဳးျဖစ္ေအာင္ တီထြင္ျပင္ဆင္ထားၿပီး ဥယ်ာဥ္ငယ္ေလးအတြင္း၌ မိသားစုမ်ား  ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖင့္ အသားကင္လုပ္စားေနသည့္ ပံုရိပ္မ်ားကိုလည္း ပရိသတ္မ်ား ျမင္ေတြ႕ခဲ့ရပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#soshwesport

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

ယူနိုက်တက်ပရိသတ်တွေကို အာမခံချက်ပေးလိုက်တဲ့ ရော်နယ်ဒို။

ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကထွက်ခွာပြီး အသင်းဟောင်းရီးရဲလ်ကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေမှုကို ရော်နယ်ဒိုက ဘရန်ဖို့ဒ်နဲ့ပွဲအပြီးမှာ တိကျတဲ့အဖြေ ပေးသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ယူနိုက်တက်ကနေ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro