Breaking News
Luka Modric (Real), NOVEMBER 23, 2019 - Football / Soccer : Modric celebrate after his goal during Spanish "La Liga Santander" match between Real Madrid CF 3-1 Real Sociedad at the Santiago Bernabeu Stadium in Madrid, Spain. (Photo by Mutsu Kawamori/AFLO)

ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမား (၁၀) ဦး။

၁၀။ ဒေးဗစ်ဆေးလ်ဗား (မန်စီးတီး)

လွန်ခဲ့သည့် (၉) နှစ်က မန်စီးတီးအသင်းကို စတင်ရောက်ရှိလာခဲ့သည့် စပိန်လူမျိုးကွင်းလယ်လူသည် သူ့ရဲ့ မှော်ဆန်ဆန်ဖန်တီးမှုများဖြင့် အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ နံပါတ် (၁၀) နေရာအပြင် ဗဟိုကွင်းလယ်လူနေရာ၌ပါ ကစားနိုုင်သည့် ဒေးဗစ်ဆေးလ်ဗားအနေဖြင့် အသက် (၃၃) နှစ်အရွယ်ရှိပြီဖြစ်သည့်တိုင် အသင်းအတွက် အကောင်းဆုံး အသုံးတော်ခံနေဆဲ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

 

၉။ ဖာဘင်ဟို (လီဗာပူး)

လက်ရှိဘောလုံးရာသီ လီဗာပူးအသင်းရဲ့ အမြင့်ပျံခရီးလမ်း၌ အခွင့်အရေးရတိုင်း ခြေစွမ်းပြသနေသည့် ကစားသမားတစ်ဦးဖြစ်ပါတယ်။ မိုနာကိုအသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ ဖာဘင်ဟိုသည် ကွင်းလယ်ခံစစ်၊ တိုက်စစ်နှစ်နေရာလုံးအတွက် အကောင်းဆုံး ခြေစွမ်းပြနိုင်သည့် ကစားသမားတစ်ဦးဖြစ်ပြီး အဝေးကန်ချက်ကောင်းမွန်သည့် ကစားသမားတစ်ဦးဖြစ်ကြောင်းကိုလည်း ပြသခဲ့ပြီးဖြစ်ပါတယ်။

 

၈။ မိုဒရစ် (ရီးရဲယ်မက်ဒရစ်)

ပြီးခဲ့သည့် စက်တင်ဘာလက အသက် (၃၄) နှစ်ပြည့်ခဲ့သည့် အဆိုပါခရိုအေးရှားအသင်းခေါင်းဆောင်ကြီးသည် ရီးရဲယ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဖလား (၃) နှစ်ဆက် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲ၌လည်း ခရိုအေးရှားအသင်းကို သမိုင်းတစ်လျှောက် ပထမဆုံး ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကစားခွင့်ရရှိအောင် အကောင်းဆုံး ဦးဆောင်မောင်းနှင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုနဲ့မက်ဆီတို့ ဆယ်စုနှစ်တစ်ခုကြာ လွှမ်းမိုးထားသည့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း ကြားဖြတ်ရယူနိုင်ခဲ့ပါသေးတယ်။

 

၇။ ဘတ်စ်ကွက်စ် (ဘာစီလိုနာ)

ဘာစီလိုနာအသင်းအတွက် အစားထိုးရန် ခက်ခဲသည့် ကစားသမားတစ်ဦးဖြစ်ပြီး အသင်းရဲ့ကွင်းလယ် အင်ဂျင်တစ်လုံးဟုလည်း ဆိုနိုင်ပါတယ်။ ပွဲပေါင်း (၅၀၀) ကျော် ကစားထားပြီးဖြစ်သည့် ဘတ်စ်ကွက်စ်အနေဖြင့် နံပါတ် (၆) နေရာ၌ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ပွဲကိုဖတ်ရှုသည့်အမြင်၊  ဘောလုံးကိုင်ကစားနိုင်ခြင်း၊ ပြိုင်ဘက်ကို အကောင်းဆုံး ဟန့်တားနိုင်ခြင်းတို့၌ တစ်ဖက်ကမ်းခတ် အရည်အချင်းရှိသည့် ကွင်းလယ်လူတစ်ဦးလည်းဖြစ်ပါတယ်။

 

၆။ တိုနီကရူးစ် (ရီးရဲယ်မက်ဒရစ်)

ရီးရဲယ်မက်ဒရစ်အသင်းရဲ့တည်ကန်ဘောများကို အမြဲလိုလို တာဝန်ယူကန်သွင်းနေကျ တိုနီကရူးစ်သည် ပွဲရဲ့အရှိန်ကို အတင်အချ ကောင်းကောင်းပြုလုပ်နိုင်သည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ပြီးခဲ့သည့်ရာသီက အသင်းနဲ့အတူ ရုန်းကန်ခဲ့ရပေမယ့် လက်ရှိဘောလုံးရာသီ၌ အကောင်းဆုံးပုံစံများဖြင့် ရီးရဲယ်မက်ဒရစ်အသင်းအတွက် ခြေစွမ်းပြကစားလျက်ရှိပါတယ်။

 

၅။ ပီယာနစ် (ဂျူဗင်တပ်စ်)

ဂျူဗင်တပ်စ်အသင်းရဲ့ကွင်းလယ်အတွက် မရှိမဖြစ် ကစားသမားတစ်ဦးဖြစ်ပြီး ရီးရဲယ်မက်ဒရစ်၊ မန်စီးတီးတို့ကဲ့သို့ ထိပ်တန်းအသင်းကြီးများက ပီယာနစ်ကို ပစ်မှတ်ထားနေသည့်တိုင် ဂျူဗင်တပ်စ်အသင်းက လက်လွှတ်မခံခဲ့ပါဘူး။ အဆိုပါဘော့စနီးယားကွင်းလယ်ကစားသမားဟာ ပွဲကိုအကောင်းဆုံးဖတ်ရှုရင်း ပွဲရဲ့အရှိန်ကို ကောင်းကောင်းအတင်အချပြုလုပ်နိုင်သည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

 

၄။ ဘာနာဒိုဆေးလ်ဗား (မန်စီးတီး)

ပြီးခဲ့သည့် ဘောလုံးရာသီမှစတင်ကာ မန်စီးတီးအသင်းရဲ့ ကွင်းလယ်၌ အကောင်းဆုံးခြေစွမ်းများ ပြသလာခဲ့သည့် ဘာနာဒိုဆေးလ်ဗားသည် နည်းပြဂွါဒီယိုလာရဲ့ အဓိကအားကိုးရသည့် ကစားသမားတစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။ ဂွါဒီယိုလာကိုယ်တိုင်ကလည်း “ဘာနာဒိုဆေးလ်ဗားက မတူညီတဲ့ (၃) နေရာ၊ (၄) နေရာလောက်မှာ ကစားနိုင်ပြီး ကျွန်တော်မြင်ဖူးသမျှ အရည်အချင်းအရှိဆုံး ကစားသမားတွေထဲက တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။” ဟုချီးကျူးပြောကြားခဲ့ဖူးပါတယ်။

 

၃။ ဖရန်ကီဒီဂျောင် (ဘာစီလိုနာ)

ပြီးခဲ့သည့်ဘောလုံးရာသီက အေဂျက်စ်အသင်းနဲ့အတူ အကောင်းဆုံး တောက်ပနိုင်ခဲ့သည့် ဖရန်ကီဒီဂျောင်ကို ဘာစီလိုနာအသင်းက နွေရာသီအပြောင်းအရွှေ့မှာ အရခေါ်ယူခဲ့ပြီး အသက် (၂၂) နှစ်အရွယ် အဆိုပါကွင်းလယ်လူရဲ့ ခြေနှုတ်ခြေသိမ်း၊ လှုပ်ရှားမှုများနဲ့ ပွဲကိုဖတ်ရှုနိုင်စွမ်းတို့က ဘာစီလိုနာအသင်းရဲ့ မရှိမဖြစ် ကွင်းလယ်ကစားသမားတစ်ဦးဖြစ်လာစေပါလိမ့်မယ်။

 

၂။ ကန်တေ (ချဲလ်ဆီး)

ရိုးသားပြီးအနေအေးသည့် ကန်တေကို ချဲလ်ဆီးပရိသတ်များအပြင် ပြိုင်ဘက်ပရိသတ်များကလည်း ချစ်မြတ်နိုးကြပြီး ကွင်းထဲမှာအမြဲတမ်း အလုပ်ကြိုးစားသည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ လက်စတာအသင်းရဲ့ အံ့အားသင့်ဖွယ် ပရီးမီးယားလိဂ်ဖလားချန်ပီယံဆုအတွက်လည်း ကွင်းလယ်အင်ဂျင်တစ်လုံးအဖြစ် အကောင်းဆုံး အသုံးတော်ခံခဲ့သည့် ကန်တေသည် ချဲလ်ဆီးအသင်း၌လည်း ကျရာနေရာ၌ ခြေစွမ်းပြသနိုင်ရန် ကြိုးစားနေဆဲဖြစ်ပါတယ်။

 

၁။ ဒီဘရိုင်း (မန်စီးတီး)

မန်စီးတီးအသင်းရဲ့ မရှိမဖြစ်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး နည်းစနစ်ပိုင်း၊ ဖန်တီးနိုင်စွမ်း၊  ပေါက်ကွဲနိုင်စွမ်းတို့၌ အပြစ်ပြောစရာမရှိသည့် ကစားသမားဖြစ်ပါတယ်။ အကောင်းဆုံးလူပေးကစားနိုင်ခြင်း၊ ဂိုးပေါက်ကိုကန်သွင်းနိုင်ခြင်း၊ ဘောလုံးဆွဲပြေးခြင်း၊ ဘောလုံးလုယူခြင်းနဲ့ ဖြတ်တင်ဘောပေးပို့ခြင်းများကို ဘယ်ခြေ၊ ညာခြေနှစ်ဖက်လုံးဖြင့် ပြုလုပ်နိုင်သည့် ကစားသမားလည်းဖြစ်ပါတယ်။ အဆိုပါ ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမားသည် မန်စီးတီးအသင်းရဲ့ပွဲအဖြေကို ပြောင်းလဲပေးနိုင်စွမ်းရှိသည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

<Unicode Version>

 

 

ကမာၻ႕အေကာင္းဆံုး ကြင္းလယ္ကစားသမား (၁၀) ဦး။

၁၀။ ေဒးဗစ္ေဆးလ္ဗား (မန္စီးတီး)

လြန္ခဲ့သည့္ (၉) ႏွစ္က မန္စီးတီးအသင္းကို စတင္ေရာက္ရွိလာခဲ့သည့္ စပိန္လူမ်ိဳးကြင္းလယ္လူသည္ သူ႔ရဲ႕ ေမွာ္ဆန္ဆန္ဖန္တီးမႈမ်ားျဖင့္ အသင္းရဲ႕ တိုက္စစ္ကို အေကာင္းဆံုး ပံ့ပိုးေပးႏိုင္ခဲ့ပါတယ္။ နံပါတ္ (၁၀) ေနရာအျပင္ ဗဟိုကြင္းလယ္လူေနရာ၌ပါ ကစားႏိုုင္သည့္ ေဒးဗစ္ေဆးလ္ဗားအေနျဖင့္ အသက္ (၃၃) ႏွစ္အရြယ္ရွိၿပီျဖစ္သည့္တိုင္ အသင္းအတြက္ အေကာင္းဆံုး အသံုးေတာ္ခံေနဆဲ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။

 

၉။ ဖာဘင္ဟို (လီဗာပူး)

လက္ရွိေဘာလံုးရာသီ လီဗာပူးအသင္းရဲ႕ အျမင့္ပ်ံခရီးလမ္း၌ အခြင့္အေရးရတုိင္း ေျခစြမ္းျပသေနသည့္ ကစားသမားတစ္ဦးျဖစ္ပါတယ္။ မိုနာကိုအသင္းရဲ႕ ကစားသမားေဟာင္းျဖစ္သူ ဖာဘင္ဟိုသည္ ကြင္းလယ္ခံစစ္၊ တိုက္စစ္ႏွစ္ေနရာလံုးအတြက္ အေကာင္းဆံုး ေျခစြမ္းျပႏိုင္သည့္ ကစားသမားတစ္ဦးျဖစ္ၿပီး အေဝးကန္ခ်က္ေကာင္းမြန္သည့္ ကစားသမားတစ္ဦးျဖစ္ေၾကာင္းကိုလည္း ျပသခဲ့ၿပီးျဖစ္ပါတယ္။

 

၈။ မိုဒရစ္ (ရီးရဲယ္မက္ဒရစ္)

ၿပီးခဲ့သည့္ စက္တင္ဘာလက အသက္ (၃၄) ႏွစ္ျပည့္ခဲ့သည့္ အဆိုပါခရိုေအးရွားအသင္းေခါင္းေဆာင္ႀကီးသည္ ရီးရဲယ္မက္ဒရစ္အသင္းကို ခ်န္ပီယံလိဂ္ဖလား (၃) ႏွစ္ဆက္ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သလို (၂၀၁၈) ကမာၻ႕ဖလားၿပိဳင္ပဲြ၌လည္း ခရိုေအးရွားအသင္းကို သမိုင္းတစ္ေလွ်ာက္ ပထမဆံုး ကမာၻ႕ဖလား ဗိုလ္လုပြဲ ကစားခြင့္ရရွိေအာင္ အေကာင္းဆံုး ဦးေဆာင္ေမာင္းႏွင္ေပးႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ေရာ္နယ္ဒိုနဲ႔မက္ဆီတုိ႔ ဆယ္စုႏွစ္တစ္ခုၾကာ လႊမ္းမိုးထားသည့္ ကမာၻ႕အေကာင္းဆံုး ကစားသမားဆုကိုလည္း ၾကားျဖတ္ရယူႏိုင္ခဲ့ပါေသးတယ္။

 

၇။ ဘတ္စ္ကြက္စ္ (ဘာစီလိုနာ)

ဘာစီလိုနာအသင္းအတြက္ အစားထိုးရန္ ခက္ခဲသည့္ ကစားသမားတစ္ဦးျဖစ္ၿပီး အသင္းရဲ႕ကြင္းလယ္ အင္ဂ်င္တစ္လံုးဟုလည္း ဆိုႏိုင္ပါတယ္။ ပဲြေပါင္း (၅၀၀) ေက်ာ္ ကစားထားၿပီးျဖစ္သည့္ ဘတ္စ္ကြက္စ္အေနျဖင့္ နံပါတ္ (၆) ေနရာ၌ အေကာင္းဆံုး ကစားသမားတစ္ဦးျဖစ္ၿပီး ပြဲကိုဖတ္ရႈသည့္အျမင္၊  ေဘာလံုးကိုင္ကစားႏုိင္ျခင္း၊ ၿပိဳင္ဘက္ကို အေကာင္းဆံုး ဟန္႔တားႏိုင္ျခင္းတို႔၌ တစ္ဖက္ကမ္းခတ္ အရည္အခ်င္းရွိသည့္ ကြင္းလယ္လူတစ္ဦးလည္းျဖစ္ပါတယ္။

 

၆။ တိုနီကရူးစ္ (ရီးရဲယ္မက္ဒရစ္)

ရီးရဲယ္မက္ဒရစ္အသင္းရဲ႕တည္ကန္ေဘာမ်ားကို အၿမဲလိုလို တာဝန္ယူကန္သြင္းေနက် တိုနီကရူးစ္သည္ ပဲြရဲ႕အရွိန္ကို အတင္အခ် ေကာင္းေကာင္းျပဳလုပ္ႏိုင္သည့္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ ၿပီးခဲ့သည့္ရာသီက အသင္းနဲ႔အတူ ရုန္းကန္ခဲ့ရေပမယ့္ လက္ရွိေဘာလံုးရာသီ၌ အေကာင္းဆံုးပံုစံမ်ားျဖင့္ ရီးရဲယ္မက္ဒရစ္အသင္းအတြက္ ေျခစြမ္းျပကစားလ်က္ရွိပါတယ္။

 

၅။ ပီယာနစ္ (ဂ်ဴဗင္တပ္စ္)

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ကြင္းလယ္အတြက္ မရွိမျဖစ္ ကစားသမားတစ္ဦးျဖစ္ၿပီး ရီးရဲယ္မက္ဒရစ္၊ မန္စီးတီးတို႔ကဲ့သို႔ ထိပ္တန္းအသင္းႀကီးမ်ားက ပီယာနစ္ကို ပစ္မွတ္ထားေနသည့္တိုင္ ဂ်ဴဗင္တပ္စ္အသင္းက လက္လႊတ္မခံခဲ့ပါဘူး။ အဆိုပါေဘာ့စနီးယားကြင္းလယ္ကစားသမားဟာ ပဲြကိုအေကာင္းဆံုးဖတ္ရႈရင္း ပဲြရဲ႕အရွိန္ကို ေကာင္းေကာင္းအတင္အခ်ျပဳလုပ္ႏိုင္သည့္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

 

၄။ ဘာနာဒိုေဆးလ္ဗား (မန္စီးတီး)

ၿပီးခဲ့သည့္ ေဘာလံုးရာသီမွစတင္ကာ မန္စီးတီးအသင္းရဲ႕ ကြင္းလယ္၌ အေကာင္းဆံုးေျခစြမ္းမ်ား ျပသလာခဲ့သည့္ ဘာနာဒိုေဆးလ္ဗားသည္ နည္းျပဂြါဒီယိုလာရဲ႕ အဓိကအားကုိးရသည့္ ကစားသမားတစ္ဦးလည္း ျဖစ္လာခဲ့ပါတယ္။ ဂြါဒီယိုလာကိုယ္တိုင္ကလည္း “ဘာနာဒိုေဆးလ္ဗားက မတူညီတဲ့ (၃) ေနရာ၊ (၄) ေနရာေလာက္မွာ ကစားႏိုင္ၿပီး ကြ်န္ေတာ္ျမင္ဖူးသမွ် အရည္အခ်င္းအရွိဆံုး ကစားသမားေတြထဲက တစ္ေယာက္ အပါအဝင္ျဖစ္ပါတယ္။” ဟုခ်ီးက်ဴးေျပာၾကားခဲ့ဖူးပါတယ္။

 

၃။ ဖရန္ကီဒီေဂ်ာင္ (ဘာစီလိုနာ)

ၿပီးခဲ့သည့္ေဘာလံုးရာသီက ေအဂ်က္စ္အသင္းနဲ႔အတူ အေကာင္းဆံုး ေတာက္ပႏိုင္ခဲ့သည့္ ဖရန္ကီဒီေဂ်ာင္ကို ဘာစီလိုနာအသင္းက ေႏြရာသီအေျပာင္းအေရႊ႕မွာ အရေခၚယူခဲ့ၿပီး အသက္ (၂၂) ႏွစ္အရြယ္ အဆိုပါကြင္းလယ္လူရဲ႕ ေျခႏႈတ္ေျခသိမ္း၊ လႈပ္ရွားမႈမ်ားနဲ႔ ပဲြကိုဖတ္ရႈႏိုင္စြမ္းတို႔က ဘာစီလိုနာအသင္းရဲ႕ မရွိမျဖစ္ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္လာေစပါလိမ့္မယ္။

 

၂။ ကန္ေတ (ခ်ဲလ္ဆီး)

ရိုးသားၿပီးအေနေအးသည့္ ကန္ေတကို ခ်ဲလ္ဆီးပရိသတ္မ်ားအျပင္ ၿပိဳင္ဘက္ပရိသတ္မ်ားကလည္း ခ်စ္ျမတ္ႏိုးၾကၿပီး ကြင္းထဲမွာအၿမဲတမ္း အလုပ္ႀကိဳးစားသည့္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ လက္စတာအသင္းရဲ႕ အံ့အားသင့္ဖြယ္ ပရီးမီးယားလိဂ္ဖလားခ်န္ပီယံဆုအတြက္လည္း ကြင္းလယ္အင္ဂ်င္တစ္လံုးအျဖစ္ အေကာင္းဆံုး အသံုးေတာ္ခံခဲ့သည့္ ကန္ေတသည္ ခ်ဲလ္ဆီးအသင္း၌လည္း က်ရာေနရာ၌ ေျခစြမ္းျပသႏိုင္ရန္ ႀကိဳးစားေနဆဲျဖစ္ပါတယ္။

 

၁။ ဒီဘရိုင္း (မန္စီးတီး)

မန္စီးတီးအသင္းရဲ႕ မရွိမျဖစ္ကြင္းလယ္ကစားသမားတစ္ဦးျဖစ္ၿပီး နည္းစနစ္ပိုင္း၊ ဖန္တီးႏိုင္စြမ္း၊  ေပါက္ကဲြႏိုင္စြမ္းတို႔၌ အျပစ္ေျပာစရာမရွိသည့္ ကစားသမားျဖစ္ပါတယ္။ အေကာင္းဆံုးလူေပးကစားႏိုင္ျခင္း၊ ဂိုးေပါက္ကိုကန္သြင္းႏိုင္ျခင္း၊ ေဘာလံုးဆဲြေျပးျခင္း၊ ေဘာလံုးလုယူျခင္းနဲ႔ ျဖတ္တင္ေဘာေပးပို႔ျခင္းမ်ားကို ဘယ္ေျခ၊ ညာေျခႏွစ္ဖက္လံုးျဖင့္ ျပဳလုပ္ႏိုင္သည့္ ကစားသမားလည္းျဖစ္ပါတယ္။ အဆိုပါ ဘယ္လ္ဂ်ီယံ ကြင္းလယ္ကစားသမားသည္ မန္စီးတီးအသင္းရဲ႕ပဲြအေျဖကို ေျပာင္းလဲေပးႏိုင္စြမ္းရွိသည့္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

<Zawgyi Version>

 

 

Source ~ FourFourTwo

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

About So Shwe

Check Also

ရိုနယ်ဒိုနဲ့ ရုပ်ချင်းဆင်တဲ့အမျိုးသား ပေါ်ထွက်လာ။

အသက် ၂၅ နှစ်အရွယ် ဟောင်ကောင်ဘောလုံးသမား အော်မက်တ်သရူး အယ်လီယက် (မက်တ် အော်) ဟာ အခုလက်ရှိမှာတော့ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ မကြာသေးခင်က AFC Asian …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro