Breaking News
နာမည်ကျော်ကြယ်ပွင့်များ ပိုင်ဆိုင်ထားသည့် အလန်းစားကားများ။
၁။ Tom Cruise (Bugatti Veyron- ခန့်မှန်းတန်ဖိုး ဒေါ်လာ (၁.၇) သန်း)
Mission Impossible ဇာတ်ကားဖြင့်လည်း အထူးနာမည်ကျော်ကြားသည့် ဟောလိဝုဒ်ကြယ်ပွင့် မင်းသားကြီးသည် ကားနဲ့ဆိုင်ကယ်များ ဝယ်ယူစုဆောင်းရသည့်အပေါ် ခုံမင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒေါ်လာသန်းပေါင်း (၅၇၀) အထိကြွယ်ဝချမ်းသာသည့် သူ့ရဲ့အနေအထားကလည်း သူ့ရဲ့ဝါသနာကို အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပြီး အမြန်ဆုံးကားများထဲမှ တစ်စီးအပါအဝင်ဖြစ်သည့် Bugatti Veyron ကားကိုလည်း ပိုင်ဆိုင်ထားပါတယ်။ တကယ်လို့ Tomr Cruise အနေဖြင့် ကားစီးရသည်ကို ပျင်းရိလာပါက သူပိုင်ဆိုင်သည့်  မော်တော်ဆိုင်ကယ် (၉) စီးအနက်မှ ကြိုက်နှစ်သက်ရာ တစ်စီးကို ထုတ်စီးနိုင်ပါသေးတယ်။
၂။ Robert Downey JR. (Acura NSX – တန်ဖိုးမသိရှိရ)
Iron Man မင်းသားကြီးရဲ့ အဆိုပါအလန်းစားကားကြီးသည် သူပိုင်ဆိုင်သည့် ကား (၅) စီးအနက် အကောင်းဆုံး ကားတစ်စီးပင်ဖြစ်ပြီး Iron Man 3 ဇာတ်ကား၌လည်း အသုံးပြုခဲ့ပါသေးတယ်။ Acura NSX ကားရဲ့တန်ဖိုးကို ခန့်မှန်း၍ပင်မရနိုင်ပေမယ့် အနည်းငယ်မျှသော ဒေါ်လာသန်းဂဏန်းဖြင့် ဝယ်ယူလို့မရနိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြပါတယ်။
၃။ Jason Momoa (Cadillac – ခန့်မှန်းတန်ဖိုး ဒေါ်လာ (၁၆,၀၇၀))
Game of Thrones ဇာတ်ကား၊ Aquaman ဇာတ်ကားများဖြင့် နာမည်ကျော်ကြားခဲ့သည့် အဆိုပါ အမေရိကန် သရုပ်ဆောင် Jason သည်လည်း သူ့ရဲ့ဝင်ငွေကို ကားများဝယ်ယူစုဆောင်းရာ၌ အသုံးပြုလေ့ရှိသူတစ်ဦးဖြစ်ပါတယ်။ ပန်းရောင် Cadillac ကားသည် Jason ရဲ့ အကြိုက်နှစ်သက်ဆုံးကားများထဲမှ တစ်စီးအပါအဝင်ဖြစ်ပြီး Jason အနေဖြင့် Land Rover Defender Series 3၊ Harley Davidson ဆိုင်ကယ်နဲ့ လျှပ်စစ်ဆိုင်ကယ်တို့ကိုလည်း ဝယ်ယူစုဆောင်းထားပါတယ်။
၄။ Leonardo Dicaprio (Fisker Karma Hybrid – ခန့်မှန်းတန်ဖိုး ဒေါ်လာ (၁၃၅,၀၀၀))
နာမည်ကျော် တိုက်တန်းနစ်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ မင်းသားဖြစ်သူ Leonardo သည် ယနေ့ခေတ်နာက်ဆုံးပေါ် ကားများကို အထူးအားပေးသည့် ပရိသတ်တစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီစေရန် ဖန်တီးထုတ်လုပ်ထားသည့် ကားများကို အဓိကအားပေးသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ဒေါ်လာ (၁၃၅,၀၀၀) တန် Fisker Karma Hybrid ကားသည် သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဖန်တီးထုတ်လုပ်ထားသည့် ကားတစ်စီးလည်းဖြစ်ပါတယ်။
၅။ Lady Gaga (Audi R8 – ခန့်မှန်းတန်ဖိုး ဒေါ်လာ (၁၆၅,၀၀၀))
နာမည်ကျော်အဆိုတော် Lady Gaga ဆိုသည်နဲ့ သူမရဲ့ဖက်ရှင်ကို မျက်လုံးထဲ အရင်ဆုံးမြင်ကြဖွယ်ရှိပေမယ့် အခြားသောနာမည်ကျော်များနည်းတူ ကားများဝယ်ယူစုဆောင်းရသည်ကိုလည်း ဝါသနာထုံသူတစ်ဦး  ဖြစ်ပါတယ်။ ဒါပေမယ့် Lady Gaga အနေဖြင့် လုံခြုံရေးစနစ်များ၊ အာမခံများ အပြည့်အဝပါဝင်သည့် ကားများကိုသာ ဝယ်ယူလေ့ရှိသည်ကိုလည်း မြင်တွေ့ရပါတယ်။ သူမထံ၌ Audi R8 ကားအပြင် Lamborghini Aventador၊၊ Lincoln Continential နဲ့ Rolls Royce Phantom တို့ကဲ့သို့ နာမည်ကျော် ကားအမျိုးအစားများလည်း ရှိပါသေးတယ်။
၆။ Miley Cyrus (Maserati Quattroporte – ခန့်မှန်းတန်ဖိုး ဒေါ်လာ (၁၄၀,၀၀၀))
နာမည်ကြီးတစ်ဦးဖြစ်သူ Miley သည်လည်း သူမပိုင်ဆိုင်သမျှကို မတူညီသည့်နေရာများ၌ ရင်းနှီးမြှုပ်နှံလေ့ရှိပြီး ကားများဝယ်ယူစုဆောင်းတတ်သူတစ်ဦးလည်းဖြစ်ပါတယ်။ Miley ထံ၌ နာမည်ကျော် ကားအမျိုးအစားများဖြစ်သည့် Mercedes- Benz ML 450 Hybrid၊ Porche Cayenne နဲ့ အခြားသော ကားအမျိုးအစားပေါင်းများစွာလည်း ရှိပါသေးတယ်။ အဆိုပါကားများအပြင် ဇိမ်ခံ ကားတစ်စီးဖြစ်သည့် ဒေါ်လာ (၁၄၀,၀၀၀) တန် Maserati Quattroporte ကားအမျိုးအစားကိုလည်း Miley က ဝယ်ယူထားပါတယ်။
၇။ John Cena (2017 Ford GT- ခန့်မှန်းတန်ဖိုး ဒေါ်လာ (၄) သိန်း)
WWE ရဲ့ အကျော်ကြားဆုံး ကစားသမားတစ်ဦးဖြစ်သည့် John Cena သည် The Rock နဲ့ စိန်ခေါ်ထိုးသတ်ပြီးနောက် တမဟုတ်ချင်းအောင်မြင်လာခဲ့ပြီး သူရှာဖွေထားသမျှ ငွေကြေးများထဲမှ ဒေါ်လာ (၄) သိန်းတန် (၂၀၁၇) မော်ဒယ်လ် Ford GT တစ်စီးကို ဝယ်ယူခဲ့ပါတယ်။ အဖြူရောင်ကို သစ်လွင်လှပသည့် ဒီဇိုင်းဖြင့် ဖန်တီးထားသည့် အဆိုပါကားသည် မြင်သူတကာကို ကောင်းကောင်းဆွဲဆောင်နိုင်သည့် ကားတစ်စီးလည်းဖြစ်ပါတယ်။
<Unicode Version>
<Zawgyi Version>
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share
About So Shwe
Check Also
ကြည့်ရှုသူပရိသတ်တွေရဲ့ မျှော်မှန်းချက်အတိုင်း မဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများ။
ရုပ်ရှင်ကြည့်ပရိသတ်တွေဟာဆိုရင် ရုပ်ရှင်တစ်ကားမထွက်လာခင် ထိုဇာတ်ကားရဲ့Trailer ကို ကြည့်ပြီးတဲ့နောက်မှာပဲ ဇာတ်လမ်းတစ်ခုရဲ့ အစ၊ အလယ်၊ အဆုံးနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်မျှော်လင့်ချက်လေးတွေ ထားတတ်ကြပါတယ်။ ဒီလိုနဲ့ပဲ ဇာတ်ကားတစ်ကားလုံး လူထုရှေ့ရောက်လာတဲ့အခါမှာ …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro