Breaking News
ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ရဖို့အတွက် လျှိ့ဝှက်ချက် (၅) ချက်။
လူအများစုဟာ ကျန်းမာပြီး အေးချမ်းတဲ့ဘဝမျိုးကို လိုချင်ပေမယ့် အလုပ်တာဝန်တွေကြောင့် စိတ်နဲ့ခန္ဓာကိုယ် ကျန်းမာအောင် ကြိုးစားဖို့ အချိန်မရတာမျိုးတွေ ကြုံနေရပါတယ်။ ဒါပေမယ့် သေချာတဲ့ ဆုံးဖြတ်ချက် ချမှတ်ကာ ကိုယ်ခန္ဓာကျန်းမာဖို့အတွက် အချိန်ပေးပြီး ကြိုးစားလို့ရပါသေးတယ်။
အရေးကြီးဆုံးအချက်ကတော့ မိမိရဲ့လက်ရှိနေထိုင်မှုပုံစံကို ပြောင်းလဲရမှာပဲဖြစ်ပြီး စနစ်ကျတဲ့ နေထိုင်မှုပုံစံအသစ်ကို အစီအစဉ်ဆွဲရပါမယ်။ အစီအစဉ်ဆွဲပြီးနောက်မှာတော့ ကိုယ်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာပဲဖြစ်ပြီး အပြောင်းအလဲပြုလုပ်ဖို့ဆိုတာကလည်း ထင်သလောက် မလွယ်ကူပြန်ပါဘူး။ ဒါပေမယ့်လည်း ပြောင်းလဲလုပ်ဆောင်ပြီးရင်တော့ အချိန်ကြာလာတာနဲ့ နေသားကျသွားမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ရရှိနိုင်ဖို့အတွက် ဘယ်လိုဘယ်ပုံနေထိုင်ရမလဲဆိုတာကို ဆက်လက်ဖော်ပြပေးသွားပါမယ်နော်။
၁။ မနက်ခင်းမှာ လမ်းလျှောက်ပါ။
မနက်ခင်း စောစောစီးစီးထပြီး လမ်းလျှောက်နိုင်ဖို့အတွက် ညဘက်မှာ အစောကြီးအိပ်စက်ဖို့ လိုပါမယ်။ မနက်ခင်းမှာ လမ်းလျှောက်ခြင်းအားဖြင့် တစ်နေ့တာရဲ့ ကျန်ရှိသေးတဲ့အချိန်တွေကို ဖြတ်သန်းနိုင်ဖို့အတွက် တက်ကြွလန်းဆန်းနေမှာပဲဖြစ်ပါတယ်။
၂။ အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်ပါ။
တစ်ပတ်မှာ ၇ ရက်လုံး လေ့ကျင့်ခန်းမလုပ်နိုင်ဘူးဆိုရင်တောင်မှ ၄ ရက်လောက်တော့ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ကိုယ့်ရဲ့အိမ်မှာပဲဖြစ်ဖြစ်၊ အားကစားရုံမှာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်အတွင်းမှာ အောင်းနေတဲ့ ချွေးပုပ်တွေကို ထွက်လာစေပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းစေတာကြောင့် ညဘက်မှာ နှစ်ခြိုက်တဲ့ အိပ်စက်မှုကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။
၃။ အစားသောက်ကို ဂရုစိုက်ပါ။
နေ့စဉ်စားသောက်တဲ့ အစားအစာတွေထဲမှာ အစိမ်းရောင်အသီးအရွက်တွေ၊ အစေ့အဆံတွေ၊ အရိုးစွပ်ပြုတ်တွေနဲ့ ပင်လယ်စာတွေကို စားသုံးသင့်ပါတယ်။ စားသောက်ဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ အဆင်သင့်စားသုံးလို့ရတဲ့ အစားအသောက်တွေထက် လတ်ဆတ်တဲ့ အသားငါး ၊ အသီးအရွက်တွေကို စားသုံးခြင်းက ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတဲ့ အညစ်အကြေးတွေကို သန့်ရှင်းစေနိုင်ပါတယ်။
၄။ စောစောအိပ်ပြီး စောစောထပါ။
မျက်စိကြောင်စေတဲ့ ကော်ဖီနဲ့ လက်ဖက်တို့ကို ညအိပ်ခါနီးမှာ စားသုံးခြင်းကနေ ရှောင်ကြဉ်ပါ။ အကယ်၍ မျက်စိကြောင်စေတဲ့ အစားအသောက်တွေကို မစားသောက်ဘဲ အိပ်မပျော်ဘူးဆိုရင်တော့ အိပ်ပျော်စေမယ့် Melatonin ဓါတ်ပါတဲ့ ဖြည့်စွက်စာကို သောက်သုံးကြည့်ပါ။ ညဘက်သန်းခေါင်ကျော်မှ အိပ်တာထက် သန်းခေါင်မကျော်ခင် အိပ်စက်ပြီး မနက်စောစောထခြင်းဖြင့်လည်း တစ်နေကုန် ခေါင်းကြည်နေမှာပဲဖြစ်ပါတယ်။
၅။ အပျော်ခရီးထွက်ပါ။
အလုပ်တာဝန်တွေကြောင့် စိတ်မွန်းကြပ်လာရတဲ့အချိန်မျိုးမှာ ချစ်ခင်ရသူတွေနဲ့ အပျော်ခရီးထွက်ပါ။ လမ်းတစ်လျှောက်မှာ တွေ့ရမယ့်သဘာဝအလှတရားကြီးကို ကြည့်ရှုရင်း ၊ သန့်ရှင်းလတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်း ဘဝရဲ့အမောတွေကို ဖြေဖျောက်လိုက်ပါ။
Soshwe ပရိသတ်ကြီးကို နောက်ဆုံးပြောချင်တာကတော့ ကျန်းမာတဲ့ဘဝပုံစံမျိုးမှာ ရှင်သန်နေထိုင်ဖို့က မခက်ခဲပါဘူး။ ကျန်းမာတဲ့ဘဝပုံစံကို စတင်ပြောင်းလဲနေထိုင်ဖို့ကသာ ခက်နေတာပါ။ ပျက်အစဉ် ပြင်ခဏဆိုတဲ့ စကားပုံအတိုင်း အချိန်ယူပြီး ကျန်းမာတဲ့ဘဝကို စတင်တည်ထောင်ကြည့်ကြပါနော်။
<Unicode Version>
၅။ အပျော်ခရီးထွက်ပါ။
<Zawgyi Version>
#SY(Soshwe)
#soshwehealthandbeauty
#soshweforyourdailylife
#likeandshare
About So Shwe
Check Also
လူတော်တော်များများ နံနံပင်ကို မုန်းတီးရခြင်းနဲ့ပက်သက်ပြီး လေ့လာတွေ့ရှိမှု။
ကျွန်မတို့အနေနဲ့ စားသောက်ဆိုင်တစ်ခုခုမှာ တခြားသောစားသုံးသူပဲဖြစ်ဖြစ်၊ ကိုယ့်နဲ့အတူလိုက်လာတဲ့ သူငယ်ချင်းကပဲဖြစ်ဖြစ် စားပွဲထိုး (သို့) စားဖိုမှူးကို “နံနံပင်မထည့်နဲ့နော်။”ဆိုပြီး သတိပေးတဲ့ စကားမျိုးကို မကြာခဏကြားရမှာပါ။ ကမ္ဘာနဲ့ချီပြီးပြောရမယ်ဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းမှာတော့ နံနံပင်ကို …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro