Breaking News

ကမ္ဘာ့ပညာရေးနယ်ပယ်မှာ ဗြိတိန်နိုင်ငံမှ တက္ကသိုလ်ကြီးတွေ ထိပ်ဆုံးမှ ဦးဆောင်နေရတဲ့အကြောင်းရင်းများ။

ကမ္ဘာပေါ်မှာ သိပ္ပံပညာရပ်ဆိုင်ရာထွန်းတောက်မှုတွေ၊ သုတေသနပြုလုပ်ခြင်းဆိုင်ရာ အတတ်ပညာတွေနဲ့ ပညာရေးဆိုင်ရာကဏ္ဍတွေမှာ ထိပ်သီးနေရာမှာ ရပ်တည်နေတဲ့ နိုင်ငံတွေကို ဖော်ပြရမယ်ဆိုရင် ဗြိတိသျှနိုင်ငံကတော့ မပါမဖြစ်ပါဘဲ။ ဗြိတိသျှနိုင်ငံဟာ ဥရောပသမဂ္ဂထဲကနေ နှုတ်ထွက်လိုက်ပြီဆိုတဲ့ သတင်းဆိုးကိုကြားပြီးနောက်မှာတော့ ဗြိတိန်နိုင်ငံသား တက္ကသိုလ် ကျောင်းသူ/ကျောင်းသားတွေက နိုင်ငံတကာတက္ကသိုလ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့အစည်းက ပေးအပ်ထားတဲ့ ပညာရေးအထောက်အပံ့တွေ မရတော့မှာကို စိုးရိမ်လာခဲ့ရပါတယ်။

ဥရောပသမဂ္ဂက တစ်မျိုးတစ်ဖုံပါဝင်ဆက်နွယ်နေတဲ့ Erasmus လို “Student Exchange Program”  တွေ  ပြုလုပ်ပေးတဲ့ အဖွဲ့အစည်းတွေ နဲ့ ဥရောပသမဂ္ဂက ဦးစီးလုပ်ဆောင်ထားတဲ့ သုတေသနရန်ပုံငွေ  ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေဆီကနေ အထောက်အပံ့ အကူညီတွေမရတော့မှာကို  ကျောင်းသူ/ကျောင်းသားတွေက စိုးရိမ်ရခြင်းပဲဖြစ်ပါတယ်။

အမှန်တကယ်မှာတော့ ဥရောပသမဂ္ဂကနေ ဗြိတိသျှနိုင်ငံ နှုတ်ထွက်လိုက်ခြင်းက  ကျောင်းသူ/ကျောင်းသားတွေရဲ့ ပညာရေးဆိုင်ရာ လှုပ်ရှားမှုတွေကို မထိခိုက်စေနိုင်ကြောင်း သတင်းကောင်းကို ပြန်လည်ကြားသိထားရပါတယ်။

ဥရောပသမဂ္ဂက ဥရောပသုတေသနကဏ္ဍနဲ့ ဥရောပ ပညာရေးကဏ္ဍများကို ပိုပြီးအင်အားတောင့်တင်း စေချင်တယ်ဆိုရင်တော့ ဗြိတိသျှနိုင်ငံရဲ့အင်အားကို လိုအပ်ပါတယ်။ အဆင့်မြင့် သုတေသနပညာရပ်တွေနဲ့ သိပ္ပံပညာရပ်တွေရှိတဲ့ အနာဂါတ်သစ်ကို လျှောက်လမ်းရာမှာ လိုအပ်လာနိုင်တဲ့ အကူအညီမျိုးကို ဗြိတိန်နိုင်ငံ တစ်နိုင်ငံတည်းကသာ ကူညီနိုင်မှာဖြစ်ပါတယ်။

ဥရောပသမဂ္ဂအဖွဲ့အစည်းနှင့် ဗြိတိသျှနိုင်ငံကြား အနာဂါတ်ဆက်ဆံရေးပေါ်မူတည်၍ ညှိနှိုင်းဆွေးနွေးခြင်းဟာ  နောက်ပိုင်းမှာ သုတေသနပညာရပ်ဆိုင်ရာနဲ့ ပညာရေးဆိုင်ရာကဏ္ဍတွေမှာ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းသစ်တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

<Unicode Version>

 

 

 







<Zawgyi Version>

 

 

Source ~ The Guardian

#SY(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

 

 

 

About So Shwe

Check Also

အိန္ဒိယနိုင်ငံရဲ့ ပညာရေးအခက်အခဲများ။

ကျွန်မတို့တွေဟာ နောက်ဆုံးထွက်သက်အထိ COVID-19 ရောဂါကို ခုခံကာကွယ်ရင်း အသက်ရှင်နေထိုင်သွားရမယ်ဆိုတာကို WHO က ကြေငြာခဲ့ပြီးနောက်မှာတော့ လူသားအားလုံးဟာ လူမှုရေး၊ ကျန်းမာရေး၊ စီးပွါးရေး၊ နိုင်ငံရေးနဲ့ ပညာရေးတွေကို …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro