အနုပညာပါရမီပြည့်ဝပြီး အလှပဂေးလေးဖြစ်တဲ့ Selena Gomez ဟာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှာ “Rare” ဆိုတဲ့ သီချင်းအယ်လ်ဘမ်အသစ်ကို ပရိသတ်လက်ထဲ ထည့်ပေးလိုက်တဲ့နေ့ကနေစလို့ အနုပညာရှင်များနဲ့ သတင်းဆောင်းပါးတွေရဲ့ သတင်းခေါင်းစဉ်မှာ Selena Gomez ကပဲ နေရာယူထားခဲ့တာ ဖြစ်ပါတယ်။
Selena ရဲ့ပရိသတ်တွေကတော့ သူမရဲ့အယ်လ်ဘမ်တွေကို တစ်ခဲနက် ဝယ်ယူအားပေးခဲ့ကြပြီး ဝေဖန်လေကန်သူတွေကလည်း သီချင်းတွေထဲမှာပါတဲ့ သီချင်းစာသားတွေဟာ Justin Bieber ကို ရည်ညွှန်းပြီး သီဆိုထားကြောင်း ထင်မြင်ချက်တွေပေးကြပါတယ်။
https://www.instagram.com/p/B8KKNdKj50h/?utm_source=ig_embed
မကြာသေးခင်မှာပဲ Selena ဟာ သူ့ရဲ့ပရိသတ်တွေနဲ့ အလှပရေးရာစိတ်ဝင်စားသူအားလုံးကို နောက်ထပ်အကြောင်းအရာတစ်ခုနဲ့ အံ့အားသင့်အောင်လုပ်လိုက်ပြန်ပါတယ်။ အဲ့ဒါကတော့ ၂၀၂၀ ခုနှစ် အတွင်းမှာပဲ “Rare Beauty” လို့ အမည်ပေးထားတဲ့ အလှကုန်ပစ္စည်းတွေကို Sephora ဆိုင်မှာ စတင်ဖြန့်ချီရောင်းချမည်ဖြစ်ကြောင်း၊ Selena Gomez ရဲ့ “Rare Beauty” အလှကုန်ပစ္စည်းတွေကို Sephora အလှကုန်ပစ္စည်းဆိုင်နဲ့ RareBeauty.com တို့ကနေ တိုက်ရိုက်ဝယ်ယူနိုင်ကြောင်းကိုလည်း သူမရဲ့အင်စတာဂရမ်အကောင့်ကနေပြောပြထားပါတယ်။
“Rare Beauty” အမည်နဲ့ ဖွင့်ထားတဲ့ အင်စတာဂရမ်အကောင့်ဟာ ယခုချိန်မှာဆိုရင်တော့ Follower ၁သန်းကျော်ရှိနေပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် “Rare Beauty” အလှကုန်ပစ္စည်းနဲ့ ပတ်သက်တဲ့ ဗီဒီယိုလေးတစ်ခုတင်ထားပြီး ပရိသတ်တွေကို နေမထိထိုင်မသာဖြစ်အောင် ပြုလုပ်ခဲ့ပါသေးတယ်။
<Unicode Version>
အလွကုန္ပစၥည္းအသစ္ကို မိတ္ဆက္လိုက္တ့ဲ Selena Gomez
အႏုပညာပါရမီျပည့္ဝၿပီး အလွပေဂးေလးျဖစ္တဲ့ Selena Gomez ဟာ ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလမွာ “Rare” ဆိုတ့ဲ သီခ်င္းအယ္လ္ဘမ္အသစ္ကို ပရိသတ္လက္ထဲ ထည့္ေပးလိုက္တဲ့ေန႔ကေနစလို႔ အႏုပညာရွင္မ်ားနဲ႔ သတင္းေဆာင္းပါးေတြရဲ႕ သတင္းေခါင္းစဥ္မွာ Selena Gomez ကပဲ ေနရာယူထားခဲ့တာ ျဖစ္ပါတယ္။
Selena ရဲ႕ပရိသတ္ေတြကေတာ့ သူမရဲ႕အယ္လ္ဘမ္ေတြကို တစ္ခဲနက္ ဝယ္ယူအားေပးခဲ့ၾကၿပီး ေဝဖန္ေလကန္သူေတြကလည္း သီခ်င္းေတြထဲမွာပါတဲ့ သီခ်င္းစာသားေတြဟာ Justin Bieber ကို ရည္ညႊန္းၿပီး သီဆိုထားေၾကာင္း ထင္ျမင္ခ်က္ေတြေပးၾကပါတယ္။
https://www.instagram.com/p/B8KKNdKj50h/?utm_source=ig_embed
မၾကာေသးခင္မွာပဲ Selena ဟာ သူ႔ရဲ႕ပရိသတ္ေတြနဲ႔ အလွပေရးရာစိတ္ဝင္စားသူအားလုံးကို ေနာက္ထပ္အေၾကာင္းအရာတစ္ခုနဲ႔ အံ့အားသင့္ေအာင္လုပ္လိုက္ျပန္ပါတယ္။ အဲ့ဒါကေတာ့ ၂၀၂၀ ခုႏွစ္ အတြင္းမွာပဲ “Rare Beauty” လို႔ အမည္ေပးထားတဲ့ အလွကုန္ပစၥည္းေတြကို Sephora ဆိုင္မွာ စတင္ျဖန္႔ခ်ီေရာင္းခ်မည္ျဖစ္ေၾကာင္း၊ Selena Gomez ရဲ႕ “Rare Beauty” အလွကုန္ပစၥည္းေတြကို Sephora အလွကုန္ပစၥည္းဆိုင္နဲ႔ RareBeauty.com တို႔ကေန တိုက္႐ိုက္ဝယ္ယူႏိုင္ေၾကာင္းကိုလည္း သူမရဲ႕အင္စတာဂရမ္အေကာင့္ကေနေျပာျပထားပါတယ္။
“Rare Beauty” အမည္နဲ႔ ဖြင့္ထားတဲ့ အင္စတာဂရမ္အေကာင့္ဟာ ယခုခ်ိန္မွာဆိုရင္ေတာ့ Follower ၁သန္းေက်ာ္ရွိေနၿပီပဲျဖစ္ပါတယ္။ ဒါ့အျပင္ “Rare Beauty” အလွကုန္ပစၥည္းနဲ႔ ပတ္သက္တဲ့ ဗီဒီယိုေလးတစ္ခုတင္ထားၿပီး ပရိသတ္ေတြကို ေနမထိထိုင္မသာျဖစ္ေအာင္ ျပဳလုပ္ခဲ့ပါေသးတယ္။
<Zawgyi Version>
Source ~ SY(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share