သားသမီး ၇ ယောက်ရဲ့မိခင်ဖြစ်သူ အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Jaimuay Sae-ung အမည်ရှိ အဘွားအိုဟာ မိသားစုနဲ့အတူ ဒီဇင်ဘာအားလပ်ရက်မှာ တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိလာခဲ့ပြီး ဇာတိရပ်မြေထိုင်းနိုင်ငံကို ပြန်ရောက်တဲ့အခါကျမှ သူ့ရဲ့ခန္ဓာကိုယ်မှာ တရုတ်နိုင်ငံကနေ Corona ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာကြောင့် အိမ်ကိုတန်းတန်းမတ်မတ်် ပြန်ခွင့်မရခဲ့ပါဘူး။
ထိုင်းနိုင်ငံလေဆိပ်အရောက်မှာ ဆေးပညာဌာနမှ တာဝန်ရှိသူတွေဟာ အဘွားအိုကို ခေတ်မှီရောဂါစစ်ဆေးရေးကိရိယာများနဲ့ စစ်ဆေးပြီးမှ ရောဂါပိုးကူးစက်ခံထားရကြောင်းကို သိရှိသွားပြီးနောက် ဆေးရုံတစ်ခုက စစ်ဆေးရေးခန်းထဲကို ခေါ်ဆောင်သွားတာပဲ ဖြစ်ပါတယ်။
အဘွားအို Jaimuay က “ဆရာဝန်တွေက ကျွန်မကို Nakhon Pathom မြို့မှာရှိတဲ့ ဆေးရုံဆီကိုခေါ်သွားတယ်။ အဲ့ဒီဆေးရုံကိုရောက်တော့မှ ကျွန်မမှာ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်တုန်းက ကူးစက်ခံခဲ့ရတဲ့ အဆုတ်ရောင်ရောဂါပိုးရှိမှန်း သိခဲ့ရတာဖြစ်ပါတယ်။ ကျွန်မကို မှန်အထပ်ထပ်ကာရံထားတဲ့ ဆေးရုံထဲက အရေးပေါ် အထူးကြပ်မတ်စောင့်ကြည့်ခန်းထဲမှာ ထားတယ်။ ပြီးတော့ အဆုတ်ကိုဓါတ်မှန်ရိုက်တယ်။ အဆုတ်ရောင်ရောဂါပိုးရှိနေတာကြောင့် ဆရာဝန်တွေက ကျွန်မကို အထူးကြပ်မတ် စောင့်ကြည့်ခန်းထဲ နေခိုင်းတာဖြစ်ကြောင်း တိတိကျကျသိရှိရတယ်”လို့ Sky News သတင်းဌာနကို ပြောပြခဲ့ပါတယ်။
အဘွားအို Jaimuay ကို အထူးကြပ်မတ်စောင့်ကြည့်ခန်းထဲ စစ်ဆေးနေစဉ်ကာလအတွင်းမှာတော့ အဘွားအိုဟာ ဆိုးရွားတဲ့အဆုတ်ရောင်ရောဂါကို ခံစားခဲ့ရပြီး အစကတည်းက နှလုံးရောဂါရှိတာကြောင့် အထူးဂရုတစိုက်ကုသခဲ့ရတယ်လို့ အဘွားအိုကို ဆေးကုဂရုစိုက်ပေးတဲ့ ဆရာဝန်တွေထဲကတစ်ဦးက ဆိုပါတယ်။
တရုတ်ပြည်ကို သွားရောက်လည်ပတ်တဲ့ လူ ၁၈ ဦးထဲမှာမှ အဘွားအိုဟာ တစ်ဦးတည်းသော ရောဂါပိုး ကူးစက်ခံရသူဖြစ်ပါတယ်။ အဘွားအိုရဲ့မိသားစုဝင်တွေအနေနဲ့ ရောဂါရဲ့ပြင်းထန်မှုကို ကြားပြီးတဲ့အချိန်မှာ အဘွားအိုတစ်ယောက် ဒီရောဂါကို မခုခံနိုင်မှာကို အလွန်အမင်းစိုးရိမ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း စမ်းသပ်ကုသမှုတွေ ပြုပြီးတဲ့အခါမှာတော့ အဘွားအိုရဲ့ကျန်းမာရေးဟာ ပြန်လည်ကောင်းမွန်လာတာကြောင့် နေအိမ်သို့ ပြန်ခွင့်ရခဲ့ပါတယ်။
<Unicode Version>
Coronavirus ကို ခုခံေက်ာ္လႊားႏိုင္ခဲ့တ့ဲ အသက္ ၇၃ ႏွစ္အရြယ္ အဘြားအို။
သားသမီး ၇ ေယာက္ရဲ႕မိခင္ျဖစ္သူ အသက္ ၇၃ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ Jaimuay Sae-ung အမည္ရွိ အဘြားအိုဟာ မိသားစုနဲ႔အတူ ဒီဇင္ဘာအားလပ္ရက္မွာ တ႐ုတ္ႏိုင္ငံသို႔ အလည္အပတ္ေရာက္ရွိလာခဲ့ၿပီး ဇာတိရပ္ေျမထိုင္းႏိုင္ငံကို ျပန္ေရာက္တဲ့အခါက်မွ သူ႔ရဲ႕ခႏၶာကိုယ္မွာ တ႐ုတ္ႏိုင္ငံကေန Corona ဗိုင္းရပ္စ္ ကူးစက္ခံခဲ့ရတာေၾကာင့္ အိမ္ကိုတန္းတန္းမတ္မတ္္ ျပန္ခြင့္မရခဲ့ပါဘူး။
ထိုင္းႏိုင္ငံေလဆိပ္အေရာက္မွာ ေဆးပညာဌာနမွ တာဝန္ရွိသူေတြဟာ အဘြားအိုကို ေခတ္မွီေရာဂါစစ္ေဆးေရးကိရိယာမ်ားနဲ႔ စစ္ေဆးၿပီးမွ ေရာဂါပိုးကူးစက္ခံထားရေၾကာင္းကို သိရွိသြားၿပီးေနာက္ ေဆး႐ံုတစ္ခုက စစ္ေဆးေရးခန္းထဲကို ေခၚေဆာင္သြားတာပဲ ျဖစ္ပါတယ္။
အဘြားအို Jaimuay က “ဆရာဝန္ေတြက ကၽြန္မကို Nakhon Pathom ၿမိဳ႕မွာရွိတဲ့ ေဆး႐ံုဆီကိုေခၚသြားတယ္။ အဲ့ဒီေဆး႐ံုကိုေရာက္ေတာ့မွ ကၽြန္မမွာ တ႐ုတ္ႏိုင္ငံကို သြားေရာက္လည္ပတ္တုန္းက ကူးစက္ခံခဲ့ရတဲ့ အဆုတ္ေရာင္ေရာဂါပိုးရွိမွန္း သိခဲ့ရတာျဖစ္ပါတယ္။ ကၽြန္မကို မွန္အထပ္ထပ္ကာရံထားတဲ့ ေဆး႐ံုထဲက အေရးေပၚ အထူးၾကပ္မတ္ေစာင့္ၾကည့္ခန္းထဲမွာ ထားတယ္။ ၿပီးေတာ့ အဆုတ္ကိုဓါတ္မွန္႐ိုက္တယ္။ အဆုတ္ေရာင္ေရာဂါပိုးရွိေနတာေၾကာင့္ ဆရာဝန္ေတြက ကၽြန္မကို အထူးၾကပ္မတ္ ေစာင့္ၾကည့္ခန္းထဲ ေနခိုင္းတာျဖစ္ေၾကာင္း တိတိက်က်သိရွိရတယ္”လို႔ Sky News သတင္းဌာနကို ေျပာျပခဲ့ပါတယ္။
အဘြားအို Jaimuay ကို အထူးၾကပ္မတ္ေစာင့္ၾကည့္ခန္းထဲ စစ္ေဆးေနစဥ္ကာလအတြင္းမွာေတာ့ အဘြားအိုဟာ ဆိုးရြားတဲ့အဆုတ္ေရာင္ေရာဂါကို ခံစားခဲ့ရၿပီး အစကတည္းက ႏွလံုးေရာဂါရွိတာေၾကာင့္ အထူးဂ႐ုတစိုက္ကုသခဲ့ရတယ္လို႔ အဘြားအိုကို ေဆးကုဂ႐ုစိုက္ေပးတဲ့ ဆရာဝန္ေတြထဲကတစ္ဦးက ဆိုပါတယ္။
တ႐ုတ္ျပည္ကို သြားေရာက္လည္ပတ္တဲ့ လူ ၁၈ ဦးထဲမွာမွ အဘြားအိုဟာ တစ္ဦးတည္းေသာ ေရာဂါပိုး ကူးစက္ခံရသူျဖစ္ပါတယ္။ အဘြားအိုရဲ႕မိသားစုဝင္ေတြအေနနဲ႕ ေရာဂါရဲ႕ျပင္းထန္မႈကို ၾကားၿပီးတဲ့အခ်ိန္မွာ အဘြားအိုတစ္ေယာက္ ဒီေရာဂါကို မခုခံႏိုင္မွာကို အလြန္အမင္းစိုးရိမ္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း စမ္းသပ္ကုသမႈေတြ ျပဳၿပီးတဲ့အခါမွာေတာ့ အဘြားအိုရဲ႕က်န္းမာေရးဟာ ျပန္လည္ေကာင္းမြန္လာတာေၾကာင့္ ေနအိမ္သို႔ ျပန္ခြင့္ရခဲ့ပါတယ္။
<Zawgyi Version>
Source ~ Sky News
#SY(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share