HomeSportယူနိုက်တက်အသင်းရဲ့ ကစားသမားတစ်ယောက်ကို အပြိုင်အဆိုင်စိတ်ဝင်စားနေကြသည့် ရိုးမားနဲ့အက်သလက်တီကိုမက်ဒရစ်။

ယူနိုက်တက်အသင်းရဲ့ ကစားသမားတစ်ယောက်ကို အပြိုင်အဆိုင်စိတ်ဝင်စားနေကြသည့် ရိုးမားနဲ့အက်သလက်တီကိုမက်ဒရစ်။

- Advertisement -

အီတလီစီးရီးအေကလပ် ရိုးမားအသင်းနဲ့ စပိန်လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းတို့သည် ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်သူ လင်ဂတ်ကို ခေါ်ယူရန် အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။ အသက် (၂၇) နှစ်အရွယ် လင်ဂတ်ကိုယ်တိုင်ကလည်း လာမယ့်နွေရာသီအပြောင်းအရွှေ့၌ ယူနိုက်တက်အသင်းကို စွန့်ခွာရန် စဉ်းစားနေပြီး လက်ရှိဘောလုံးရာသီတွင် ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၃၁) ပွဲ ပါဝင်ကစားခွင့်ရရှိထားပေမယ့် အားရစရာမကောင်းသည့် သူ့ရဲ့ခြေစွမ်းကြောင့် ပရိသတ်များရဲ့ ဝေဖန်မှုကိုရင်ဆိုင်နေရသည့် ကစားသမားလည်းဖြစ်ပါတယ်။

လက်ရှိအချိန်၌လင်ဂတ်သည် ပွဲထွက်ကစားသမားစာရင်း၌ ပါဝင်ခွင့်ရရှိရန် ရုန်းကန်နေရပြီး အဆိုပါကစားသမားရဲ့ အခြေအနေကို ရိုးမားနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့က အပြိုင်အဆိုင်   စောင့်ကြည့်နေကြခြင်းဖြစ်ပါတယ်။ လင်ဂတ်နဲ့ယူနိုက်တက်အသင်းတို့အကြား စာချုပ်သက်တမ်းက (၁၈) လသာ ကျန်ရှိတော့ပြီး ယူနိုက်တက်အသင်းကမူ စာချုပ်ပါအချက်အလက်အတိုင်း ကစားသမားကို နောက်ထပ် (၁) နှစ် စာချုပ်သက်တမ်းတိုးရန် ပြင်ဆင်နေပါတယ်။

- Advertisement -

ဒါပေမယ့် လာမယ့်အပြောင်းအရွှေ့ရာသီများ၌ အသင်းရဲ့ကစားသမားစာရင်းကို နာမည်ကျော်ကြယ်ပွင့်များဖြင့် အစားထိုးရန်ပြင်ဆင်နေသည့် အနေအထားကြောင့်လည်း ယူနိုက်တက်အသင်းက လင်ဂတ်ကို လက်လွှတ်ခံသွားဖွယ်ရှိကြောင်း သတင်းများက ဖော်ပြနေကြပါတယ်။

- Advertisement -

<Unicode Version>

- Advertisement -

 

 

ယူႏုိက္တက္အသင္းရဲ႕ ကစားသမားတစ္ေယာက္ကို အၿပိဳင္အဆိုင္စိတ္ဝင္စားေနၾကသည့္ ရိုးမားနဲ႔အက္သလက္တီကိုမက္ဒရစ္။

အီတလီစီးရီးေအကလပ္ ရိုးမားအသင္းနဲ႔ စပိန္လာလီဂါကလပ္ အက္သလက္တီကိုမက္ဒရစ္အသင္းတို႔သည္ ယူႏိုက္တက္အသင္းရဲ႕ အကယ္ဒမီထြက္ ကစားသမားတစ္ဦးျဖစ္သူ လင္ဂတ္ကို ေခၚယူရန္ အၿပိဳင္အဆိုင္ စိတ္ဝင္စားေနၾကပါတယ္။ အသက္ (၂၇) ႏွစ္အရြယ္ လင္ဂတ္ကိုယ္တိုင္ကလည္း လာမယ့္ေႏြရာသီအေျပာင္းအေရႊ႕၌ ယူႏုိက္တက္အသင္းကို စြန္႔ခြာရန္ စဥ္းစားေနၿပီး လက္ရွိေဘာလံုးရာသီတြင္ ယူႏိုက္တက္အသင္းအတြက္ ၿပိဳင္ပဲြစံု (၃၁) ပဲြ ပါဝင္ကစားခြင့္ရရွိထားေပမယ့္ အားရစရာမေကာင္းသည့္ သူ႔ရဲ႕ေျခစြမ္းေၾကာင့္ ပရိသတ္မ်ားရဲ႕ ေဝဖန္မႈကိုရင္ဆိုင္ေနရသည့္ ကစားသမားလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္၌လင္ဂတ္သည္ ပဲြထြက္ကစားသမားစာရင္း၌ ပါဝင္ခြင့္ရရွိရန္ ရုန္းကန္ေနရၿပီး အဆုိပါကစားသမားရဲ႕ အေျခအေနကို ရိုးမားနဲ႔ အက္သလက္တီကိုမက္ဒရစ္အသင္းတုိ႔က အၿပိဳင္အဆိုင္   ေစာင့္ၾကည့္ေနၾကျခင္းျဖစ္ပါတယ္။ လင္ဂတ္နဲ႔ယူႏိုက္တက္အသင္းတုိ႔အၾကား စာခ်ဳပ္သက္တမ္းက (၁၈) လသာ က်န္ရွိေတာ့ၿပီး ယူႏုိက္တက္အသင္းကမူ စာခ်ဳပ္ပါအခ်က္အလက္အတိုင္း ကစားသမားကို ေနာက္ထပ္ (၁) ႏွစ္ စာခ်ဳပ္သက္တမ္းတိုးရန္ ျပင္ဆင္ေနပါတယ္။

ဒါေပမယ့္ လာမယ့္အေျပာင္းအေရႊ႕ရာသီမ်ား၌ အသင္းရဲ႕ကစားသမားစာရင္းကို နာမည္ေက်ာ္ၾကယ္ပြင့္မ်ားျဖင့္ အစားထိုးရန္ျပင္ဆင္ေနသည့္ အေနအထားေၾကာင့္လည္း ယူႏိုက္တက္အသင္းက လင္ဂတ္ကို လက္လႊတ္ခံသြားဖြယ္ရွိေၾကာင္း သတင္းမ်ားက ေဖာ္ျပေနၾကပါတယ္။

<Zawgyi Version>

 

 

Source ~ Sportsmole

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

Must Read