ကမ္ဘာတစ်ဝှမ်း အသုံးပြုသူသန်းရာချီရှိတဲ့ နာမည်ကြီး လူသုံးများတဲ့ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Twitter ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဟာ မကြာသေးခင်က သတင်းအချက်အလက် ခိုးယူခံရမှုနဲ့ဆိုင်တဲ့ပြဿနာမျိုး ကြုံတွေ့လာရကြောင်း ဆိုလာပါတယ်။ Twitter ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း အဆိုပါ သတင်းအချက်အလက်ခိုးယူသူဟက်ကာတွေဟာ နိုင်ငံတော်ကထောက်ပံ့ပေးထားတဲ့ မသမာသူတွေဖြစ်နိုင်ကြောင်း သက်သေအထောက်အထားတွေအရ သိရှိထားတယ်လို့ ဆိုပါတယ်။ အဆိုပါဟက်ကာတွေဟာ တွစ်တာအသုံးပြုသူတွေရဲ့ ဖုန်းနံပါတ်တွေကို ခိုးယူဖို့ ကြိုးစားခဲ့တယ်လို့ Twitter ကုမ္ပဏီက ဆိုပါတယ်။
လူမှုကွန်ရက်လုံခြုံရေးသုတေသနအဖွဲ့က တွစ်တာကုမ္ပဏီဟာ အသုံးပြုသူတွေရဲ့ လုံခြုံရေးဆိုင်ရာအချက်အလက်တွေကို သိမ်းဆည်းထားသိုမှု ဟာကွက်ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Twitter ကုမ္ပဏီကတော့ အသုံးပြုသူဘယ်နှစ်ဦးရဲ့ ဖုန်းနံပါတ်တွေ ၊ အချက်အလက်တွေဟာ ဟက်ကာတွေလက်ထဲရောက်သွားပြီလဲ? ဆိုတဲ့မေးခွန်းကိုတော့ လက်ရှိအချိန်ထိ အဖြေမပေးနိုင်ခဲ့ပါဘူး။
Twitter ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တွစ်တာအသုံးပြုသူတွေရဲ့ ဖုန်းနံပါတ်နဲ့အချက်အလက်တွေကို ခိုးယူဖို့အတွက် အသုံးပြုခဲ့တဲ့ဟက်ကာတွေရဲ့ IP Addresses တွေကို ခြေရာခံကြည့်လိုက်တဲ့အခါမှာ အီရန်နိုင်ငံ ၊ အစ္စရေးလ်နိုင်ငံနဲ့ မလေးရှားနိုင်ငံတွေကို တည်နေရာပြနေတယ်လို့ ဆိုပါတယ်။
TechCrunch နည်းပညာစာပေထုတ်လုပ်ဖြန့်ချီရေးအဖွဲ့အစည်းမှ လူမှုကွန်ရက်လုံခြုံရေး သုတေသနပညာရှင်တစ်ဦးဖြစ်တဲ့ Ibrahim Balic ကတော့ တွစ်တာအသုံးပြုသူတစ်ဦးချင်းစီရဲ့ ဖုန်းနံပါတ်တွေကို အသေးစိတ်စီစစ်ရှာဖွေရင်း တူညီတဲ့ဖုန်းနံပါတ် ၁၇ သန်းကို ရှာဖွေတွေ့ရှိကြောင်း ၂၀၁၉ ဒီဇင်ဘာလမှာ ထုတ်ဝေခဲ့တဲ့ ဆောင်းပါးမှာ ရေးသားဖော်ပြထားပါတယ်။ ဒါဟာ Twitter ကုမ္ပဏီရဲ့ ဆက်သွယ်မှုပိုင်းဆိုင်ရာကဏ္ဍမှာ လစ်ဟာနေမှုကြီးတစ်ခုလည်း ဖြစ်ပါတယ်။
သိပ်မကြာခင်မှာတော့ Twitter ကုမ္ပဏီမှ အဆိုပါလစ်ဟာမှုကို ကုမ္ပဏီအနေနဲ့ အသုံးပြုသူတွေရဲ့အချက်အလက်တွေကို လုံခြုံစွာထားသိုပေးတဲ့အဖွဲ့က ပြန်လည်ပြင်ဆင်လိုက်ပြီဖြစ်ကြောင်းနဲ့ မသမာတဲ့ရည်ရွယ်ချက်နဲ့ အသုံးပြုသူလို့ ထင်ရတဲ့ အသုံးပြုသူတွေရဲ့ အကောင့်တွေကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
<Unicode Version>
Twitter အသံုးျပဳသူေတြရဲ႕ ဖုန္းနံပါတ္ေတြကို ကိုယ္က်ိဳးအတြက္ လြဲမွားစြာအသံုးျပဳေနတယ္လို႔ သံသယဝင္ခံရတဲ့ ႏိုင္ငံအခ်ိဳ႕။
ကမာၻတစ္ဝွမ္း အသံုးျပဳသူသန္းရာခ်ီရွိတ့ဲ နာမည္ႀကီး လူသံုးမ်ားတဲ့ လူမႈကြန္ရက္တစ္ခုျဖစ္တဲ့ Twitter ကုမၸဏီမွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးဟာ မၾကာေသးခင္က သတင္းအခ်က္အလက္ ခိုးယူခံရမႈနဲ႔ဆိုင္တဲ့ျပႆနာမ်ိဳး ႀကံဳေတြ႔လာရေၾကာင္း ဆိုလာပါတယ္။ Twitter ကုမၸဏီမွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကလည္း အဆိုပါ သတင္းအခ်က္အလက္ခိုးယူသူဟက္ကာေတြဟာ ႏိုင္ငံေတာ္ကေထာက္ပံ့ေပးထားတဲ့ မသမာသူေတြျဖစ္ႏိုင္ေၾကာင္း သက္ေသအေထာက္အထားေတြအရ သိရွိထားတယ္လို႔ ဆိုပါတယ္။ အဆိုပါဟက္ကာေတြဟာ တြစ္တာအသံုးျပဳသူေတြရဲ႕ ဖုန္းနံပါတ္ေတြကို ခိုးယူဖို႔ ႀကိဳးစားခဲ့တယ္လို႔ Twitter ကုမၸဏီက ဆိုပါတယ္။
လူမႈကြန္ရက္လံုၿခံဳေရးသုေတသနအဖြဲ႔က တြစ္တာကုမၸဏီဟာ အသံုးျပဳသူေတြရဲ႕ လံုၿခံဳေရးဆိုင္ရာအခ်က္အလက္ေတြကို သိမ္းဆည္းထားသုိမႈ ဟာကြက္ရွိေနေၾကာင္း ရွာေဖြေတြ႔ရွိခဲ့ပါတယ္။ Twitter ကုမၸဏီကေတာ့ အသံုးျပဳသူဘယ္ႏွစ္ဦးရဲ႕ ဖုန္းနံပါတ္ေတြ ၊ အခ်က္အလက္ေတြဟာ ဟက္ကာေတြလက္ထဲေရာက္သြားၿပီလဲ? ဆိုတဲ့ေမးခြန္းကိုေတာ့ လက္ရွိအခ်ိန္ထိ အေျဖမေပးႏိုင္ခဲ့ပါဘူး။
Twitter ကုမၸဏီရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက တြစ္တာအသံုးျပဳသူေတြရဲ႕ ဖုန္းနံပါတ္နဲ႔အခ်က္အလက္ေတြကို ခိုးယူဖို႔အတြက္ အသံုးျပဳခဲ့တဲ့ဟက္ကာေတြရဲ႕ IP Addresses ေတြကို ေျခရာခံၾကည့္လိုက္တဲ့အခါမွာ အီရန္ႏိုင္ငံ ၊ အစၥေရးလ္ႏိုင္ငံနဲ႔ မေလးရွားႏိုင္ငံေတြကုိ တည္ေနရာျပေနတယ္လို႔ ဆိုပါတယ္။
TechCrunch နည္းပညာစာေပထုတ္လုပ္ျဖန္႔ခ်ီေရးအဖြဲ႔အစည္းမွ လူမႈကြန္ရက္လံုျခံဳေရး သုေတသနပညာရွင္တစ္ဦးျဖစ္တဲ့ Ibrahim Balic ကေတာ့ တြစ္တာအသံုးျပဳသူတစ္ဦးခ်င္းစီရဲ႕ ဖုန္းနံပါတ္ေတြကို အေသးစိတ္စီစစ္ရွာေဖြရင္း တူညီတဲ့ဖုန္းနံပါတ္ ၁၇ သန္းကို ရွာေဖြေတြ႔ရွိေၾကာင္း ၂၀၁၉ ဒီဇင္ဘာလမွာ ထုတ္ေဝခဲ့တဲ့ ေဆာင္းပါးမွာ ေရးသားေဖာ္ျပထားပါတယ္။ ဒါဟာ Twitter ကုမၸဏီရဲ႕ ဆက္သြယ္မႈပိုင္းဆိုင္ရာက႑မွာ လစ္ဟာေနမႈႀကီးတစ္ခုလည္း ျဖစ္ပါတယ္။
သိပ္မၾကာခင္မွာေတာ့ Twitter ကုမၸဏီမွ အဆိုပါလစ္ဟာမႈကို ကုမၸဏီအေနနဲ႕ အသံုးျပဳသူေတြရဲ႕အခ်က္အလက္ေတြကို လံုၿခံဳစြာထားသိုေပးတဲ့အဖြဲ႔က ျပန္လည္ျပင္ဆင္လိုက္ၿပီျဖစ္ေၾကာင္းနဲ႔ မသမာတဲ့ရည္ရြယ္ခ်က္နဲ႔ အသံုးျပဳသူလို႔ ထင္ရတဲ့ အသံုးျပဳသူေတြရဲ႕ အေကာင့္ေတြကိုလည္း ဖ်က္သိမ္းလိုက္ၿပီျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခ့ဲပါတယ္။
<Zawgyi Version>
#SY(Soshwe)
#SoshweNews
#SoshweFoYourDailyLife
#Like&Share