HomeBanking & FinanceE-Commerce ကုန်သည်တွေကို ချေးငွေကမ်းလှမ်းဖို့အတွက် စီးပွားရေးသဘောတူညီမှုပြုလုပ်ခဲ့တဲ့ ကုမ္ပဏီကြီးနှစ်ခု။

E-Commerce ကုန်သည်တွေကို ချေးငွေကမ်းလှမ်းဖို့အတွက် စီးပွားရေးသဘောတူညီမှုပြုလုပ်ခဲ့တဲ့ ကုမ္ပဏီကြီးနှစ်ခု။

- Advertisement -

Goldman Sachs ဘဏ်ဟာ Amazon ကုမ္ပဏီရဲ့ E-Commerce စီးပွားရေးကဏ္ဍပိုင်းမှာ အသေးစားလုပ်ငန်းတွေအတွက် လိုအပ်တဲ့ချေးငွေကို ကမ်းလှမ်းဖို့ ညှိနှိုင်းပြောဆိုခဲ့တယ်လို့  ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုလာပါတယ်။ Goldman Sachs ဘဏ်ဟာ Amazon ကုမ္ပဏီရဲ့  ငွေချေးကဏ္ဍနဲ့ ဆက်သွယ်နိုင်ဖို့အတွက် Software တစ်ခုတည်ဆောက်နေကြောင်းကိုလည်း သိရှိရပါတယ်။

လွန်ခဲ့တဲ့ရက်သတ္တပတ်က Goldman Sachs ဘဏ်ရဲ့ CEO ဖြစ်တဲ့ David Solomon ဟာ ရင်းနှီးမြှုပ်နှံသူတွေကို ဘဏ်ရဲ့အနာဂါတ်ရည်မှန်းချက်တွေနဲ့ပက်သက်ပြီး ကွက်ကွက်ကွင်းကွင်းမြင်လာအောင် အသေးစိတ်ပြောပြရာမှာ Goldman Sachs ဘဏ်ဟာ စီးပွားရေးကဏ္ဍအတွက် ဝန်ဆောင်မှု အပြည့်အဝပေးစွမ်းနိုင်သော ဘဏ်လုပ်ငန်းဖြစ်ကြောင်း အတိအလင်း ကြေငြာပြောဆိုခဲ့ပါတယ်။

- Advertisement -

ဘဏ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် Goldman Sachs ဘဏ်ကိုအသုံးပြုမယ်ဆိုရင်တော့ Amazon နဲ့ Goldman Sachs တို့ရဲ့ စီးပွားရေးသဘောတူညီမှုဟာ ကမ္ဘာမှာဒုတိယအကြီးဆုံး နည်းပညာကို အခြေပြုထားတဲ့ လုပ်ငန်းပူးပေါင်းမှုကြီးဖြစ်လာမှာပါ။

- Advertisement -

အဆိုပါ Goldman Sachs ဘဏ် နဲ့ Amazon ကုမ္ပဏီရဲ့ စီးပွားရေးသဘောတူညီမှုပြုလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်စလုံးက ပြောရေးဆိုခွင့်ရှိသူတွေက ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။ Amazon ကုမ္ပဏီမှ Financial Times မဂ္ဂဇင်းနဲ့ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ “ငွေချေးလုပ်ငန်းက အသေးစားလုပ်ငန်းတွေနဲ့ အလယ်လတ်တန်းစားလုပ်ငန်းတွေကို ပိုပြီးရည်ညွှန်းတယ်။” လို့ ဆိုခဲ့ပါတယ်။

- Advertisement -

၂၀၁၈ ခုနှစ် CNBC သတင်းဌာနရဲ့အဆိုအရ Amazon ကုမ္ပဏီဟာ အသေးစားငွေချေးလုပ်ငန်းအတွက်  ကျောထောက်နောက်ခံအနေနဲ့ အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်ကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်မှာ Amazon ကုမ္ပဏီဟာ အသေးစားငွေချေးလုပ်ငန်းတွေကို စတင်လုပ်ကိုင်ခဲ့ပြီး ကုမ္ပဏီရဲ့ ဘယ်လုပ်ငန်းခွဲကနေ ပိုပြီးအကျိုးအမြတ်ရနိုင်မလဲဆိုတာကို ဆန်းစစ်ဖို့အတွက် “Algorithms” ဆိုတဲ့ စမ်းစစ်နည်းကို အသုံးပြုခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ Amazon ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒေါ်လာ ၁ ထောင်ကနေစလို့ ဒေါ်လာ ၇ သိန်းကျော်ထိ ချေးငွေတွေယူလို့ရကြောင်း အသိပေးပြောဆိုခဲ့ပါတယ်။

<Unicode Version>

 

 

E-Commerce ကုန္သည္ေတြကို ေခ်းေငြကမ္းလွမ္းဖို႔အတြက္ စီးပြားေရးသေဘာတူညီမႈျပဳလုပ္ခဲ့တဲ့ ကုမၸဏီႀကီးႏွစ္ခု။

Goldman Sachs ဘဏ္ဟာ Amazon ကုမၸဏီရဲ႕ E-Commerce စီးပြားေရးက႑ပိုင္းမွာ အေသးစားလုပ္ငန္းေတြအတြက္ လိုအပ္တ့ဲေခ်းေငြကို ကမ္းလွမ္းဖို႔ ညႇိႏႈိင္းေျပာဆိုခဲ့တယ္လို႔  ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ဆိုလာပါတယ္။ Goldman Sachs ဘဏ္ဟာ Amazon ကုမၸဏီရဲ႕  ေငြေခ်းက႑နဲ႔ ဆက္သြယ္ႏိုင္ဖို႔အတြက္ Software တစ္ခုတည္ေဆာက္ေနေၾကာင္းကိုလည္း သိရွိရပါတယ္။

လြန္ခဲ့တဲ့ရက္သတၱပတ္က Goldman Sachs ဘဏ္ရဲ႕ CEO ျဖစ္တဲ့ David Solomon ဟာ ရင္းႏွီးျမႇဳပ္ႏွံသူေတြကို ဘဏ္ရဲ႕အနာဂါတ္ရည္မွန္းခ်က္ေတြနဲ႕ပက္သက္ၿပီး ကြက္ကြက္ကြင္းကြင္းျမင္လာေအာင္ အေသးစိတ္ေျပာျပရာမွာ Goldman Sachs ဘဏ္ဟာ စီးပြားေရးက႑အတြက္ ဝန္ေဆာင္မႈ အျပည့္အဝေပးစြမ္းႏိုင္ေသာ ဘဏ္လုပ္ငန္းျဖစ္ေၾကာင္း အတိအလင္း ေၾကျငာေျပာဆိုခဲ့ပါတယ္။

ဘဏ္ပိုင္းဆိုင္ရာ ဝန္ေဆာင္မႈလုပ္ငန္းေတြအတြက္ Goldman Sachs ဘဏ္ကိုအသံုးျပဳမယ္ဆိုရင္ေတာ့ Amazon နဲ႔ Goldman Sachs တို႔ရဲ႕ စီးပြားေရးသေဘာတူညီမႈဟာ ကမာၻမွာဒုတိယအႀကီးဆံုး နည္းပညာကို အေျချပဳထားတဲ့ လုပ္ငန္းပူးေပါင္းမႈႀကီးျဖစ္လာမွာပါ။

အဆိုပါ Goldman Sachs ဘဏ္ နဲ႔ Amazon ကုမၸဏီရဲ႕ စီးပြားေရးသေဘာတူညီမႈျပဳလုပ္ခဲ့တယ္ဆိုတဲ့ အေၾကာင္းအရာနဲ႔ ပတ္သက္ၿပီးေတာ့ ႏွစ္ဖက္စလံုးက ေျပာေရးဆိုခြင့္ရွိသူေတြက ဘာမွတ္ခ်က္မွ မေပးခဲ့ပါဘူး။ Amazon ကုမၸဏီမွ Financial Times မဂၢဇင္းနဲ႔ျပဳလုပ္တဲ့ အင္တာဗ်ဴးတစ္ခုမွာ “ေငြေခ်းလုပ္ငန္းက အေသးစားလုပ္ငန္းေတြနဲ႔ အလယ္လတ္တန္းစားလုပ္ငန္းေတြကို ပိုၿပီးရည္ညႊန္းတယ္။” လို႔ ဆိုခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္ CNBC သတင္းဌာနရဲ႕အဆိုအရ Amazon ကုမၸဏီဟာ အေသးစားေငြေခ်းလုပ္ငန္းအတြက္  ေက်ာေထာက္ေနာက္ခံအေနနဲ႔ အေမရိကန္ျပည္ေထာင္စုဗဟိုဘဏ္ကို အသံုးျပဳခဲ့တယ္လို႔ သိရပါတယ္။ ၂၀၁၁ ခုႏွစ္မွာ Amazon ကုမၸဏီဟာ အေသးစားေငြေခ်းလုပ္ငန္းေတြကို စတင္လုပ္ကိုင္ခဲ့ၿပီး ကုမၸဏီရဲ႕ ဘယ္လုပ္ငန္းခြဲကေန ပိုၿပီးအက်ိဳးအျမတ္ရႏိုင္မလဲဆိုတာကို ဆန္းစစ္ဖို႔အတြက္ “Algorithms” ဆိုတဲ့ စမ္းစစ္နည္းကို အသံုးျပဳခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္မွာ Amazon ကုမၸဏီက ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေဒၚလာ ၁ ေထာင္ကေနစလို႔ ေဒၚလာ ၇ သိန္းေက်ာ္ထိ ေခ်းေငြေတြယူလို႔ရေၾကာင္း အသိေပးေျပာဆိုခဲ့ပါတယ္။

<Zawgyi Version>

 

 

Source ~ CNBC News

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

Must Read