Breaking News

ရန်ကုန်မြို့သစ်တည်ဆောက်ရေးစီမံကိန်းနဲ့ပက်သက်ပြီး ထုတ်ဖော်ပြောကြားသွားတဲ့ NYDC ကုမ္ပဏီ CEO

ရန်ကုန်မြစ်အနောက်ဘက်ကမ်းပါးမှာ မြို့သစ်တည်ဆောက်ရေး စီမံကိန်းကို ၂၀၂၀ ခုနှစ်အတွင်းမှာ ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားမယ်လို့ NYDC ကုမ္ပဏီမှ CEO ဖြစ်သူ Serge Pun က  ကြေညာခဲ့ပါတယ်။ ဒါ့အပြင် COVID-19 ကြောင့် မြန်မာနိုင်ငံ နဲ့ တရုတ်နိုင်ငံတို့မှာ စီးပွားရေးကျဆင်းမှုတွေ ကြုံတွေ့နေရပေမယ့်လည်း မြို့သစ်တည်ထောင်ရေးစီမံကိန်းကိုတော့ မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အခိုင်အမာပြောဆိုကြေငြာခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ NYDC ကုမ္ပဏီက တရုတ်နိုင်ငံ ဘေကျင်းမြို့အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီ (CCCC – China Communications Construction Company, Ltd.) ဆီကနေ အမေရိကန်ဒေါ်လာ ၁.၅ဘီလျံ အကူအညီယူပြီး ရန်ကုန်မြစ် အနောက်ဘက်ကမ်းမှာ ဧက ၂ သောင်းကျယ်ဝန်းတဲ့ ရန်ကုန်မြို့သစ်ကို တည်ဆောက်မယ်လို့ ကြေငြာခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ရန်ကုန်မြို့သစ်ဟာ စကာင်္ပူနိုင်ငံထက် ၂ ဆ ကျယ်ဝန်းပြီး တရုတ်နိုင်ငံအခြေစိုက် မြို့နှင့်လမ်းတည်ဆောက်ရေးကုမ္ပဏီ (BRI – Belt and Road Initiative)  ရဲ့ ညွှန်ကြားချက်အတိုင်း တည်ဆောက်သွားမယ်လို့ သိရပါတယ်။

မေလအစောပိုင်းမှာ မြန်မာနိုင်ငံအစိုးရအဖွဲ့က ချမှတ်ထားတဲ့ COVID-19 ကို တိုက်ထုတ်နေစဉ်ကာလအတွင်း စီးပွားရေးဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ် (CERP – Covid-19 Economic Relief Plan) ကြောင့် NYDC ကုမ္ပဏီက CEO Serge Pun ဟာ ရန်ကုန်မြို့သစ်တည်ဆောက်ရေး စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့အတွက် ပိုပြီးယုံကြည်ချက်ရှိလာတယ်လို့လည်း ဆိုထားပါတယ်။

မြို့သစ်တစ်မြို့ကို တည်ဆောက်ရာမှာ အခြေခံအကျဆုံးဖြစ်တဲ့ ခိုင်ခံ့တဲ့အခြေခံအဆောက်အအုံတွေကို တည်ဆောင်နိုင်ဖို့အတွက် များပြားတဲ့ရင်းနှီးမြှုပ်နှံငွေကို လိုပါတယ်။ CERP ကိုကြေငြာပြီးတဲ့အခါမှာတော့ တရုတ်သံအမတ် Chen Hai က လက်ထောက်အတွင်းရေးမှူး ဦးဆက်အောင်နဲ့ တွေ့ဆုံပြီး ရန်ကုန်မြို့သစ် တည်ဆောက်ရေးစီမံကိန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ အဆိုပါဆွေးနွေးပွဲမှာ ရန်ကုန်မြို့သစ်တည်ဆောက်ရေး ၊ ရခိုင်ပြည်နယ်အနောက်ပိုင်း ကျောက်ဖြူဒေသမှာ တည်ဆောက်သွားမယ့် အထူးစီးပွားရေးဇုန်နဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာ တည်ဆောက်သွားမယ့် စီးပွားရေးနယ်မြေအကြောင်းတွေကို ဆွေးနွေးသွားခဲ့ပါတယ်။

COVID-19 ကြောင့် ဖေဖော်ဝါရီလအကုန်လောက်ကတည်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ အသေးစားနဲ့ အလတ်စား ခရီးသွားလုပ်ငန်းကုမ္ပဏီတွေနဲ့ အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းခဲ့ရတာကြောင့် ထောင်ပေါင်းများစွာသော ပြည်သူပြည်သားတွေဟာ အလုပ်လက်မဲ့ ဖြစ်လာရပါတယ်။ ဒါ့အပြင် မတ်လအကုန်မှာ ထိုင်းနိုင်ငံ ၊ မလေးရှားနိုင်ငံ နဲ့ တရုတ်နိုင်ငံတို့မှာ သွားရောက်ပြီး ဝမ်းစာရှာဖွေနေကြတဲ့ မြန်မာပြည်သားတွေဟာ အလုပ်လက်မဲ့အဖြစ်နဲ့ မွေးရပ်မြေကို ပြန်လာခဲ့ရပါတာ်။

ရန်ကုန်မြို့သစ်တည်ဆောက်ပြီးတဲ့နောက်မှာတော့ မြို့သစ်ကိုအသက်သွင်းဖို့အတွက် မြောက်များစွာသော လူသားအင်အားတွေကိုလိုအပ်ပြီး မြို့သစ်တည်ဆောက်ရေးစီမံကိန်းဟာ ထောင်ပေါင်းများစွာသော ပြည်သူပြည်သားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖွင့်ပေးလာနိုင်မယ်လို့ Serge Pun က ဆိုထားပါတယ်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက COVID-19 ကြောင့် စီးပွားရေးအခြေအနေ ကျဆင်းနေတဲ့ အခုလိုအချိန်မျိုးမှာ ရင်းနှီးမြှုပ်နှံမှုငွေတွေ အများအပြားလိုအပ်တဲ့ မြို့သစ်တည်ဆောက်ခြင်းက မြန်မာနိုင်ငံကို အကြွေးထောင်ချောက်ထဲ ဝင်သွားနိုင်တယ်လို့ သတိပေးပြောဆိုလာကြပါတယ်။

<Unicode Version>

 

ရန္ကုန္ၿမိဳ႕သစ္တည္ေဆာက္ေရးစီမံကိန္းနဲ႕ပက္သက္ၿပီး ထုတ္ေဖာ္ေျပာၾကားသြားတ့ဲ NYDC  ကုမၸဏီ CEO

ရန္ကုန္ျမစ္အေနာက္ဘက္ကမ္းပါးမွာ ၿမိဳ႕သစ္တည္ေဆာက္ေရး စီမံကိန္းကို ၂၀၂၀ ခုႏွစ္အတြင္းမွာ ဆက္လက္အေကာင္အထည္ေဖာ္ တည္ေဆာက္သြားမယ္လို႔ NYDC ကုမၸဏီမွ CEO ျဖစ္သူ Serge Pun က  ေၾကညာခဲ့ပါတယ္။ ဒါ့အျပင္ COVID-19 ေၾကာင့္ ျမန္မာႏိုင္ငံ နဲ႔ တ႐ုတ္ႏိုင္ငံတို႔မွာ စီးပြားေရးက်ဆင္းမႈေတြ ၾကံဳေတြ႕ေနရေပမယ့္လည္း ၿမိဳ႕သစ္တည္ေထာင္ေရးစီမံကိန္းကိုေတာ့ မျဖစ္ျဖစ္ေအာင္ အေကာင္အထည္ေဖာ္   ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း အခိုင္အမာေျပာဆိုေၾကျငာခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္မွာ NYDC ကုမၸဏီက တ႐ုတ္ႏိုင္ငံ ေဘက်င္းၿမိဳ႕အေျခစိုက္ ေဆာက္လုပ္ေရးကုမၸဏီ (CCCC – China Communications Construction Company, Ltd.) ဆီကေန အေမရိကန္ေဒၚလာ ၁.၅ဘီလ်ံ အကူအညီယူၿပီး ရန္ကုန္ျမစ္ အေနာက္ဘက္ကမ္းမွာ ဧက ၂ ေသာင္းက်ယ္ဝန္းတဲ့ ရန္ကုန္ၿမိဳ႕သစ္ကို တည္ေဆာက္မယ္လို႔ ေၾကျငာခဲ့တာပဲျဖစ္ပါတယ္။ အဆိုပါ ရန္ကုန္ၿမိဳ႕သစ္ဟာ စကာၤပူႏိုင္ငံထက္ ၂ ဆ က်ယ္ဝန္းၿပီး တ႐ုတ္ႏိုင္ငံအေျခစိုက္ ၿမိဳ႕ႏွင့္လမ္းတည္ေဆာက္ေရးကုမၸဏီ (BRI – Belt and Road Initiative)  ရဲ႕ ၫႊန္ၾကားခ်က္အတိုင္း တည္ေဆာက္သြားမယ္လို႔ သိရပါတယ္။

ေမလအေစာပိုင္းမွာ ျမန္မာႏိုင္ငံအစိုးရအဖြဲ႔က ခ်မွတ္ထားတဲ့ COVID-19 ကို တိုက္ထုတ္ေနစဥ္ကာလအတြင္း စီးပြားေရးဆိုင္ရာ လြတ္ၿငိမ္းခ်မ္းသာခြင့္အစီအစဥ္ (CERP – Covid-19 Economic Relief Plan) ေၾကာင့္ NYDC ကုမၸဏီက CEO Serge Pun ဟာ ရန္ကုန္ၿမိဳ႕သစ္တည္ေဆာက္ေရး စီမံကိန္းကို ဆက္လက္အေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ ပိုၿပီးယံုၾကည္ခ်က္ရွိလာတယ္လို႔လည္း ဆိုထားပါတယ္။

ၿမိဳ႕သစ္တစ္ၿမိဳ႕ကို တည္ေဆာက္ရာမွာ အေျခခံအက်ဆံုးျဖစ္တဲ့ ခိုင္ခံ့တဲ့အေျခခံအေဆာက္အအံုေတြကို တည္ေဆာင္ႏိုင္ဖို႔အတြက္ မ်ားျပားတဲ့ရင္းႏွီးျမႇဳပ္ႏွံေငြကို လိုပါတယ္။ CERP ကိုေၾကျငာၿပီးတဲ့အခါမွာေတာ့ တ႐ုတ္သံအမတ္ Chen Hai က လက္ေထာက္အတြင္းေရးမွဴး ဦးဆက္ေအာင္နဲ႔ ေတြ႕ဆံုၿပီး ရန္ကုန္ၿမိဳ႕သစ္ တည္ေဆာက္ေရးစီမံကိန္းနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးခဲ့တယ္လို႔သိရပါတယ္။ အဆိုပါေဆြးေႏြးပြဲမွာ ရန္ကုန္ၿမိဳ႕သစ္တည္ေဆာက္ေရး ၊ ရခိုင္ျပည္နယ္အေနာက္ပိုင္း ေက်ာက္ျဖဴေဒသမွာ တည္ေဆာက္သြားမယ့္ အထူးစီးပြားေရးဇုန္နဲ႔ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံနယ္စပ္မွာ တည္ေဆာက္သြားမယ့္ စီးပြားေရးနယ္ေျမအေၾကာင္းေတြကို ေဆြးေႏြးသြားခဲ့ပါတယ္။

COVID-19 ေၾကာင့္ ေဖေဖာ္ဝါရီလအကုန္ေလာက္ကတည္းက ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးဟာ သိသိသာသာ က်ဆင္းသြားခဲ့ပါတယ္။ အေသးစားနဲ႔ အလတ္စား ခရီးသြားလုပ္ငန္းကုမၸဏီေတြနဲ႔ အထည္ခ်ဳပ္စက္႐ံုေတြ ပိတ္သိမ္းခဲ့ရတာေၾကာင့္ ေထာင္ေပါင္းမ်ားစြာေသာ ျပည္သူျပည္သားေတြဟာ အလုပ္လက္မဲ့ ျဖစ္လာရပါတယ္။ ဒါ့အျပင္ မတ္လအကုန္မွာ ထိုင္းႏိုင္ငံ ၊ မေလးရွားႏိုင္ငံ နဲ႔ တ႐ုတ္ႏိုင္ငံတို႔မွာ သြားေရာက္ၿပီး ဝမ္းစာရွာေဖြေနၾကတဲ့ ျမန္မာျပည္သားေတြဟာ အလုပ္လက္မဲ့အျဖစ္နဲ႔ ေမြးရပ္ေျမကို ျပန္လာခဲ့ရပါတာ္။

ရန္ကုန္ၿမိဳ႕သစ္တည္ေဆာက္ၿပီးတဲ့ေနာက္မွာေတာ့ ၿမိဳ႕သစ္ကိုအသက္သြင္းဖို႔အတြက္ ေျမာက္မ်ားစြာေသာ လူသားအင္အားေတြကိုလိုအပ္ၿပီး ၿမိဳ႕သစ္တည္ေဆာက္ေရးစီမံကိန္းဟာ ေထာင္ေပါင္းမ်ားစြာေသာ ျပည္သူျပည္သားေတြအတြက္ အလုပ္အကိုင္အခြင့္အလမ္းေတြ ဖြင့္ေပးလာႏိုင္မယ္လို႔ Serge Pun က ဆိုထားပါတယ္။

ႏိုင္ငံေတာ္ဖြံ႔ၿဖိဳးတိုးတက္ေရးဆိုင္ရာ ကၽြမ္းက်င္ပညာရွင္ေတြက COVID-19 ေၾကာင့္ စီးပြားေရးအေျခအေန က်ဆင္းေနတဲ့ အခုလိုအခ်ိန္မ်ိဳးမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေငြေတြ အမ်ားအျပားလိုအပ္တဲ့ ၿမိဳ႕သစ္တည္ေဆာက္ျခင္းက ျမန္မာႏိုင္ငံကို အေႂကြးေထာင္ေခ်ာက္ထဲ ဝင္သြားႏိုင္တယ္လို႔ သတိေပးေျပာဆိုလာၾကပါတယ္။

<Zawgyi Version>

 

 

SY(Soshwe)

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

 

 

 

 

About So Shwe

Check Also

လေမုန်တိုင်းဒဏ်ကို အံတုနိုင်တဲ့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က ရေပေါ်အိမ်များ။

ကမ္ဘာတစ်ဝှမ်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အချိန်မှာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာရှိတဲ့ Dada Design ကုမ္ပဏီက ဗိသုကာပညာရှင်တွေဟာ ရာသီဥတုပြင်းထန်မှုဒဏ်တွေကို အံတုနိုင်တဲ့ ရေပေါ်အိမ်တွေကို တည်ဆောက်လိုက်တာပဲဖြစ်ပါတယ်။ မနီလာမြို့ရှိ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro