Breaking News

ရန်ကုန်မြို့ အိမ်ခြံမြေစျေးကွက်ရဲ့ စိန်ခေါ်မှုတစ်ခု။

နိုင်ငံတကာအိမ်ခြံမြေရောင်းဝယ်ရေး အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၂ဝခုနှစ်အတွင်း ရန်ကုန်မြို့အတွင်းမှာ ဝန်ဆောင်မှုပါရှိတဲ့ တိုက်ခန်းရောင်းအားဟာ ဝယ်လိုအားထက် ပိုမိုအလေးသာနေတာကို  တွေ့ရမည်ဖြစ်ကြောင်း အခိုင်အမာပြောဆိုလာပါတယ်။

 

ရန်ကုန်မြို့အတွင်း တိုက်ခန်းရောင်းအားနဲ့ဝယ်လိုအား ကွာဟချက်မြင့်တက်လာမှုကြောင့် ဝန်ဆောင်မှုပါရှိတဲ့ တိုက်ခန်းတွေကို ရောင်းချသူလုပ်ငန်းရှင်တွေဟာ အိမ်ငှားနေလိုသူတွေကို ဆွဲဆောင်ဖို့အတွက် မကြာခင်ကာလအတွင်း  ပြုပြင်ပြောင်းလဲလွယ်သော အိမ်ငှားစာချုပ်တွေကို ကမ်းလှမ်းလာနိုင်တယ်လို့လည်း ဆိုလာပါတယ်။

 

အိမ်ခြံမြေရောင်းဝယ်ရေးအတိုင်ပင်ခံလုပ်ငန်းရဲ့ ဝန်ဆောင်မှုပါဝင်ပြီးသား တိုက်ခန်းစျေးကွက်ဆိုင်ရာ အစီရင်ခံစာအရ ရန်ကုန်မြို့ဟာ ၂၀၁၉ခုနှစ်မှာ ဝန်ဆောင်မှုပါဝင်တဲ့ တိုက်ခန်းဆောက်လုပ်ရေးဆိုင်ရာ စီမံကိန်း ၂၀ ခုအထိရှိခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ၂၀၁၉ ခုနှစ်ထက်၂ ဆ ပြုလုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း ထုတ်ဖော်  ပြောကြားလာပါတယ်။

 

မြန်မာနိုင်ငံအတွက် အိမ်ခြံမြေရောင်းဝယ်ရေး စီနီယာသုတေသနပညာရှင် Paul Ryan Cuevas ဆိုသူက အိမ်ငှားနေလိုသူတွေကို ဆွဲဆောင်ဖို့ဆိုရင် အိမ်ခြံမြေပိုင်ရှင်တွေဟာ အိမ်ငှားတွေနဲ့  ကောင်းမွန်စွာ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပြီး အိမ်ငှားလိုသူတွေက အိမ်ခြံမြေပိုင်ရှင်တွေအပေါ် စိတ်မကွက်စေဖို့အတွက် အိမ်ငှားတွေက အိမ်ငှားခတွေကို လျှော့ပေးဖို့ညှိနှိုင်းလာတဲ့အခါမှာ ပိုင်ရှင်တွေအနေနဲ့ တတ်နိုင်သလောက် အိမ်ငှားခတွေကို လျှော့ပေးဖို့လိုအပ်တယ်လို့ ဆိုထားပါသေးတယ်။

 

၂၀၂၀ ခုနှစ်အတွင်းမှာ ရန်ကုန်မြို့အတွင်း အလယ်လတ်တန်းစားကနေစလို့ အထက်တန်းစားအထိ ဝန်ဆောင်မှုပါဝင်ပြီးသော အိမ်ဂေဟာကြီး ၅ ခု ထပ်မံထွက်ပေါ်လာမှာဖြစ်ပါတယ်။ United GP ကုမ္ပဏီရဲ့ အရည်အသွေးအကောင်းဆုံးသော “Somerset & 68 Residences” ၊ Sae Paing Development ကုမ္ပဏီရဲ့ Grade A အရည်အသွေးရှိတဲ့ “The Gonyi Towers” ၊ A1ဆောက်လုပ်ရေးကုမ္ပဏီနဲ့ Wyne  ဆောက်လုပ်ရေးကုမ္ပဏီတို့ရဲ့ ပူးပေါင်းတီထွင်တည်ဆောက်မှုဖြစ်တဲ့ Grade B အရည်အသွေးရှိတဲ့ “The Mona Lisa Residence” ၊ Loi Seng Kham ကုမ္ပဏီရဲ့ “The Loi” အိမ်ဂေဟာ ၊ Golden Land Real Etate Development ကုမ္ပဏီ နဲ့ Nature Link ကုမ္ပဏီတို့ရဲ့ ပူးပေါင်းတည်ဆောက်မှုဖြစ်တဲ့ “Golden City Serviced Apartments” ဖော်ပြထားတဲ့ အိမ်ယာဂေဟာတွေဟာ ၂၀၂ဝခုနှစ်မှာ အပြီးပြတ်ဆောက်လုပ်ဖို့ စီမံထားကြောင်းသိရှိရပါတယ်။

<Unicode Version>

 

 

ရန္ကုန္ၿမိဳ႕ အိမ္ၿခံေျမေစ်းကြက္ရဲ႕ စိန္ေခၚမႈတစ္ခု။

 

ႏိုင္ငံတကာအိမ္ျခံေျမေရာင္းဝယ္ေရး အတိုင္ပင္ခံပုဂၢိဳလ္က ၂၀၂၀ခုႏွစ္အတြင္း ရန္ကုန္ၿမိဳ႕အတြင္းမွာ ဝန္ေဆာင္မႈပါရွိတဲ့ တိုက္ခန္းေရာင္းအားဟာ ဝယ္လိုအားထက္ ပိုမိုအေလးသာေနတာကို  ေတြ႔ရမည္ျဖစ္ေၾကာင္း အခိုင္အမာေျပာဆိုလာပါတယ္။

 

ရန္ကုန္ၿမိဳ႕အတြင္း တိုက္ခန္းေရာင္းအားနဲ႔ဝယ္လိုအား ကြာဟခ်က္ျမင့္တက္လာမႈေၾကာင့္ ဝန္ေဆာင္မႈပါရွိတဲ့ တုိက္ခန္းေတြကို ေရာင္းခ်သူလုပ္ငန္းရွင္ေတြဟာ အိမ္ငွားေနလုိသူေတြကို ဆြဲေဆာင္ဖို႔အတြက္ မၾကာခင္ကာလအတြင္း  ျပဳျပင္ေျပာင္းလဲလြယ္ေသာ အိမ္ငွားစာခ်ဳပ္ေတြကို ကမ္းလွမ္းလာႏိုင္တယ္လို႔လည္း ဆိုလာပါတယ္။

 

အိမ္ျခံေျမေရာင္းဝယ္ေရးအတိုင္ပင္ခံလုပ္ငန္းရဲ႕ ဝန္ေဆာင္မႈပါဝင္ၿပီးသား တိုက္ခန္းေစ်းကြက္ဆိုင္ရာ အစီရင္ခံစာအရ ရန္ကုန္ၿမိဳ႕ဟာ ၂၀၁၉ခုႏွစ္မွာ ဝန္ေဆာင္မႈပါဝင္တဲ့ တိုက္ခန္းေဆာက္လုပ္ေရးဆိုင္ရာ စီမံကိန္း ၂၀ ခုအထိရွိခ့ဲၿပီး ၂၀၂၁ ခုႏွစ္မွာ ၂၀၁၉ ခုႏွစ္ထက္၂ ဆ ျပဳလုပ္ႏိုင္လိမ့္မည္ျဖစ္ေၾကာင္း ထုတ္ေဖာ္  ေျပာၾကားလာပါတယ္။

 

ျမန္မာႏိုင္ငံအတြက္ အိမ္ၿခံေျမေရာင္းဝယ္ေရး စီနီယာသုေတသနပညာရွင္ Paul Ryan Cuevas ဆိုသူက အိမ္ငွားေနလိုသူေတြကို ဆြဲေဆာင္ဖို႔ဆိုရင္ အိမ္ျခံေျမပိုင္ရွင္ေတြဟာ အိမ္ငွားေတြနဲ႔  ေကာင္းမြန္စြာ ညႇိႏႈိင္းေဆာင္ရြက္ရမွာျဖစ္ၿပီး အိမ္ငွားလိုသူေတြက အိမ္ျခံေျမပိုင္ရွင္ေတြအေပၚ စိတ္မကြက္ေစဖို႔အတြက္ အိမ္ငွားေတြက အိမ္ငွားခေတြကို ေလွ်ာ့ေပးဖို႔ညႇိႏႈိင္းလာတဲ့အခါမွာ ပိုင္ရွင္ေတြအေနနဲ႔ တတ္ႏိုင္သေလာက္ အိမ္ငွားခေတြကို ေလွ်ာ့ေပးဖို႔လိုအပ္တယ္လို႔ ဆိုထားပါေသးတယ္။

 

၂၀၂၀ ခုႏွစ္အတြင္းမွာ ရန္ကုန္ၿမိဳ႕အတြင္း အလယ္လတ္တန္းစားကေနစလို႔ အထက္တန္းစားအထိ ဝန္ေဆာင္မႈပါဝင္ၿပီးေသာ အိမ္ေဂဟာႀကီး ၅ ခု ထပ္မံထြက္ေပၚလာမွာျဖစ္ပါတယ္။ United GP ကုမၸဏီရဲ႕ အရည္အေသြးအေကာင္းဆံုးေသာ “Somerset & 68 Residences” ၊ Sae Paing Development ကုမၸဏီရဲ႕ Grade A အရည္အေသြးရွိတဲ့ “The Gonyi Towers” ၊ A1ေဆာက္လုပ္ေရးကုမၸဏီနဲ႔ Wyne  ေဆာက္လုပ္ေရးကုမၸဏီတို႔ရဲ႕ ပူးေပါင္းတီထြင္တည္ေဆာက္မႈျဖစ္တဲ့ Grade B အရည္အေသြးရွိတဲ့ “The Mona Lisa Residence” ၊ Loi Seng Kham ကုမၸဏီရဲ႕ “The Loi” အိမ္ေဂဟာ ၊ Golden Land Real Etate Development ကုမၸဏီ နဲ႔ Nature Link ကုမၸဏီတို႔ရဲ႕ ပူးေပါင္းတည္ေဆာက္မႈျဖစ္တဲ့ “Golden City Serviced Apartments” ေဖာ္ျပထားတဲ့ အိမ္ယာေဂဟာေတြဟာ ၂၀၂၀ခုႏွစ္မွာ အၿပီးျပတ္ေဆာက္လုပ္ဖုိ႔ စီမံထားေၾကာင္းသိရွိရပါတယ္။

<Zawgyi Version>

 

 

Source ~ Mingalar Real Estate

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

About So Shwe

Check Also

အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ဆက်ဆံရတဲ့အခါမှာ သိထားသင့်တဲ့အချက်များ။

အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာဝယ်ယူသူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ မထင်မှတ်ထားတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ ပြည်တွင်းမှာ အိမ်ခြံမြေရှာဖွေနေတဲ့ နိုင်ငံတကာက ဝယ်ယူလိုသူတွေအနေနဲ့ ၄င်းတို့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့နေရာကို ရှာဖွေတွေ့ရှိနိုင်ဖို့အတွက် မေးခွန်းပေါင်းများစွာကို မေးမြန်းလာနိုင်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro