လန်ဒန်မြို့ရဲ့အချက်အချာကျသည့် နေရာတစ်ခုဖြစ်သည့် Soho ၌ မပေါက်ကွဲသေးသည့် ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးတစ်လုံး တွေ့ရှိခဲ့ခြင်းကြောင့် လူအများရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါဗုံးကို တနလာင်္နေ့ နေ့လယ်ပိုင်းက ဆောက်လုပ်ရေးလုပ်သားများက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး နေ့လယ် (၁း၄၂) နာရီအချိန်၌ ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ပါတယ်။
ဗုံးတွေ့ရှိရာ အနီးအနားရှိအဆောက်အအုံမှ ထောင်နဲ့ချီသောလူအရေအတွက်ကို ချက်ချင်းပင် နေရာမှထွက်ခွာရန် ညွှန်ကြားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များကလည်း အဆိုပါအနီးတဝိုက်ကို တားမြစ်နယ်မြေများအဖြစ် ချက်ချင်းကန့်သတ်ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါတယ်။ အဆိုပါဖြစ်ရပ်ဖြစ်ပွားသည့် နေရာအတိအကျသည် Soho ဟိုတယ်၌ဖြစ်ပြီး ယခုဖြစ်စဉ်၌ မျက်မြင်ကိုယ်တွေ့ခံစားခဲ့ရသည့် Umika Verma က “ Reception က ကျွန်မတို့ ဝန်ထမ်းတွေအားလုံးကို ချက်ချင်းထွက်ခွာဖို့ ရဲတွေက ညွှန်ကြားခဲ့ပြီး ကျွန်မတို့လည်း ချက်ချင်းနေရာကနေ ထွက်ပြေးခဲ့ကြပါတယ်။ ရဲတွေကလည်း ချက်ချင်းထွက်ပေးဖို့ ပြောခဲ့တဲ့အတွက် ကျွန်မတို့အားလုံး အချိန် (၅)မိနစ်လောက်အတွင်း အပြင်ကိုထွက်ပြေးခဲ့ကြတာပါ။” ဟု သူမရဲ့အတွေ့အကြုံကို ပြန်လည်ပြောပြခဲ့ပါတယ်။
Police are evacuating a large part of Soho after an unexploded WW2 bomb was found just off Dean Street. Cordon is being expanded and several streets are closed off. Dozens of police around and thousands of people being told to leave work. pic.twitter.com/qscw62Gk9T
— Rob Picheta (@robpicheta) February 3, 2020
ပြီးခဲ့သည့် (၂၀၁၅) ခုနှစ်အတွင်း၌လည်း လန်ဒန်မြို့အရှေ့ဘက်၌ အလေးချိန်အားဖြင့် (၂၅၀) ကီလိုဂရမ်ရှိသည့် ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။ ဒုတိယကမ္ဘာစစ်အတွင်း၌ ဂျာမန်များက လန်ဒန်မြို့ကို မက်ထရစ်တန်ချိန် (၁၂,၀၀၀) ထက် ပိုမိုလေးလံသည့် ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြပြီး လန်ဒန်မြို့သူ၊ မြို့သားပေါင်း (၃) သောင်းနီးပါးအထိ သေဆုံးခဲ့ကြတယ်လို့ သိရှိရပါတယ်။
<Unicode Version>
လန္ဒန္ၿမိဳ႕လယ္၌ ရုတ္ရုတ္သဲသဲျဖစ္ပြားခ့ဲရတ့ဲအေၾကာင္းရင္း။
လန္ဒန္ၿမိဳ႕ရဲ႕အခ်က္အခ်ာက်သည့္ ေနရာတစ္ခုျဖစ္သည့္ Soho ၌ မေပါက္ကဲြေသးသည့္ ဒုတိယကမာၻစစ္လက္က်န္ဗံုးတစ္လံုး ေတြ႕ရွိခဲ့ျခင္းေၾကာင့္ လူအမ်ားရုတ္ရုတ္သဲသဲျဖစ္ပြားခဲ့ေၾကာင္း သိရွိရပါတယ္။ အဆိုပါဗံုးကို တနလာၤေန႔ ေန႔လယ္ပိုင္းက ေဆာက္လုပ္ေရးလုပ္သားမ်ားက စတင္ေတြ႕ရွိခဲ့ျခင္းျဖစ္ၿပီး ေန႔လယ္ (၁း၄၂) နာရီအခ်ိန္၌ ရဲတပ္ဖဲြ႕သို႔ အေၾကာင္းၾကားခဲ့ပါတယ္။
ဗံုးေတြ႕ရွိရာ အနီးအနားရွိအေဆာက္အအံုမွ ေထာင္နဲ႔ခ်ီေသာလူအေရအတြက္ကို ခ်က္ခ်င္းပင္ ေနရာမွထြက္ခြာရန္ ညႊန္ၾကားခဲ့ၿပီး ရဲတပ္ဖဲြ႕ဝင္မ်ားကလည္း အဆိုပါအနီးတဝုိက္ကို တားျမစ္နယ္ေျမမ်ားအျဖစ္ ခ်က္ခ်င္းကန္႔သတ္ၿပီး မုိင္းရွင္းလင္းေရးလုပ္ငန္းမ်ားကို ေဆာင္ရြက္ခဲ့ၾကပါတယ္။ အဆိုပါျဖစ္ရပ္ျဖစ္ပြားသည့္ ေနရာအတိအက်သည္ Soho ဟိုတယ္၌ျဖစ္ၿပီး ယခုျဖစ္စဥ္၌ မ်က္ျမင္ကိုယ္ေတြ႕ခံစားခဲ့ရသည့္ Umika Verma က “ Reception က ကြ်န္မတို႔ ဝန္ထမ္းေတြအားလံုးကို ခ်က္ခ်င္းထြက္ခြာဖုိ႔ ရဲေတြက ညႊန္ၾကားခဲ့ၿပီး ကြ်န္မတုိ႔လည္း ခ်က္ခ်င္းေနရာကေန ထြက္ေျပးခဲ့ၾကပါတယ္။ ရဲေတြကလည္း ခ်က္ခ်င္းထြက္ေပးဖုိ႔ ေျပာခဲ့တ့ဲအတြက္ ကြ်န္မတို႔အားလံုး အခ်ိန္ (၅)မိနစ္ေလာက္အတြင္း အျပင္ကုိထြက္ေျပးခဲ့ၾကတာပါ။” ဟု သူမရဲ႕အေတြ႕အႀကံဳကုိ ျပန္လည္ေျပာျပခဲ့ပါတယ္။
Police are evacuating a large part of Soho after an unexploded WW2 bomb was found just off Dean Street. Cordon is being expanded and several streets are closed off. Dozens of police around and thousands of people being told to leave work. pic.twitter.com/qscw62Gk9T
— Rob Picheta (@robpicheta) February 3, 2020
ၿပီးခဲ့သည့္ (၂၀၁၅) ခုႏွစ္အတြင္း၌လည္း လန္ဒန္ၿမိဳ႕အေရွ႕ဘက္၌ အေလးခ်ိန္အားျဖင့္ (၂၅၀) ကီလိုဂရမ္ရွိသည့္ ဒုတိယကမာၻစစ္လက္က်န္ဗံုးတစ္လံုးကို ရွာေဖြေတြ႕ရွိခဲ့ပါေသးတယ္။ ဒုတိယကမာၻစစ္အတြင္း၌ ဂ်ာမန္မ်ားက လန္ဒန္ၿမိဳ႕ကို မက္ထရစ္တန္ခ်ိန္ (၁၂,၀၀၀) ထက္ ပိုမုိေလးလံသည့္ ဗံုးမ်ားျဖင့္ တိုက္ခိုက္ခဲ့ၾကၿပီး လန္ဒန္ၿမိဳ႕သူ၊ ၿမိဳ႕သားေပါင္း (၃) ေသာင္းနီးပါးအထိ ေသဆံုးခဲ့ၾကတယ္လုိ႔ သိရွိရပါတယ္။
<Zawgyi Version>
Source ~ CNN News
#HM(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share