Breaking News

နာမည်ကျော် BBC ရုပ်သံနဲ့ ပြဿနာဖြစ်ပွားခဲ့သည့် ကမ္ဘာကျော်အဆိုတော်။

One Direction အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည့် Louis Tomlinson သည် ယူကေရှိ နာမည်ကျော် BBC Breakfast Show ၌ ပြဿနာဖြစ်ပွားခဲ့ပြီးနောက် အဆိုပါရုပ်သံနဲ့ ထပ်မံပတ်သက်တော့မည်မဟုတ်ကြောင်း တွစ်တာမှတစ်ဆင့် ရေးသားခဲ့ပါတယ်။ အဆိုပါ Breakfast Show ၌ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်သည့် “Walls” နဲ့ ပတ်သက်သည့် မေးခွန်းများကိုသာ Tomlinson က  မျှော်လင့်ခဲ့ပေမယ့် ဂျာနယ်လစ် Dan Walker က Tomlinson ရဲ့ ဝမ်းနည်းစရာအတိတ်ကို ပြန်လည်တူးဆွသည့် မေးခွန်းများကိုမေးမြန်းခဲ့ခြင်းကြောင့် အဆိုပါအစီအစဉ်အပြီး၌ သူတို့နှစ်ဦး ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

Tomlinson ရဲ့မိခင်သည် ပြီးခဲ့သည့် (၂၀၁၆) ခုနှစ်က လူကီးမီးယားရောဂါဖြင့် ကွယ်လွန်ခဲ့သလို သူ့ရဲ့ (၁၈) နှစ်အရွယ် ညီမလေးကလည်း အလွန်အကျွံဆေးစွဲမှုကြောင့် ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်၊ မတ်လအတွင်းက ကွယ်လွန်သွားခဲ့ပါတယ်။ အစီအစဉ်တင်ဆက်နေချိန်အတွင်း Tomlinson က သူမဖြေချင်သည့် မေးခွန်းများနဲ့ ပတ်သက်၍ “ကျွန်တော့်ရဲ့ အယ်လ်ဘမ်အသစ်ကို ထုတ်ဝေထားပြီး အဲ့ဒီအတွက်ပဲ ဒီနေရာကို  ရောက်နေတာပါ။” ဟု သတိပေးခဲ့ပေမယ့် Walker ကမူ One Direction အဖွဲ့ ပြန်လည်ပေါင်းစည်းဖို့အရေး ဖြစ်နိုင်ချေကို မေးမြန်းခဲ့ချိန်၌မူ Tomlinson က “ခင်ဗျားတို့အားလုံး ကျွန်တော်တို့အဖွဲ့ရဲ့  ဖျော်ဖြေပွဲလက်မှတ်ကို ဝယ်ပြီးသွားပါပြီ။ ကျွန်တော်တို့ နောက်ဆုံးတော့ တစ်စုတစ်စည်းတည်းပြန်ဖြစ်ခဲ့ပါပြီ။ ဒါက မလွှဲမရှောင်သာ ကိစ္စပါ။ ကျွန်တော်တို့ မပေါင်းစည်းဖြစ်ဘူးဆိုရင် မိုက်ရူးရဲဆန်နေလို့ပါပဲ။” ဟု ပြတ်ပြတ်သားသား ပြောကြားသွားခဲ့ပါတယ်။

အစီအစဉ်ပြီးဆုုံးသည့်နောက် Tomlinson ရဲ့ တွစ်တာပေါ်မှ ပို့စ်အောက်၌ Walker က “ခင်ဗျားအဲ့ဒီလိုခံစားရတဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူး။ ခင်ဗျားနဲ့ ဒီမနက်မှာ စကားပြောခွင့်ရခဲ့တာက တကယ်ကို ကျေနပ်စရာပါ။ ခင်ဗျားဘယ်အကြောင်းအရာပေါ်မှာ စိတ်မကောင်းဖြစ်ရလဲဆိုတာကို မေးခွင့်ရှိမလား။” ဟု ပြန်လည်ရေးသားခဲ့ပါတယ်။

Tomlinson ကလည်း “စိတ်မကောင်းဖြစ်ရတဲ့ကိစ္စကတော့ ခင်ဗျားက ကျွန်တော့်ရဲ့ဝမ်းနည်းစရာကိစ္စတွေကို ဆက်ပြီးမေးခဲ့တာပါပဲ။ ကိုယ့်အနားက လူတွေကို ဆုံးရှုံးရတာ ဘယ်လောက်အထိ ခက်ခဲလဲဆိုတာ  ပြောပြစရာတောင် မလိုအပ်ပါဘူး။” ဟု တုံ့ပြန်ခဲ့ပါတယ်။ BBC ကတော့ ဒီအစီအစဉ်မှာ  မေးမြန်းခဲ့သည့်  မေးခွန်းများအတွက် ကာကွယ်ပြောကြားသွားခဲ့ပြီး BBC ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက “ကျွန်တော်တို့ရဲ့   မေးခွန်းတွေက Tomlinson ရဲ့ အယ်လ်ဘမ်အသစ်ကို ဖုံးလွှမ်းသွားစေနိုင်တဲ့ သူ့ဘဝအကြောင်းကို ဖုံးကွယ်ပေးထားဖို့ ရည်ရွယ်ပြီး အခုမေးခွန်းတွေကလည်း မျှတပါတယ်။” ဟု CNN သို့ ပြောကြားသွားခဲ့ပါတယ်။

<Unicode Version>

 

 

နာမည္ေက်ာ္ BBC ရုပ္သံနဲ႔ ျပႆနာျဖစ္ပြားခဲ့သည့္ ကမာၻေက်ာ္အဆိုေတာ္။

One Direction အဖဲြ႕ဝင္ေဟာင္းတစ္ဦးျဖစ္သည့္ Louis Tomlinson သည္ ယူေကရွိ နာမည္ေက်ာ္ BBC Breakfast Show ၌ ျပႆနာျဖစ္ပြားခဲ့ၿပီးေနာက္ အဆိုပါရုပ္သံနဲ႔ ထပ္မံပတ္သက္ေတာ့မည္မဟုတ္ေၾကာင္း တြစ္တာမွတစ္ဆင့္ ေရးသားခဲ့ပါတယ္။ အဆိုပါ Breakfast Show ၌ သူ႔ရဲ႕ ပထမဆံုး တစ္ကိုယ္ေတာ္အယ္လ္ဘမ္ျဖစ္သည့္ “Walls” နဲ႔ ပတ္သက္သည့္ ေမးခြန္းမ်ားကိုသာ Tomlinson က  ေမွ်ာ္လင့္ခဲ့ေပမယ့္ ဂ်ာနယ္လစ္ Dan Walker က Tomlinson ရဲ႕ ဝမ္းနည္းစရာအတိတ္ကို ျပန္လည္တူးဆြသည့္ ေမးခြန္းမ်ားကိုေမးျမန္းခဲ့ျခင္းေၾကာင့္ အဆိုပါအစီအစဥ္အၿပီး၌ သူတုိ႔ႏွစ္ဦး ထိပ္တိုက္ေတြ႕ခဲ့ၾကပါတယ္။

Tomlinson ရဲ႕မိခင္သည္ ၿပီးခဲ့သည့္ (၂၀၁၆) ခုႏွစ္က လူကီးမီးယားေရာဂါျဖင့္ ကြယ္လြန္ခဲ့သလို သူ႔ရဲ႕ (၁၈) ႏွစ္အရြယ္ ညီမေလးကလည္း အလြန္အကြ်ံေဆးစဲြမႈေၾကာင့္ ၿပီးခဲ့သည့္ (၂၀၁၉) ခုႏွစ္၊ မတ္လအတြင္းက ကြယ္လြန္သြားခဲ့ပါတယ္။ အစီအစဥ္တင္ဆက္ေနခ်ိန္အတြင္း Tomlinson က သူမေျဖခ်င္သည့္ ေမးခြန္းမ်ားနဲ႔ ပတ္သက္၍ “ကြ်န္ေတာ့္ရဲ႕ အယ္လ္ဘမ္အသစ္ကို ထုတ္ေဝထားၿပီး အဲ့ဒီအတြက္ပဲ ဒီေနရာကို  ေရာက္ေနတာပါ။” ဟု သတိေပးခဲ့ေပမယ့္ Walker ကမူ One Direction အဖြဲ႕ ျပန္လည္ေပါင္းစည္းဖို႕အေရး ျဖစ္ႏုိင္ေခ်ကို ေမးျမန္းခဲ့ခ်ိန္၌မူ Tomlinson က “ခင္ဗ်ားတုိ႔အားလံုး ကြ်န္ေတာ္တို႔အဖဲြ႕ရဲ႕  ေဖ်ာ္ေျဖပဲြလက္မွတ္ကို ဝယ္ၿပီးသြားပါၿပီ။ ကြ်န္ေတာ္တုိ႔ ေနာက္ဆံုးေတာ့ တစ္စုတစ္စည္းတည္းျပန္ျဖစ္ခဲ့ပါၿပီ။ ဒါက မလဲႊမေရွာင္သာ ကိစၥပါ။ ကြ်န္ေတာ္တို႔ မေပါင္းစည္းျဖစ္ဘူးဆိုရင္ မိုက္ရူးရဲဆန္ေနလို႔ပါပဲ။” ဟု ျပတ္ျပတ္သားသား ေျပာၾကားသြားခဲ့ပါတယ္။

အစီအစဥ္ၿပီးဆံုုးသည့္ေနာက္ Tomlinson ရဲ႕ တြစ္တာေပၚမွ ပို႔စ္ေအာက္၌ Walker က “ခင္ဗ်ားအဲ့ဒီလိုခံစားရတဲ့အတြက္ ကြ်န္ေတာ္ စိတ္မေကာင္းပါဘူး။ ခင္ဗ်ားနဲ႔ ဒီမနက္မွာ စကားေျပာခြင့္ရခဲ့တာက တကယ္ကို ေက်နပ္စရာပါ။ ခင္ဗ်ားဘယ္အေၾကာင္းအရာေပၚမွာ စိတ္မေကာင္းျဖစ္ရလဲဆိုတာကို ေမးခြင့္ရွိမလား။” ဟု ျပန္လည္ေရးသားခဲ့ပါတယ္။

Tomlinson ကလည္း “စိတ္မေကာင္းျဖစ္ရတဲ့ကိစၥကေတာ့ ခင္ဗ်ားက ကြ်န္ေတာ့္ရဲ႕ဝမ္းနည္းစရာကိစၥေတြကို ဆက္ၿပီးေမးခဲ့တာပါပဲ။ ကိုယ့္အနားက လူေတြကို ဆံုးရံႈးရတာ ဘယ္ေလာက္အထိ ခက္ခဲလဲဆိုတာ  ေျပာျပစရာေတာင္ မလိုအပ္ပါဘူး။” ဟု တံု႔ျပန္ခဲ့ပါတယ္။ BBC ကေတာ့ ဒီအစီအစဥ္မွာ  ေမးျမန္းခဲ့သည့္  ေမးခြန္းမ်ားအတြက္ ကာကြယ္ေျပာၾကားသြားခဲ့ၿပီး BBC ရဲ႕ ေျပာေရးဆုိခြင့္ရပုဂၢိဳလ္တစ္ဦးက “ကြ်န္ေတာ္တို႔ရဲ႕   ေမးခြန္းေတြက Tomlinson ရဲ႕ အယ္လ္ဘမ္အသစ္ကို ဖံုးလႊမ္းသြားေစႏိုင္တဲ့ သူ႔ဘဝအေၾကာင္းကို ဖံုးကြယ္ေပးထားဖို႔ ရည္ရြယ္ၿပီး အခုေမးခြန္းေတြကလည္း မွ်တပါတယ္။” ဟု CNN သို႔ ေျပာၾကားသြားခဲ့ပါတယ္။

<Zawgyi Version>

 

 

Source ~ CNN News

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

 

About So Shwe

Check Also

အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်အောင် ဝန်ခံလိုက်တဲ့ Keanu Reeves

ပရိသတ်အခိုင်အမာရရှိထားတဲ့ Keanu Reeves နဲ့ Winona Ryder တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအစစ်အမှန်နဲ့ ပတ်သက်လို့ ပရိသတ်တွေအားလုံး အံ့အားသင့်သွားစေမယ့်အကြောင်းအရာတခုကို Reeves က ထုတ်ဖော်ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro