Breaking News

လူငယ်ကစားသမားတစ်ဦးကို ဒေါ်လာသန်း (၅၅၀) တန်လျော်ကြေးစာချုပ်ချုပ်ဆိုပြီးခေါ်ယူလိုက်သည့် ဘာစီလိုနာ။

စပိန်အင်အားကြီးကလပ် ဘာစီလိုနာအသင်းသည် ပေါ်တူဂီကလပ် ဘရာဂါအသင်းမှ အသက် (၂၀) အရွယ် လူငယ်ကစားသမားလေးတစ်ဦးဖြစ်သည့် ဖရန်ဆစ္စကိုတရင်ကို ကို ပြောင်းရွှေ့ကြေး ဒေါ်လာ (၃၄.၃) သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အဆိုပါကစားသမားလေးသည် လာမယ့်ဇူလိုင်လ (၁) ရက်နေ့မှသာ ဘာစီလိုနာအသင်းနဲ့ လာရောက်ပူးပေါင်းမည်ဖြစ်ပြီး ဘာစီလိုနာအသင်းကမူ တရင်ကိုအတွက် ဒေါ်လာသန်း (၅၅၀) တန် လျော်ကြေးစာချုပ်ကိုပါ တစ်ပါတည်းချုပ်ဆိုခဲ့ပါတယ်။

တရင်ကိုသည် လက်ရှိဘောလုံးရာသီ၌ ဘရာဂါအသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသနေပြီး (၂၁) ပွဲ ကစားပြီးချိန်မှာ (၃) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၆) ကြိမ် ပြုလုပ်ထားနိုင်သည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် တရင်ကိုက ဘရာဂါအသင်းကို ပေါ်တူဂီလိဂ်ဖလားရရှိအောင်လည်း စွမ်းဆောင်ပေးထားပြီး အဆိုပါဆုဖလားသည် ဘရာဂါအသင်းအတွက် (၂၀၁၆) ခုနှစ်နောက်ပိုင်း ပထမဆုံးရရှိသည့် အဓိကဆုဖလားတစ်လုံးလည်းဖြစ်ပါတယ်။

ဘယ်သန်ကစားသမားတစ်ယောက်ဖြစ်သည့် တရင်ကို ကို ဥရောပရဲ့ ထိပ်တန်းအသင်းကြီးများကလည်း မျက်စိကျခဲ့ပေမယ့် ဘာစီလိုနာအသင်းက လျင်လျင်မြန်မြန်နဲ့ပဲ တရင်ကိုအတွက် လက်ဦးမှု ရယူခဲ့ခြင်းဖြစ်ပါတယ်။ တရင်ကိုသည် ပြီးခဲ့သည့် (၂၀၁၈) ခုနှစ် လူငယ်ယူရိုချန်ပီယံရှစ်ပြိုင်ပွဲ၌လည်း ပေါ်တူဂီ ယူ – ၁၉ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ဂိုးအများဆုံးသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်ခဲ့သည့် ကစားသမားတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။

<Unicode Version>

 

လူငယ္ကစားသမားတစ္ဦးကို ေဒၚလာသန္း (၅၅၀) တန္ေလ်ာ္ေၾကးစာခ်ဳပ္ခ်ဳပ္ဆိုၿပီးေခၚယူလိုက္သည့္ ဘာစီလိုနာ။

စပိန္အင္အားႀကီးကလပ္ ဘာစီလိုနာအသင္းသည္ ေပၚတူဂီကလပ္ ဘရာဂါအသင္းမွ အသက္ (၂၀) အရြယ္ လူငယ္ကစားသမားေလးတစ္ဦးျဖစ္သည့္ ဖရန္ဆစၥကိုတရင္ကို ကို ေျပာင္းေရႊ႕ေၾကး ေဒၚလာ (၃၄.၃) သန္းျဖင့္ ေခၚယူလိုက္ၿပီျဖစ္ပါတယ္။ အဆုိပါကစားသမားေလးသည္ လာမယ့္ဇူလိုင္လ (၁) ရက္ေန႔မွသာ ဘာစီလိုနာအသင္းနဲ႔ လာေရာက္ပူးေပါင္းမည္ျဖစ္ၿပီး ဘာစီလိုနာအသင္းကမူ တရင္ကိုအတြက္ ေဒၚလာသန္း (၅၅၀) တန္ ေလ်ာ္ေၾကးစာခ်ဳပ္ကိုပါ တစ္ပါတည္းခ်ဳပ္ဆိုခဲ့ပါတယ္။

တရင္ကိုသည္ လက္ရွိေဘာလံုးရာသီ၌ ဘရာဂါအသင္းရဲ႕ အဓိက ကစားသမားတစ္ဦးအျဖစ္ ေျခစြမ္းျပသေနၿပီး (၂၁) ပဲြ ကစားၿပီးခ်ိန္မွာ (၃) ဂိုးသြင္း၊ ဂိုးဖန္တီးမႈ (၆) ႀကိမ္ ျပဳလုပ္ထားႏုိင္သည့္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ ဒါ့အျပင္ တရင္ကိုက ဘရာဂါအသင္းကို ေပၚတူဂီလိဂ္ဖလားရရွိေအာင္လည္း စြမ္းေဆာင္ေပးထားၿပီး အဆိုပါဆုဖလားသည္ ဘရာဂါအသင္းအတြက္ (၂၀၁၆) ခုႏွစ္ေနာက္ပိုင္း ပထမဆံုးရရွိသည့္ အဓိကဆုဖလားတစ္လံုးလည္းျဖစ္ပါတယ္။

ဘယ္သန္ကစားသမားတစ္ေယာက္ျဖစ္သည့္ တရင္ကို ကို ဥေရာပရဲ႕ ထိပ္တန္းအသင္းႀကီးမ်ားကလည္း မ်က္စိက်ခဲ့ေပမယ့္ ဘာစီလိုနာအသင္းက လ်င္လ်င္ျမန္ျမန္နဲ႔ပဲ တရင္ကိုအတြက္ လက္ဦးမႈ ရယူခဲ့ျခင္းျဖစ္ပါတယ္။ တရင္ကိုသည္ ၿပီးခဲ့သည့္ (၂၀၁၈) ခုႏွစ္ လူငယ္ယူရိုခ်န္ပီယံရွစ္ၿပိဳင္ပဲြ၌လည္း ေပၚတူဂီ ယူ – ၁၉ အသင္းအတြက္ အေကာင္းဆံုး ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး ဂိုးအမ်ားဆံုးသြင္းယူႏိုင္ခဲ့သလို ဂိုးဖန္တီးမႈအမ်ားဆံုးျပဳလုပ္ႏိုင္ခဲ့သည့္ ကစားသမားတစ္ဦးလည္းျဖစ္ခဲ့ပါတယ္။

<Zawgyi Version>

 

 

Source ~ CNN News

#Soshwe

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

About So Shwe

Check Also

ရိုနယ်ဒိုနဲ့ ရုပ်ချင်းဆင်တဲ့အမျိုးသား ပေါ်ထွက်လာ။

အသက် ၂၅ နှစ်အရွယ် ဟောင်ကောင်ဘောလုံးသမား အော်မက်တ်သရူး အယ်လီယက် (မက်တ် အော်) ဟာ အခုလက်ရှိမှာတော့ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ မကြာသေးခင်က AFC Asian …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro