Breaking News

ကမ္ဘာ့စာတတ်မြောက်သူအများဆုံးနိုင်ငံများစာရင်း ထွက်ပေါ်လာ။

ကမ္ဘာ့စာတတ်မြောက်မှုအများဆုံးနိုင်ငံများစာရင်း၌ ဖင်လန်နိုင်ငံက ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့ကြောင်း သိရှိရပြီး အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံက အဆင့် (၇) နေရာ၌သာ ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ နယူးဗြိတိန်ရှိ ဗဟိုပြည်နယ်တက္ကသိုလ်ရဲ့ကျောင်းအုပ်ကြီးတစ်ဦးဖြစ်သူ John W. Miller က ယခုစာရင်းကို ပြုစုကောက်ခံခဲ့ခြင်းဖြစ်ပြီး ဥရောပမြောက်ပိုင်းရှိနိုင်ငံများသည် စာတတ်မြောက်မှုအများဆုံးနိုင်ငံများဖြစ်ကြောင်း စစ်တမ်းတစ်ရပ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။

Miller သည် လူထုရဲ့မူဝါဒနဲ့ လူမှုသုတေသနဗဟိုဆိုင်ရာကော်မတီအဖွဲ့အစည်းနဲ့ ပူးပေါင်း၍ (၂၀၀၂) ခုနှစ်မှ (၂၀၁၄) ခုနှစ်အတွင်း အမေရိကန်ရှိစာတတ်မြောက်မှုအများဆုံးမြို့ကြီးများစာရင်းကို ပြုစုခဲ့သူတစ်ဦးဖြစ်ပြီး ဆယ်စုနှစ်လေးခုကြာ ပညာရေးဆိုင်ရာအလုပ်များကိုသာ အာရုံစိုက်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

Miller ရဲ့ ထုတ်ပြန်ချက်အရ ယခုစာတတ်မြောက်မှုစာရင်းရဲ့ အဆင့်သတ်မှတ်ချက်များသည် လူတစ်ဦးတစ်ယောက်ချင်းစီနဲ့ နိုင်ငံများရဲ့ အောင်မြင်မှုအတွက် အရေးပါကြောင်း၊ ယခုအဆင့်သတ်မှတ်ချက်၌ နိုင်ငံတစ်နိုင်ငံရဲ့ ကျောင်းသားများအပေါ် အကဲဖြတ်ခြင်းဆိုင်ရာလေ့လာမှု၊ တိုးတက်မှုများ၊ ပညာရေးနဲ့ပတ်သက်သည့် အပြောင်းအလဲများ၊ နိုင်ငံတွင်းရှိစာကြည့်တိုက်များ၊ သတင်းစာများ၊ ပညာရေးစနစ်၊ တိုင်းပြည်ရှိလူဦးရေအချိုးအစားနဲ့ ကွန်ပျူတာရရှိနိုင်သည့် လူဦးရေအချိုးအစားတို့ကို ထည့်သွင်းတွက်ချက်ခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် Miller က “စမ်းသပ်မှုတစ်ခုတည်းသာ လုပ်မယ်ဆိုရင် ပစိဖိတ်ဒေသတွင်းနိုင်ငံတွေ ပြီးတော့ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတွေအနေနဲ့ ဒီစာရင်းရဲ့ထိပ်ပိုင်းမှာ ရပ်တည်နိုင်ပါလိမ့်မယ်။ အဲ့ဒီအတိုင်းသာဆိုရင် ပစိဖိတ်ဒေသတွင်းနိုင်ငံမဟုတ်ဘဲ ထိပ်ဆုံးမှာရပ်တည်နိုင်တာ ဖင်လန်နိုင်ငံတစ်နိုင်ငံတည်းရှိတာပါ။ တခြားအချက်အလက်တွေဖြစ်တဲ့ စာကြည့်တိုက်ရဲ့အရွယ်အစားနဲ့ စာကြည့်တိုက်အသုံးပြုခွင့်တွေကို နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ ပစိဖိတ်နိုင်ငံတွေအားလုံးအောက်ကို ထိုးဆင်းသွားပါတယ်။” ဟု ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

စာတတ်မြောက်မှုအများဆုံးနိုင်ငံများစာရင်းရဲ့ အဆင့် (၆၀) အတွင်း၌ အာဆီယံနိုင်ငံများဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ ပါဝင်ခဲ့ကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

 

 

ကမာၻ႔စာတတ္ေျမာက္သူအမ်ားဆံုးႏုိင္ငံမ်ားစာရင္း ထြက္ေပၚလာ။

ကမာၻ႕စာတတ္ေျမာက္မႈအမ်ားဆံုးႏိုင္ငံမ်ားစာရင္း၌ ဖင္လန္ႏိုင္ငံက ထိပ္ဆံုးမွရပ္တည္ႏိုင္ခဲ့ေၾကာင္း သိရွိရၿပီး အင္အားႀကီးႏိုင္ငံတစ္ႏိုင္ငံျဖစ္သည့္ အေမရိကန္ႏိုင္ငံက အဆင့္ (၇) ေနရာ၌သာ ရပ္တည္ႏိုင္ခဲ့ေၾကာင္း သိရွိရပါတယ္။ နယူးၿဗိတိန္ရွိ ဗဟိုျပည္နယ္တကၠသိုလ္ရဲ႕ ေက်ာင္းအုပ္ႀကီးတစ္ဦးျဖစ္သူ John W. Miller က ယခုစာရင္းကို ျပဳစုေကာက္ခံခဲ့ျခင္းျဖစ္ၿပီး ဥေရာပေျမာက္ပိုင္းရွိႏိုင္ငံမ်ားသည္ စာတတ္ေျမာက္မႈအမ်ားဆံုးႏိုင္ငံမ်ားျဖစ္ေၾကာင္း စစ္တမ္းတစ္ရပ္ ထြက္ေပၚလာခဲ့ျခင္းျဖစ္ပါတယ္။

Miller သည္ လူထုရဲ႕မူဝါဒနဲ႔ လူမႈသုေတသနဗဟိုဆိုင္ရာေကာ္မတီအဖဲြ႕အစည္းနဲ႔ ပူးေပါင္း၍ (၂၀၀၂) ခုႏွစ္မွ (၂၀၁၄) ခုႏွစ္အတြင္း အေမရိကန္ရွိ စာတတ္ေျမာက္မႈအမ်ားဆံုး ၿမိဳ႕ႀကီးမ်ားစာရင္းကို ျပဳစုခဲ့သူတစ္ဦးျဖစ္ၿပီး ဆယ္စုႏွစ္ေလးခုၾကာ ပညာေရးဆိုင္ရာအလုပ္မ်ားကိုသာ အာရံုစိုက္ေဆာင္ရြက္ခဲ့သူတစ္ဦး ျဖစ္ပါတယ္။

Miller ရဲ႕ ထုတ္ျပန္ခ်က္အရ ယခုစာတတ္ေျမာက္မႈစာရင္းရဲ႕ အဆင့္သတ္မွတ္ခ်က္မ်ားသည္ လူတစ္ဦးတစ္ေယာက္ခ်င္းစီနဲ႔ ႏိုင္ငံမ်ားရဲ႕ ေအာင္ျမင္မႈအတြက္ အေရးပါေၾကာင္း၊ ယခုအဆင့္သတ္မွတ္ခ်က္၌ ႏုိင္ငံတစ္ႏိုင္ငံရဲ႕ ေက်ာင္းသားမ်ားအေပၚ အကဲျဖတ္ျခင္းဆိုင္ရာေလ့လာမႈ၊ တုိးတက္မႈမ်ား၊ ပညာေရးနဲ႔ပတ္သက္သည့္ အေျပာင္းအလဲမ်ား၊ ႏုိင္ငံတြင္းရွိစာၾကည့္တုိက္မ်ား၊ သတင္းစာမ်ား၊ ပညာေရးစနစ္၊ တိုင္းျပည္ရွိလူဦးေရအခ်ိဳးအစားနဲ႔ ကြန္ပ်ဴတာရရွိႏိုင္သည့္ လူဦးေရအခ်ိဳးအစားတုိ႔ကို ထည့္သြင္းတြက္ခ်က္ခဲ့ေၾကာင္း သိရွိရပါတယ္။

ဒါ့အျပင္ Miller က “စမ္းသပ္မႈတစ္ခုတည္းသာ လုပ္မယ္ဆုိရင္ ပစိဖိတ္ေဒသတြင္းႏုိင္ငံေတြ ၿပီးေတာ့ စင္ကာပူ၊ ေတာင္ကိုရီးယား၊ ဂ်ပန္နဲ႔ တရုတ္ႏိုင္ငံေတြအေနနဲ႔ ဒီစာရင္းရဲ႕ထိပ္ပိုင္းမွာ ရပ္တည္ႏိုင္ပါလိမ့္မယ္။ အဲ့ဒီအတိုင္းသာဆိုရင္ ပစိဖိတ္ေဒသတြင္းႏုိင္ငံမဟုတ္ဘဲ ထိပ္ဆံုးမွာရပ္တည္ႏိုင္တာ ဖင္လန္ႏုိင္ငံတစ္ႏိုင္ငံတည္း ရွိတာပါ။ တျခားအခ်က္အလက္ေတြျဖစ္တဲ့ စာၾကည့္တိုက္ရဲ႕အရြယ္အစားနဲ႔ စာၾကည့္တုိက္အသံုးျပဳခြင့္ေတြကို ႏိႈင္းယွဥ္လိုက္မယ္ဆိုရင္ေတာ့ ပစိဖိတ္ႏုိင္ငံေတြအားလံုးေအာက္ကို ထိုးဆင္းသြားပါတယ္။” ဟု ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

စာတတ္ေျမာက္မႈအမ်ားဆံုးႏုိင္ငံမ်ားစာရင္းရဲ႕ အဆင့္ (၆၀) အတြင္း၌ အာဆီယံႏိုင္ငံမ်ားျဖစ္သည့္ စင္ကာပူ၊ မေလးရွား၊ ထိုင္းနဲ႔ အင္ဒိုနီးရွားႏိုင္ငံတို႔ ပါဝင္ခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#SoshweEducation

#SoshweForYourDailyLife

#Like&Share

About So Shwe

Check Also

ငယ်စဉ်အခါက စာသင်ကျောင်းများမှာ မသင်ခဲ့ရတဲ့သိပ္ပံဆိုင်ရာ အချက်အလက်များ။

ကမ္ဘာပေါ်မှာရှိတဲ့ တချို့သောအရာတွေဟာ ထူးခြားဆန်းပြားပြီး မယုံနိုင်စရာကောင်းလောက်အောင် ဖြစ်စေတဲ့အတွက် တစ်ခါတစ်လေမှာ ကမ္ဘာကြီးဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ဒါဆိုရင် ကမ္ဘာကြီးက ဘယ်လို ဘယ်ပုံတွေကြောင့် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro