Breaking News

ကမ္ဘာ့အသက်အငယ်ဆုံး နည်းပြတစ်ဦးကို ခန့်အပ်လိုက်သည့် ကမ္ဘာ့ထိပ်တန်းကလပ်။

စပိန်နာမည်ကြီးကလပ် ရီးရဲယ်မက်ဒရစ်အသင်းသည် အသက် (၁၈) နှစ်အရွယ်သာရှိသေးသည့် လူငယ်နည်းပြတစ်ဦးကို အသင်းရဲ့နည်းပြအဖွဲ့ဝင်များထဲမှ တစ်ယောက်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရှိရပါတယ်။ Jordan Hadaway ဟု အမည်ရသည့် အဆိုပါကျောင်းသားလေးသည် လက်ရှိအချိန်၌ Liverpool Hope တက္ကသိုလ်၌ ပညာသင်ကြားနေဆဲဖြစ်ပေမယ့် ညပိုင်း၌မူ သူ့ထက် အသက်နှစ်ဆကြီးသည့် ကစားသမားများရဲ့ နည်းပြအဖြစ် ဆောင်ရွက်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

Jordan သည် နှစ်ပေါင်း (၁၀၀) ကျော်သက်တမ်းရှိသည့် Caerwys အမည်ရ  ဝေးလ်စ်ဘောလုံးအသင်းတစ်သင်းကို နည်းပြနေပြီး လာမယ့်နွေရာသီကာလ၌မူ ရီးရဲယ်မက်ဒရစ်အသင်းရဲ့ “Clinics Coach” တစ်ဦးအဖြစ် စတင်တာဝန်ယူသွားမည်လည်းဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်သာရှိသေးပေမယ့် Jordan ၌ UEFA ရဲ့ “B” လိုင်စင်နည်းပြလက်မှတ်လည်း ရရှိထားပြီးဖြစ်ပါတယ်။

သူ့ထက် အသက်နှစ်ဆရှိသည့် ကစားသမားများကို နည်းပြနေရသည့် အတွေ့အကြုံနဲ့ ပတ်သက်၍လည်း Jordan က “ကျွန်တော့် အသက်အရွယ်က အကြောင်းမဟုတ်ပါဘူး။ ကစားသမားတွေရဲ့ လေးစားမှုကိုရရှိဖို့ ကျွန်တော်အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်။ ကျွန်တော့်ကို ဒီအသင်းမှာ နည်းပြအဖြစ် မမြင်ချင်ရင် ကျွန်တော့်ဆီကိုပဲ တိုက်ရိုက်လာပြောဖို့ ကြိုပြောပြီးသားပါ။ စီနီယာကျတဲ့ပရော်ဖက်ရှင်နယ် ကစားသမားအချို့လည်းရှိပြီး အသက်အကြီးဆုံး ကစားသမားက (၃၆) နှစ်ရှိပါပြီ။ သူတို့ကျွန်တော့်ကို အကြီးအကဲတစ်ယောက်အနေနဲ့ ခေါ်ဝေါ်လားဆိုရင်တော့ အဲ့ဒီလိုပဲခေါ်ကြပါတယ်။ ဒါက တော်တော်လေး ထူးဆန်းပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

Jordan ရဲ့အခြေအနေကို ဥရောပရဲ့ထိပ်တန်းအသင်းကြီးအများအပြားက စောင့်ကြည့်ခဲ့ကြပြီး ရီးရဲယ်မက်ဒရစ်အသင်းကမူ Jordan ကို ဘာနေဗျူးကွင်း၌ သင်ခန်းစာများပို့ချပေးရန် ဖိတ်ခေါ်ခဲ့သလို လက်ရှိအချိန်၌လည်း ရီးရဲယ်မက်ဒရစ်အသင်းရဲ့ နည်းပြဝန်ထမ်းများထဲမှ တစ်ယောက်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

ယခုကဲ့သို့ ခန့်အပ်ခဲ့ရသည့်အပေါ်၌လည်း Jordan က “UEFA ရဲ့ “B” လိုင်စင်နည်း ပြသင်တန်းအောင်လက်မှတ်ရဖို့အတွက် ရီးရဲယ်မက်ဒရစ်အသင်းက ကျွန်တော့်ကို ထောက်ခံပေးခဲ့ပြီး အခုဆိုကျွန်တော်က အသင်းရဲ့နည်းပြအဖွဲ့ဝင်တွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ ဒါက တော်တော်လေးကို ထူးခြားတဲ့အခွင့်အရေးဖြစ်ပြီး ရာအူးလ်၊ အာဘီလိုအာ၊ ရော်ဘတ်တိုကားလို့စ် နဲ့ ဆိုလာရီတို့လိုလူမျိုးတွေက ကျွန်တော့်ကို နွေးနွေးထွေးထွေးနဲ့ ပွေ့ဖက်ကြိုဆိုခဲ့ပါတယ်။ ကျွန်တော်ဒီအရာတွေကို တကယ်ချစ်မြတ်နိုးပါတယ်။” ဟု ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့် Jordan အနေဖြင့် သူ့ရဲ့လက်ကျန်ဘဝတစ်လျှောက်ကို အချိန်ပြည့်နည်းပြအဖြစ် ဖြတ်သန်းရန် ဆုံးဖြတ်ခြင်းမျိုးမရှိသေးဘဲ လက်ရှိအချိန်၌ အားကစားနဲ့ပညာရေးပေါင်းစပ်ရန် လိုအပ်သောအချက်အလက်များနဲ့ ပတ်သက်သည့်ဘွဲ့တစ်ခုကိုရယူရန် ပညာသင်ယူနေဆဲဖြစ်ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

 

ကမာၻ႕အသက္အငယ္ဆံုး နည္းျပတစ္ဦးကို ခန္႔အပ္လုိက္သည့္ ကမာၻ႕ထိပ္တန္းကလပ္။

စပိန္နာမည္ႀကီးကလပ္ ရီးရဲယ္မက္ဒရစ္အသင္းသည္ အသက္ (၁၈) ႏွစ္အရြယ္သာရွိေသးသည့္ လူငယ္နည္းျပတစ္ဦးကို အသင္းရဲ႕နည္းျပအဖဲြ႕ဝင္မ်ားထဲမွ တစ္ေယာက္အျဖစ္ ခန္႔အပ္တာဝန္ေပးခဲ့ေၾကာင္း သိရွိရပါတယ္။ Jordan Hadaway ဟု အမည္ရသည့္ အဆုိပါေက်ာင္းသားေလးသည္ လက္ရွိအခ်ိန္၌ Liverpool Hope တကၠသိုလ္၌ ပညာသင္ၾကားေနဆဲျဖစ္ေပမယ့္ ညပိုင္း၌မူ သူ႔ထက္ အသက္ႏွစ္ဆႀကီးသည့္ ကစားသမားမ်ားရဲ႕ နည္းျပအျဖစ္ ေဆာင္ရြက္ေနသူတစ္ဦးလည္းျဖစ္ပါတယ္။

Jordan သည္ ႏွစ္ေပါင္း (၁၀၀) ေက်ာ္သက္တမ္းရွိသည့္ Caerwys အမည္ရ  ေဝးလ္စ္ေဘာလံုးအသင္းတစ္သင္းကို နည္းျပေနၿပီး လာမယ့္ေႏြရာသီကာလ၌မူ ရီးရဲယ္မက္ဒရစ္အသင္းရဲ႕ “Clinics Coach” တစ္ဦးအျဖစ္ စတင္တာဝန္ယူသြားမည္လည္းျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္အရြယ္သာရွိေသးေပမယ့္ Jordan ၌ UEFA ရဲ႕ “B” လိုင္စင္နည္းျပလက္မွတ္လည္း ရရွိထားၿပီးျဖစ္ပါတယ္။

သူ႔ထက္ အသက္ႏွစ္ဆရွိသည့္ ကစားသမားမ်ားကို နည္းျပေနရသည့္ အေတြ႕အႀကံဳနဲ႔ ပတ္သက္၍လည္း Jordan က “ကြ်န္ေတာ့္ အသက္အရြယ္က အေၾကာင္းမဟုတ္ပါဘူး။ ကစားသမားေတြရဲ႕ ေလးစားမႈကိုရရွိဖုိ႔ ကြ်န္ေတာ္အၿမဲတမ္း ကိုယ့္ကုိယ္ကိုယ္ ယံုၾကည္မႈရွိပါတယ္။ ကြ်န္ေတာ့္ကို ဒီအသင္းမွာ နည္းျပအျဖစ္ မျမင္ခ်င္ရင္ ကြ်န္ေတာ့္ဆီကိုပဲ တိုက္ရိုက္လာေျပာဖို႔ ႀကိဳေျပာၿပီးသားပါ။ စီနီယာက်တဲ့ပေရာ္ဖက္ရွင္နယ္ ကစားသမားအခ်ိဳ႕လည္းရွိၿပီး အသက္အႀကီးဆံုး ကစားသမားက (၃၆) ႏွစ္ရွိပါၿပီ။ သူတုိ႔ကြ်န္ေတာ့္ကို အႀကီးအကဲတစ္ေယာက္အေနနဲ႔ ေခၚေဝၚလားဆိုရင္ေတာ့ အဲ့ဒီလိုပဲေခၚၾကပါတယ္။ ဒါက ေတာ္ေတာ္ေလး ထူးဆန္းပါတယ္။” ဟု ေျပာၾကားခဲ့ပါတယ္။

Jordan ရဲ႕အေျခအေနကို ဥေရာပရဲ႕ထိပ္တန္းအသင္းႀကီးအမ်ားအျပားက ေစာင့္ၾကည့္ခဲ့ၾကၿပီး ရီးရဲယ္မက္ဒရစ္အသင္းကမူ Jordan ကို ဘာေနဗ်ဴးကြင္း၌ သင္ခန္းစာမ်ားပို႔ခ်ေပးရန္ ဖိတ္ေခၚခဲ့သလို လက္ရွိအခ်ိန္၌လည္း ရီးရဲယ္မက္ဒရစ္အသင္းရဲ႕ နည္းျပဝန္ထမ္းမ်ားထဲမွ တစ္ေယာက္အျဖစ္ ခန္႔အပ္လိုက္ၿပီျဖစ္ပါတယ္။

ယခုကဲ့သို႔ ခန္႔အပ္ခဲ့ရသည့္အေပၚ၌လည္း Jordan က “UEFA ရဲ႕ “B” လိုင္စင္နည္း ျပသင္တန္းေအာင္လက္မွတ္ရဖုိ႔အတြက္ ရီးရဲယ္မက္ဒရစ္အသင္းက ကြ်န္ေတာ့္ကို ေထာက္ခံေပးခဲ့ၿပီး အခုဆုိကြ်န္ေတာ္က အသင္းရဲ႕နည္းျပအဖဲြ႕ဝင္ေတြထဲက တစ္ေယာက္ျဖစ္လာခဲ့ပါၿပီ။ ဒါက ေတာ္ေတာ္ေလးကို ထူးျခားတဲ့အခြင့္အေရးျဖစ္ၿပီး ရာအူးလ္၊ အာဘီလိုအာ၊ ေရာ္ဘတ္တိုကားလုိ႔စ္ နဲ႔ ဆုိလာရီတို႔လိုလူမ်ိဳးေတြက ကြ်န္ေတာ့္ကို ေႏြးေႏြးေထြးေထြးနဲ႔ ေပြ႕ဖက္ႀကိဳဆိုခဲ့ပါတယ္။ ကြ်န္ေတာ္ဒီအရာေတြကို တကယ္ခ်စ္ျမတ္ႏုိးပါတယ္။” ဟု ေျပာၾကားသြားခဲ့ပါတယ္။

ဒါေပမယ့္ Jordan အေနျဖင့္ သူ႔ရဲ႕လက္က်န္ဘဝတစ္ေလွ်ာက္ကို အခ်ိန္ျပည့္နည္းျပအျဖစ္ ျဖတ္သန္းရန္ ဆုံးျဖတ္ျခင္းမ်ိဳးမရွိေသးဘဲ လက္ရွိအခ်ိန္၌ အားကစားနဲ႔ပညာေရးေပါင္းစပ္ရန္ လိုအပ္ေသာအခ်က္အလက္မ်ားနဲ႔ ပတ္သက္သည့္ဘဲြ႕တစ္ခုကိုရယူရန္ ပညာသင္ယူေနဆဲျဖစ္ေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

 

Source ~ Ladbibile

#HM(Soshwe)

#SoshweSport

#SoshweForYourDailyLife

#Like&Share

 

 

About So Shwe

Check Also

ရော်နယ်ဒိုကိုခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ ချယ်ဆီးအသင်းပိုင်ရှင်အသစ်။

ချယ်လ်ဆီးအသင်းပိုင်ရှင်အသစ် တော့ဒ်ဘိုလေဟာ ရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်နဲ့ တွေ့ဆုံခဲ့ပြီး ရော်နယ်ဒိုကို ခေါ်ယူနိုင်ခြင်းရှိ၊ မရှိဆိုတာကို ဆွေးနွေးခဲ့တယ်လို့ အင်္ဂလန်မီဒီယာအများအပြားက ဖော်ပြခဲ့ကြပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro