Breaking News

သမီးငယ်လေးရဲ့ စားသောက်ဆိုင်နဲ့ ပတ်သက်ပြီး ချစ်ကြည်နူးစရာကောင်းတဲ့ မှတ်ချက်လေးရေးပေးခဲ့တဲ့ ဖခင်။

ကမ္ဘာကြီးမှာ ဘယ်လောက်ထိဆိုးရွားတဲ့အရာတွေဖြစ်နေပါစေ ဖခင်ပီသတဲ့ အဖေကတော့ သားသမီးတွေကို အကောင်းဆုံးအရာတွေပဲ ပေးနိုင်ဖို့ကြိုးစားတယ်ဆိုတဲ့ အမှန်တရားကို ငြင်းပယ်လို့မရပါဘူး။ မိခင်တွေက သားတွေကိုမင်းသားလေးလို သဘောထားပြီး ချစ်ခင်ဦးစားပေးသလို ဖခင်တွေကလည်း သမီးလေးတွေဆိုရင် မင်းသမီးလေးတွေလို သဘောထားပြီး ဦးစားပေးတတ်ပြန်ပါတယ်။ မကြာခင်က ကပ်ရောဂါဆိုးကြီးကြောင့် စိတ်နှလုံးမပျော်ရွှင်ခဲ့ရတဲ့ လူတွေရဲ့ရင်ထဲကို နွေးထွေးစေခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့ သမီးလေးအပေါ် ချစ်စဖွယ် ပြုမူဆက်ဆံပုံကို Soshwe ပရိသတ်ကြီးအား မျှဝေဖော်ပြပေးသွားပါ့မယ်။

Chris Kyle ဆိုတဲ့အမျိုးသားဟာ သူ့ရဲ့သမီးလေး Ava အတွက် အိမ်တွင်းစားသောက်ဆိုင် အသေးလေးတခု ဖန်တီးပေးခဲ့ပါတယ်။ သမီးလေး Ava ရဲ့ စားသောက်ဆိုင်ထဲကို ရောက်ရှိပြီးတဲ့အချိန်မှာတော့ ဖခင်ဖြစ်သူထိုင်ဖို့အတွက် ပြင်ဆင်ထားပေးတဲ့ စားသောက်ခုံနားမှာ မိုးပျံပူဖေါင်းလေးတွေ တွေ့ရတဲ့ Chris က သူ့ရဲ့မွေးနေ့လည်း မဟုတ်ဘဲနဲ့ သမီးလေး Ava အနေနဲ့ ဘာကြောင့်များ မိုးပျံပူဖေါင်းတွေကို စားသောက်ခုံနားမှာ ချိတ်ထားရသလဲဆိုတဲ့ မေးခွန်းကိုမေးခဲ့ပါတယ်။စားသောက်ဆိုင်ပိုင်ရှင် Ava လေးက “ဖေဖေရယ် စကားမများပါနဲ့။ အဲ့တာတွေက မေမေချိတ်ထားတာ။” လို့ ပြန်ဖြေခဲ့တာတဲ့နော်။ အဖေကို မခန့်တာ။ သမီးလေးရဲ့တုံ့ပြန်မှုကို မကျေနပ်ကြောင်း ရန်မရှာရဲတဲ့ Chris ကတော့ သူသုံးဆောင်လိုတဲ့ အစားအသောက်ကိုမှာပြီး သမီးလေးရဲ့လက်ရာကို စားသုံးဖို့အတွက် စောင့်နေခဲ့ပါတယ်။

Chris ရဲ့ ပြောကြားချက်အရ သမီးလေး Ava ရဲ့ စားသောက်ဆိုင်မှာတော့ သူတစ်ယောက်တည်း ရှိနေပေမယ့် မှာထားတဲ့ အစားအစာကို စားရဖို့ ၄၅ မိနစ်လောက် စောင့်ဆိုင်းခဲ့တာတောင်မှ စားချင်တာ မစားလိုက်ရပါဘူးတဲ့နော်။ သမီးလေး Ava က အစပိုင်းမှာတော့ ဖခင်ဖြစ်သူ မှာထားတဲ့ အစားအသောက်ကို လုပ်နေရင်းကနေ “Paw Patrol” ကာတွန်းရုပ်ရှင်ကို ကြည့်ဖို့အတွက် မိနစ် ၂၀ လောက်ပျောက်သွားခဲ့ပါတယ်။

သမီးလေးရဲ့စားသောက်ဆိုင်နဲ့ ပတ်သက်ပြီး သူ့ရဲ့အင်စတာဂရမ်အကောင့်မှတစ်ဆင့် အလုပ်ရှုပ်နေတဲ့ သမီးလေးနဲ့အတူ ရိုက်ထားတဲ့ ဓါတ်ပုံကိုတွဲတင်ပြီး “ဒီစားသောက်ဆိုင်လေးကို ဧပြီလအကုန်လောက်မှာဖွင့်ခဲ့ပြီး စားသောက်ဆိုင်အတွင်းပိုင်းကတော့ သန့်ရှင်းသပ်ရပ်နေတာပဲ။ စားသောက်ဆိုင်ပိုင်ရှင်ကတော့ ဝယ်သူကို သိပ်အရေးမပေးပါဘူး။ ဒါပေမယ့် ပိုင်ရှင်လေးက ချစ်စရာကောင်းတာမို့ ကျွန်တော့အနေနဲ့ သူ့ကိုဒုတိယအကြိမ်အခွင့်အရေးပေးလိုက်ပါဦးမယ်။ ဒါကြောင့် အဆင်မပြေမှုတစ်ခုတည်းကြောင့် လူမည်းတွေပြုလုပ်တဲ့ စီးပွားရေးတွေကို အပြစ်မတင်ကြပါနဲ့ဗျာ။” လို့ ရေးသားခဲ့ပါတယ်။

အင်စတာဂရမ်အကောင့်မှာတင်ခဲ့တဲ့ Chris ရဲ့ ဓါတ်ပုံနဲ့ အရေးအသားက သမီးလေးတစ်ယောက်အပေါ် ထားရှိတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာပေါ်လွင်နေတာမို့ လူမှုကွန်ရက်အသုံးပြုသူတွေက Chris နဲ့ ဆရာမလေး Ava တို့ကို အရမ်းကိုနှစ်သက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

<Unicode Version>

 

 

သမီးငယ္ေလးရဲ႕ စားေသာက္ဆိုင္နဲ႔ ပတ္သက္ၿပီး ခ်စ္ၾကည္ႏူးစရာေကာင္းတဲ့ မွတ္ခ်က္ေလးေရးေပးခဲ့တဲ့ ဖခင္။

ကမာၻႀကီးမွာ ဘယ္ေလာက္ထိဆိုးရြားတဲ့အရာေတြျဖစ္ေနပါေစ ဖခင္ပီသတဲ့ အေဖကေတာ့ သားသမီးေတြကို အေကာင္းဆံုးအရာေတြပဲ ေပးႏိုင္ဖို႔ႀကိဳးစားတယ္ဆိုတဲ့ အမွန္တရားကို ျငင္းပယ္လို႔မရပါဘူး။ မိခင္ေတြက သားေတြကိုမင္းသားေလးလို သေဘာထားၿပီး ခ်စ္ခင္ဦးစားေပးသလို ဖခင္ေတြကလည္း သမီးေလးေတြဆိုရင္ မင္းသမီးေလးေတြလို သေဘာထားၿပီး ဦးစားေပးတတ္ျပန္ပါတယ္။ မၾကာခင္က ကပ္ေရာဂါဆိုးႀကီးေၾကာင့္ စိတ္ႏွလံုးမေပ်ာ္ရႊင္ခ့ဲရတဲ့ လူေတြရဲ႕ရင္ထဲကို  ေႏြးေထြးေစခဲ့တဲ့ ဖခင္တစ္ေယာက္ရဲ႕ သမီးေလးအေပၚ ခ်စ္စဖြယ္ ျပဳမူဆက္ဆံပံုကို Soshwe ပရိသတ္ႀကီးအား မွ်ေဝေဖာ္ျပေပးသြားပါ့မယ္။

Chris Kyle ဆုိတ့ဲအမ်ိဳးသားဟာ သူ႕ရဲ႕သမီးေလး Ava အတြက္ အိမ္တြင္းစားေသာက္ဆိုင္ အေသးေလးတခု ဖန္တီးေပးခဲ့ပါတယ္။ သမီးေလး Ava ရဲ႕ စားေသာက္ဆိုင္ထဲကို  ေရာက္ရွိၿပီးတဲ့အခ်ိန္မွာေတာ့ ဖခင္ျဖစ္သူထိုင္ဖို႔အတြက္ ျပင္ဆင္ထားေပးတဲ့ စားေသာက္ခံုနားမွာ မိုးပ်ံပူေဖါင္းေလးေတြ ေတြ႕ရတဲ့ Chris က သူ႕ရဲ႕ေမြးေန႔လည္း မဟုတ္ဘဲနဲ႔ သမီးေလး Ava အေနနဲ႕ ဘာေၾကာင့္မ်ား မိုးပ်ံပူေဖါင္းေတြကို စားေသာက္ခံုနားမွာ ခ်ိတ္ထားရသလဲဆိုတဲ့ ေမးခြန္းကိုေမးခဲ့ပါတယ္။စားေသာက္ဆိုင္ပိုင္ရွင္ Ava ေလးက “ေဖေဖရယ္ စကားမမ်ားပါနဲ႔။ အဲ့တာေတြက ေမေမခ်ိတ္ထားတာ။” လို႔ ျပန္ေျဖခဲ့တာတဲ့ေနာ္။ အေဖကို မခန္႔တာ။ သမီးေလးရဲ႕တံု႔ျပန္မႈကို မေက်နပ္ေၾကာင္း ရန္မရွာရဲတဲ့ Chris ကေတာ့ သူသံုးေဆာင္လိုတဲ့ အစားအေသာက္ကိုမွာၿပီး သမီးေလးရဲ႕လက္ရာကို စားသံုးဖို႔အတြက္  ေစာင့္ေနခဲ့ပါတယ္။

Chris ရဲ႕ ေျပာၾကားခ်က္အရ သမီးေလး Ava ရဲ႕ စားေသာက္ဆိုင္မွာေတာ့ သူတစ္ေယာက္တည္း ရွိေနေပမယ့္ မွာထားတဲ့ အစားအစာကို စားရဖို႔ ၄၅ မိနစ္ေလာက္  ေစာင့္ဆိုင္းခဲ့တာေတာင္မွ စားခ်င္တာ မစားလိုက္ရပါဘူးတဲ့ေနာ္။ သမီးေလး Ava က အစပိုင္းမွာေတာ့ ဖခင္ျဖစ္သူ မွာထားတဲ့ အစားအေသာက္ကို လုပ္ေနရင္းကေန “Paw Patrol” ကာတြန္း႐ုပ္ရွင္ကို ၾကည့္ဖို႔အတြက္ မိနစ္ ၂၀ ေလာက္ေပ်ာက္သြားခဲ့ပါတယ္။

သမီးေလးရဲ႕စားေသာက္ဆိုင္နဲ႔ ပတ္သက္ၿပီး သူ႕ရဲ႕အင္စတာဂရမ္အေကာင့္မွတစ္ဆင့္ အလုပ္ရႈပ္ေနတဲ့ သမီးေလးနဲ႔အတူ ႐ိုက္ထားတဲ့ ဓါတ္ပံုကိုတြဲတင္ၿပီး “ဒီစားေသာက္ဆိုင္ေလးကို ဧၿပီလအကုန္ေလာက္မွာဖြင့္ခဲ့ၿပီး စားေသာက္ဆိုင္အတြင္းပိုင္းကေတာ့ သန္႔ရွင္းသပ္ရပ္ေနတာပဲ။ စားေသာက္ဆိုင္ပိုင္ရွင္ကေတာ့ ဝယ္သူကို သိပ္အေရးမေပးပါဘူး။ ဒါေပမယ့္ ပိုင္ရွင္ေလးက ခ်စ္စရာေကာင္းတာမို႔ ကၽြန္ေတာ့အေနနဲ႔ သူ႔ကိုဒုတိယအႀကိမ္အခြင့္အေရးေပးလိုက္ပါဦးမယ္။ ဒါေၾကာင့္ အဆင္မေျပမႈတစ္ခုတည္းေၾကာင့္ လူမည္းေတြျပဳလုပ္တဲ့ စီးပြားေရးေတြကို အျပစ္မတင္ၾကပါနဲ႔ဗ်ာ။” လို႔ ေရးသားခဲ့ပါတယ္။

အင္စတာဂရမ္အေကာင့္မွာတင္ခဲ့တဲ့ Chris ရဲ႕ ဓါတ္ပံုနဲ႔ အေရးအသားက သမီးေလးတစ္ေယာက္အေပၚ ထားရွိတဲ့ ဖခင္တစ္ေယာက္ရဲ႕ ေမတၱာေပၚလြင္ေနတာမို႔ လူမႈကြန္ရက္အသံုးျပဳသူေတြက Chris နဲ႔ ဆရာမေလး Ava တို႔ကို အရမ္းကိုႏွစ္သက္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

<Zawgyi Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

သမီးလေးအတွက် မွေးနေ့လက်ဆောင်တွေကို ထူးထူးဆန်းဆန်းပြင်ဆင်ပေးခဲ့တဲ့ ဖခင်။

Manchester က စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် Phil Smith ဆိုသူဟာ သမီးလေး Sienna ရဲ့ အသက် ၅ နှစ်ပြည့်မွေးနေ့အတွက် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro