HomeHome & Propertyအခြေခံအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံသူတွေကို ကူညီရှာဖွေပေးသွားမယ့် စင်္ကာပူနိုင်ငံမှ အကျိုးဆောင်အဖွဲဲ့အစည်း။

အခြေခံအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံသူတွေကို ကူညီရှာဖွေပေးသွားမယ့် စင်္ကာပူနိုင်ငံမှ အကျိုးဆောင်အဖွဲဲ့အစည်း။

- Advertisement -

မြန်မာနိုင်ငံ စီမံရေး၊ဘဏ္ဍာရေးနှင့်စက်မှုလုပ်ငန်းဆိုင်ရာ ဝန်ကြီးအဖွဲ့အစည်းရဲ့ သဘောတူညီချက်အရ စင်္ကာပူနိုင်ငံအခြေစိုက်ဖြစ်တဲ့ အခြေခံအဆောက်အအုံတည်ဆောက်ရာမှာ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံငွေတွေကို ရရှိဖို့အတွက် ကူညီပေးတဲ့ အကျိုးဆောင်အဖွဲ့အစည်း (IA – Infrastructure Asia) က မြန်မာနိုင်ငံ Project Bank ရဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်း စာရင်းထဲမှာ ပါဝင်နေတဲ့ စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့အတွက် စီမံကိန်းတစ်ခုချင်းစီအတွက် သင့်တော်တဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ကူညီရှာဖွေပေးသွားမယ်လို့ ဆိုလာခဲ့ပါတယ်။

စင်္ကာပူသံရုံးရဲ့ပြောကြားချက်အရ လွန်ခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံ စီမံရေး၊ဘဏ္ဍာရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ဝန်ကြီးအဖွဲ့အစည်းနဲ့ စင်္ကာပူနိုင်ငံအခြေစိုက် အကျိုးဆောင်အဖွဲ့အစည်း (IA – Infrastructure Asia) တို့ရဲ့ စီမံကိန်းများကို လျင်မြန်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက် သဘောတူလက်မှတ်ရေးထိုးပွဲအခမ်းအနားကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

သတင်းအချက်အလက်ဆိုင်ရာမြန်မာ့ဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ သဘောတူလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို စီမံရေး၊ ဘဏ္ဍာရေးနှင့်စက်မှုလုပ်ငန်းအဖွဲ့အစည်းမှ ဝန်ကြီး ဦးစိုးဝင်း ၊ လက်ထောက်ဝန်ကြီး ဦးဆက်အောင်နဲ့ ဒေါက်တာ မင်းရဲပိုင်ဟိန်းတို့နဲ့ စင်္ကာပူနိုင်ငံဝန်ကြီးအဖွဲ့မှ အရာရှိများနှင့် သံအမတ်တို့က မျက်မြင်သက်သေအဖြစ်ရှိခဲ့ကြတယ်လို့ သိရပါတယ်။

- Advertisement -

မေလအစောပိုင်းမှာ မြန်မာနိုင်ငံအစိုးရအဖွဲ့က ချမှတ်ထားတဲ့ COVID-19  ကို တိုက်ထုတ်နေစဉ်ကာလအတွင်း စီးပွားရေးဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်စီမံချက်ဟာ ကပ်ရောဂါဆိုးကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးကျဆင်းမှုကို လျော့ပါးစေလိုခြင်းကြောင့် အသစ်အသစ်သော စီမံချက်တွေနဲ့ တုံ့ပြန်မှုအစီအစဉ်တွေကို ဖွဲ့စည်းခဲ့ရပါတယ်။ စီမံချက်တွေထဲမှာတော့ အခြေခံအဆောက်အအုံတွေကို လျင်မြန်စွာတည်ဆောက်နိုင်ဖို့နဲ့ နိုင်ငံတကာမှာ နာမည်ကြီးတဲ့ အဖွဲ့အစည်းတွေကနေ ရင်းနှီးမြှုပ်နှံငွေ အလုံးအရင်းနဲ့ရရှိနိုင်ဖို့ကို အဓိကဖော်ပြထားပါတယ်။

- Advertisement -

ရန်ကုန်မြို့သစ်တည်ဆောက်ရေးစီမံကိန်း ၊ ရခိုင်ပြည်နယ်အနောက်ပိုင်း ကျောက်ဖြူဒေသမှာ တည်ဆောက်သွားမယ့် အထူးစီးပွားရေးဇုန်တည်ဆောက်ရေးစီမံကိန်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာ တည်ဆောက်သွားမယ့် နယ်စပ်စီးပွားရေးဇုန်တည်ဆောက်ရေးစီမံကိန်းနဲ့ ရှမ်းပြည်နယ်-ကချင်ပြည်နယ်စပ်မှာ တည်ဆောက်သွားမယ့် နယ်စပ်စီးပွားရေးဇုန်တည်ဆောက်ရေးစီမံကိန်းတွေဟာ ယခုလက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ဆောက်လုပ်ဖို့စီမံထားတဲ့ ဆောက်လုပ်ရေးရေးစီမံကိန်းတွေဖြစ်ပါတယ်။

အဆိုပါစီမံကိန်းတွေကို အကောင်အထည်ဖော်တည်ဆောက်နိုင်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံအခြေစိုက် မြို့နှင့်လမ်းတည်ဆောက်ရေးကုမ္ပဏီ (BRI – Belt and Road Initiative) ရဲ့ ဦးဆောင်ကူညီမှုကိုရယူပြီး စီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း တရုတ်က ဖိအားပေးလာပါတယ်။

ဖေဖော်ဝါရီလမှာ Project Bank က စီမံကိန်းနဲ့ပတ်သက်တဲ့ အချက်အလက် အစုံအလင်ကို လူမှုကွန်ရက်ပေါ်မှာ ကြေငြာပေးသွားမည်ဖြစ်ကြောင်း ဆိုခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့တဲ့ မြန်မာ့အရည်အသွေးမြင့်ဖွံ့ဖြိုးရေးအစီအစဉ် (MSDP – Myanmar Sustainable Development Plan) အဖွဲ့က နိုင်ငံ့စီးပွားရေးတိုးတက်မှုရရှိစေရန် တိုင်းပြည်အတွင်း ချမှတ်ထားတဲ့မူဝါဒ၊ ပြဋ္ဌာန်းချက်တွေနဲ့ ကိုက်ညီမှုရှိတဲ့ လုပ်ဆောင်ချက်တွေကို အရေးပေး  ဆောင်ရွက်သွားမယ်လို့ ရည်ရွယ်ထားခဲ့ကြောင်း ထုတ်ဖော်ပြောပြခဲ့ပါတယ်။

စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကြုံတွေ့လာနိုင်တဲ့ လူ့အသိုင်းအဝိုင်းဆိုင်ရာ ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ နိုင်ငံ့စီးပွားရေးဆိုင်ရာ အခက်အခဲတွေကို ရှေးရှုပြီး စီမံကိန်းဘဏ်က ရင်းနှီးမြှုပ်နှံမှု စီမံကိန်းနဲ့ပတ်သက်ပြီး စနစ်တကျစီစစ်သွားမည်ဖြစ်ကြောင်း မြန်မာ့အစိုးရအဖွဲ့က ကြေငြာပြောဆိုခဲ့ပါတယ်။ မြန်မာ့အမျိုးသားဖွံ့ဖြိုးရေးဆိုင်ရာ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ရင်းနှီးမြှုပ်နှံလိုသူ ပြည်သူလူထုအတွင်းက ပုဂ္ဂလိကမိတ်ဖက်တွေကို လူမှုကွန်ရက်ကနေတဆင့် ရရှိနိုင်ပါတယ်။   ဆောက်လုပ်နေဆဲဖြစ်တဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေကို အပြီးသတ်ဆောက်လုပ်ဖို့ ငွေလိုနေတာကြောင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

အမျိုးသားစီးပွားရေးညှိနှိုင်းဆောင်ရွက်ရေးကော်မတီရဲ့ သတင်ပေးကြေငြာချက်အရ Project Bank စာရင်းမှာ စီမံကိန်း ၅၈ ခုလောက်က MSDP ရဲ့ရည်မှန်းချက်နဲ့ ကိုက်ညီမှုရှိကြောင်း သေချာစွာသက်သေပြနိုင်ဖို့  စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

<Unicode Version>

 

 

- Advertisement -

 

 

အေျခခံအေဆာက္အအံု တည္ေဆာက္ေရးစီမံကိန္းအတြက္ ရင္းႏွီးျမႇဳပ္ႏွံသူေတြကို ကူညီရွာေဖြေပးသြားမယ့္ စကၤာပူႏိုင္ငံမွ အက်ိဳးေဆာင္အဖြဲဲ႕အစည္း။

ျမန္မာႏိုင္ငံ စီမံေရး၊ဘ႑ာေရးႏွင့္စက္မႈလုပ္ငန္းဆိုင္ရာ ဝန္ႀကီးအဖြဲ႔အစည္းရဲ႕ သေဘာတူညီခ်က္အရ စကၤာပူႏိုင္ငံအေျခစိုက္ျဖစ္တဲ့ အေျခခံအေဆာက္အအံုတည္ေဆာက္ရာမွာ လိုအပ္တဲ့ ရင္းႏွီးျမႇဳပ္ႏွံေငြေတြကို ရရွိဖို႔အတြက္ ကူညီေပးတဲ့ အက်ိဳးေဆာင္အဖြဲ႔အစည္း (IA – Infrastructure Asia) က ျမန္မာႏိုင္ငံ Project Bank ရဲ႕ အေျခခံအေဆာက္အအံု တည္ေဆာက္ေရးစီမံကိန္း စာရင္းထဲမွာ ပါဝင္ေနတဲ့ စီမံကိန္းေတြကို ဆက္လက္အေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ စီမံကိန္းတစ္ခုခ်င္းစီအတြက္ သင့္ေတာ္တဲ့ ရင္းႏွီးျမႇဳပ္ႏွံသူေတြကို ကူညီရွာေဖြေပးသြားမယ္လို႔ ဆိုလာခဲ့ပါတယ္။

စကၤာပူသံ႐ံုးရဲ႕ေျပာၾကားခ်က္အရ လြန္ခဲ့တဲ့ဗုဒၶဟူးေန႔မွာ ျမန္မာႏိုင္ငံ စီမံေရး၊ဘ႑ာေရးႏွင့္ စက္မႈလုပ္ငန္းဆိုင္ရာ ဝန္ႀကီးအဖြဲ႔အစည္းနဲ႔ စကၤာပူႏိုင္ငံအေျခစိုက္ အက်ိဳးေဆာင္အဖြဲ႔အစည္း (IA – Infrastructure Asia) တို႔ရဲ႕ စီမံကိန္းမ်ားကို လ်င္ျမန္စြာအေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ သေဘာတူလက္မွတ္ေရးထိုးပြဲအခမ္းအနားကို က်င္းပခဲ့တယ္လို႔ သိရပါတယ္။

သတင္းအခ်က္အလက္ဆိုင္ရာျမန္မာ့ဝန္ႀကီးဌာနရဲ႕ ေျပာၾကားခ်က္အရ သေဘာတူလက္မွတ္ေရးထိုးပြဲ အခမ္းအနားကို စီမံေရး၊ ဘ႑ာေရးႏွင့္စက္မႈလုပ္ငန္းအဖြဲ႔အစည္းမွ ဝန္ႀကီး ဦးစိုးဝင္း ၊ လက္ေထာက္ဝန္ႀကီး ဦးဆက္ေအာင္နဲ႔ ေဒါက္တာ မင္းရဲပိုင္ဟိန္းတို႔နဲ႔ စကၤာပူႏိုင္ငံဝန္ႀကီးအဖြဲ႔မွ အရာရွိမ်ားႏွင့္ သံအမတ္တို႔က မ်က္ျမင္သက္ေသအျဖစ္ရွိခဲ့ၾကတယ္လို႔ သိရပါတယ္။

ေမလအေစာပိုင္းမွာ ျမန္မာႏိုင္ငံအစိုးရအဖြဲ႔က ခ်မွတ္ထားတဲ့ COVID-19  ကို တိုက္ထုတ္ေနစဥ္ကာလအတြင္း စီးပြားေရးဆိုင္ရာ လြတ္ၿငိမ္းခ်မ္းသာခြင့္စီမံခ်က္ဟာ ကပ္ေရာဂါဆိုးေၾကာင့္ ျဖစ္ေပၚလာတဲ့ စီးပြားေရးက်ဆင္းမႈကို ေလ်ာ့ပါးေစလိုျခင္းေၾကာင့္ အသစ္အသစ္ေသာ စီမံခ်က္ေတြနဲ႔ တုံ႔ျပန္မႈအစီအစဥ္ေတြကို ဖြဲ႔စည္းခဲ့ရပါတယ္။ စီမံခ်က္ေတြထဲမွာေတာ့ အေျခခံအေဆာက္အအံုေတြကို လ်င္ျမန္စြာတည္ေဆာက္ႏိုင္ဖို႔နဲ႔ ႏိုင္ငံတကာမွာ နာမည္ႀကီးတဲ့ အဖြဲ႔အစည္းေတြကေန ရင္းႏွီးျမႇဳပ္ႏွံေငြ အလံုးအရင္းနဲ႔ရရွိႏိုင္ဖို႔ကို အဓိကေဖာ္ျပထားပါတယ္။

ရန္ကုန္ၿမိဳ႕သစ္တည္ေဆာက္ေရးစီမံကိန္း ၊ ရခိုင္ျပည္နယ္အေနာက္ပိုင္း ေက်ာက္ျဖဴေဒသမွာ တည္ေဆာက္သြားမယ့္ အထူးစီးပြားေရးဇုန္တည္ေဆာက္ေရးစီမံကိန္း၊ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံနယ္စပ္မွာ တည္ေဆာက္သြားမယ့္ နယ္စပ္စီးပြားေရးဇုန္တည္ေဆာက္ေရးစီမံကိန္းနဲ႔ ရွမ္းျပည္နယ္-ကခ်င္ျပည္နယ္စပ္မွာ တည္ေဆာက္သြားမယ့္ နယ္စပ္စီးပြားေရးဇုန္တည္ေဆာက္ေရးစီမံကိန္းေတြဟာ ယခုလက္ရွိ ျမန္မာႏိုင္ငံအတြင္းမွာ ေဆာက္လုပ္ဖို႔စီမံထားတဲ့ ေဆာက္လုပ္ေရးေရးစီမံကိန္းေတြျဖစ္ပါတယ္။

အဆိုပါစီမံကိန္းေတြကို အေကာင္အထည္ေဖာ္တည္ေဆာက္ႏိုင္ဖို႔အတြက္ ျမန္မာႏိုင္ငံအေနနဲ႔ တ႐ုတ္ႏိုင္ငံအေျခစိုက္ ၿမိဳ႕ႏွင့္လမ္းတည္ေဆာက္ေရးကုမၸဏီ (BRI – Belt and Road Initiative) ရဲ႕ ဦးေဆာင္ကူညီမႈကိုရယူၿပီး စီမံကိန္းေတြကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္သင့္ေၾကာင္း တ႐ုတ္က ဖိအားေပးလာပါတယ္။

ေဖေဖာ္ဝါရီလမွာ Project Bank က စီမံကိန္းနဲ႔ပတ္သက္တဲ့ အခ်က္အလက္ အစံုအလင္ကို လူမႈကြန္ရက္ေပၚမွာ ေၾကျငာေပးသြားမည္ျဖစ္ေၾကာင္း ဆိုခဲ့ပါေသးတယ္။ ၂၀၁၈ ခုႏွစ္မွာ စတင္အေကာင္အထည္ေဖာ္ခဲ့တဲ့ ျမန္မာ့အရည္အေသြးျမင့္ဖြံ႔ၿဖိဳးေရးအစီအစဥ္ (MSDP – Myanmar Sustainable Development Plan) အဖြဲ႔က ႏိုင္ငံ့စီးပြားေရးတိုးတက္မႈရရွိေစရန္ တိုင္းျပည္အတြင္း ခ်မွတ္ထားတဲ့မူဝါဒ၊ ျပ႒ာန္းခ်က္ေတြနဲ႔ ကိုက္ညီမႈရွိတဲ့ လုပ္ေဆာင္ခ်က္ေတြကို အေရးေပး  ေဆာင္ရြက္သြားမယ္လို႔ ရည္ရြယ္ထားခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာျပခဲ့ပါတယ္။

စီမံကိန္းကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရာမွာ ၾကံဳေတြ႕လာႏိုင္တဲ့ လူ႔အသိုင္းအဝိုင္းဆိုင္ရာ ၊ သဘာဝပတ္ဝန္းက်င္ဆိုင္ရာနဲ႔ ႏိုင္ငံ့စီးပြားေရးဆိုင္ရာ အခက္အခဲေတြကို ေရွး႐ႈၿပီး စီမံကိန္းဘဏ္က ရင္းႏွီးျမႇဳပ္ႏွံမႈ စီမံကိန္းနဲ႔ပတ္သက္ၿပီး စနစ္တက်စီစစ္သြားမည္ျဖစ္ေၾကာင္း ျမန္မာ့အစိုးရအဖြဲ႔က ေၾကျငာေျပာဆိုခဲ့ပါတယ္။ ျမန္မာ့အမ်ိဳးသားဖြံ႔ၿဖိဳးေရးဆိုင္ရာ ရည္မွန္းခ်က္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ရင္းႏွီးျမႇဳပ္ႏွံလိုသူ ျပည္သူလူထုအတြင္းက ပုဂၢလိကမိတ္ဖက္ေတြကို လူမႈကြန္ရက္ကေနတဆင့္ ရရွိႏိုင္ပါတယ္။   ေဆာက္လုပ္ေနဆဲျဖစ္တဲ့ ေဆာက္လုပ္ေရးစီမံကိန္းေတြကို အၿပီးသတ္ေဆာက္လုပ္ဖို႔ ေငြလိုေနတာေၾကာင့္ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံသူေတြ လိုအပ္ေနတယ္လို႔လည္း သိရပါတယ္။

အမ်ိဳးသားစီးပြားေရးညႇိႏႈိင္းေဆာင္ရြက္ေရးေကာ္မတီရဲ႕ သတင္ေပးေၾကျငာခ်က္အရ Project Bank စာရင္းမွာ စီမံကိန္း ၅၈ ခုေလာက္က MSDP ရဲ႕ရည္မွန္းခ်က္နဲ႔ ကိုက္ညီမႈရွိေၾကာင္း ေသခ်ာစြာသက္ေသျပႏိုင္ဖို႔  ေစာင့္ဆိုင္းေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

four × four =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...