ရရှားနိုင်ငံက အသက် ၁၃ နှစ်အရွယ်သာရှိသေးတဲ့ Daria Sudnishnikova အမည်ရှိ ကလေးမလေးဟာ ကိုယ်ဝန်ဆောင်မိခင်သည်ဖြစ်လာတယ်လို့ သိရှိရကာ သူမရင်သွေးလေးရဲ့ ဖခင်ဟာ သူမရဲ့ချစ်သူဖြစ်ပြီး အသက်ကတော့ ၁၀ နှစ်ပဲရှိသေးတယ်လို့ သိရှိရပါတယ်။ ဒီဖြစ်ရပ်ကြီးက တစ်ယောက်ယောက်ကပဲ လိမ်ညာပြောဆိုနေတာလား? လူတွေအာရုံစိုက်တာခံချင်လို့ပဲ ဇာတ်လမ်းထွင်လိုက်ရတာလား? ဆိုပြီး အပြစ်တင်ဝေဖန်ချက်တွေ ရှိလာပါတယ်။
Daria တစ်ယောက် အသက် ၁၃ နှစ်နဲ့ ကိုယ်ဝန်ဆောင်မိခင်သည်ဖြစ်လာတဲ့သတင်းဟာ ကမ္ဘာအနှံ့ကို ပြန့်သွားပြီးတဲ့နောက်မှာတော့ သူမရဲ့ လူမှုကွန်ယက်အကောင့်တွေမှာ Daria ကို လူအများအပြားက သတိထားမိလာကြတာပဲဖြစ်ပါတယ်။ Daria ဟာ သူ့ရဲ့လူမှုကွန်ရက်အကောင့်တွေမှာ တင်သမျှ ပုံတိုင်း ၊ ဗီဒီယို မှတ်တမ်းတိုင်းကို #Pregnant_at_13 လို့ ရေးသားထားတာကို တွေ့မြင်ရခဲ့ရပါတယ်။
ရရှားနိုင်ငံပြည်တွင်းသတင်းဌာနတစ်ခုက Daria ဟာ လူမှုကွန်ရက်မှာ လူတွေရဲ့အာရုံစိုက်ခြင်းကို ခံရဖို့အတွက် “Online Influencer” တစ်ယောက်အဖြစ် စတင်လှုပ်ရှားလာပြီး နာမည်ကြီးကုမ္ပဏီတွေနဲ့ အလုပ်တွဲလုပ်လိုတာကြောင့်ဖြစ်တယ်လို့ ထင်မြင်ချက်ပေးခဲ့ပါတယ်။
Daria ရဲ့မိခင်ဖြစ်သူ Elena ဟာလည်း သေလုမြောပါး ကင်ဆာဝေဒနာကို ခံစားနေပေမယ့် ကိုယ်ဝန်လွယ်ထားရတဲ့ သမီးလေးအတွက် ဒီကင်ဆာရောဂါကို တတ်နိုင်သမျှ တိုက်ထုတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Elena က “Daria ဟာ ခဏခဏအန်နေတော့ အစာအဆိပ်သင့်တယ်လို့ပဲ ထင်ခဲ့တာ။ ဆီးစစ်တံနဲ့ စစ်ကြည့်လိုက်တဲ့အခါမှာတော့ ကိုယ်ဝန်ရှိနေတာကို သိလိုက်ရတယ်။ ကျွန်မသမီးလေးက ငယ်သေးတယ်ဆိုပေမယ့် အခုအချိန်မှာ သူလွယ်ထားရတဲ့ ကိုယ်ဝန်ကိုဖျက်ချလိုက်ပြီး နောက်ထပ်ကလေးမရနိုင်တော့မှာကိုလည်း စိုးရိမ်တာကြောင့် ကိုယ်ဝန်ကိုမချက်ချဖို့ဆုံးဖြတ်ခဲ့ကြတာပါ။” လို့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
<Unicode Version>
အသက္ ၁၃ ႏွစ္အရြယ္မွာ ကိုယ္ဝန္ေဆာင္မိခင္သည္ျဖစ္လာတဲ့ မိန္းကေလး။
ရရွားႏိုင္ငံက အသက္ ၁၃ ႏွစ္အရြယ္သာရွိေသးတဲ့ Daria Sudnishnikova အမည္ရွိ ကေလးမေလးဟာ ကိုယ္ဝန္ေဆာင္မိခင္သည္ျဖစ္လာတယ္လုိ႕ သိရွိရကာ သူမရင္ေသြးေလးရဲ႕ ဖခင္ဟာ သူမရဲ႕ခ်စ္သူျဖစ္ၿပီး အသက္ကေတာ့ ၁၀ ႏွစ္ပဲရွိေသးတယ္လို႕ သိရွိရပါတယ္။ ဒီျဖစ္ရပ္ႀကီးက တစ္ေယာက္ေယာက္ကပဲ လိမ္ညာေျပာဆိုေနတာလား? လူေတြအာ႐ံုစိုက္တာခံခ်င္လို႔ပဲ ဇာတ္လမ္းထြင္လိုက္ရတာလား? ဆိုၿပီး အျပစ္တင္ေဝဖန္ခ်က္ေတြ ရွိလာပါတယ္။
Daria တစ္ေယာက္ အသက္ ၁၃ ႏွစ္နဲ႔ ကိုယ္ဝန္ေဆာင္မိခင္သည္ျဖစ္လာတဲ့သတင္းဟာ ကမာၻအႏွံ႔ကို ျပန္႔သြားၿပီးတဲ့ေနာက္မွာေတာ့ သူမရဲ႕ လူမႈကြန္ယက္အေကာင့္ေတြမွာ Daria ကို လူအမ်ားအျပားက သတိထားမိလာၾကတာပဲျဖစ္ပါတယ္။ Daria ဟာ သူ႔ရဲ႕လူမႈကြန္ရက္အေကာင့္ေတြမွာ တင္သမွ် ပံုတိုင္း ၊ ဗီဒီယို မွတ္တမ္းတိုင္းကို #Pregnant_at_13 လို႔ ေရးသားထားတာကို ေတြ႕ျမင္ရခ့ဲရပါတယ္။
ရ႐ွားႏိုင္ငံျပည္တြင္းသတင္းဌာနတစ္ခုက Daria ဟာ လူမႈကြန္ရက္မွာ လူေတြရဲ႕အာ႐ံုစိုက္ျခင္းကို ခံရဖို႔အတြက္ “Online Influencer” တစ္ေယာက္အျဖစ္ စတင္လႈပ္ရွားလာၿပီး နာမည္ႀကီးကုမၸဏီေတြနဲ႔ အလုပ္တြဲလုပ္လိုတာေၾကာင့္ျဖစ္တယ္လို႔ ထင္ျမင္ခ်က္ေပးခဲ့ပါတယ္။
Daria ရဲ႕မိခင္ျဖစ္သူ Elena ဟာလည္း ေသလုေျမာပါး ကင္ဆာေဝဒနာကို ခံစားေနေပမယ့္ ကိုယ္ဝန္လြယ္ထားရတဲ့ သမီးေလးအတြက္ ဒီကင္ဆာေရာဂါကို တတ္ႏိုင္သမွ် တိုက္ထုတ္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ Elena က “Daria ဟာ ခဏခဏအန္ေနေတာ့ အစာအဆိပ္သင့္တယ္လို႔ပဲ ထင္ခဲ့တာ။ ဆီးစစ္တံနဲ႔ စစ္ၾကည့္လိုက္တဲ့အခါမွာေတာ့ ကိုယ္ဝန္ရွိေနတာကို သိလိုက္ရတယ္။ ကၽြန္မသမီးေလးက ငယ္ေသးတယ္ဆိုေပမယ့္ အခုအခ်ိန္မွာ သူလြယ္ထားရတဲ့ ကိုယ္ဝန္ကိုဖ်က္ခ်လိုက္ၿပီး ေနာက္ထပ္ကေလးမရႏိုင္ေတာ့မွာကိုလည္း စိုးရိမ္တာေၾကာင့္ ကိုယ္ဝန္ကိုမခ်က္ခ်ဖို႔ဆံုးျဖတ္ခဲ့ၾကတာပါ။” လို႔ အင္တာဗ်ဴးမွာ ေျဖၾကားခ့ဲပါတယ္။
<Zawgyi Version>
#SY(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share