အိန္ဒိယနိုင်ငံ၌ ပထမဆုံး Garbage Café ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပြီး အဆိုပါဆိုင်သို့ အမှိုုက်သယ်ဆောင်လာသူများကို စားစရာများ အခမဲ့ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါအစီအစဉ်မှရရှိလာသည့် ပလတ်စတစ်အမှိုက်များကို မြို့တော်အတွက် ပိုမိုကောင်းမွန်သော လမ်းများတည်ဆောက်ရေးလုပ်ငန်း၌ အသုံးပြုသွားရန် စီစဉ်ထားပါတယ်။
ဒီနေ့ခေတ် ကမ္ဘာပေါ်၌ အမှိုက်ကအကြီးမားဆုံးပြဿနာများထဲမှ တစ်ခုအပါအဝင်ဖြစ်လာခဲ့ပြီး ကမ္ဘာကြီးရဲ့ သဘာဝသံယံဇာတများကို တဖြည်းဖြည်းပျက်စီးဆုံးရှုံးမှုတွေ ဖြစ်လာခဲ့ပါတယ်။ ထို့ကြောင့်လည်း လူဦးရေထူထပ်မှုအများဆုံးနိုင်ငံများ၌ အပါအဝင်ဖြစ်သည့် အိန္ဒိယနိုင်ငံ အလယ်ပိုင်းရှိ Ambikapur မြို့၌ Garbage Café ကို စတင်မိတ်ဆက်လာခဲ့ခြင်းဖြစ်ပါတယ်။
လူတစ်ယောက်အနေဖြင့် အမှိုက် (၅၀၀) ဂရမ်သယ်ဆောင်လာမည်ဆိုပါက မနက်စာအတွက် စားစရာအများအပြား ကျွေးမွေးသွားမည်ဖြစ်သလို (၁) ကီလိုဂရမ်အပြည့် သယ်ဆောင်လာမည်ဆိုပါက ပုံမှန်ကျွေးမွေးနေကျဟင်းပွဲအတိုင်း ကျွေးမွေးသွားရန် စီစဉ်ထားပါတယ်။ Ambikapur မြို့သည် လက်ရှိအချိန်၌ အမှိုက်များကို အသုံးပြုကာ လမ်းခင်းသည့် အစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ပြီးဖြစ်ပြီး ပလတ်စတစ်ရေသန့်ဘူးခွံများကို ကတ္တရာနဲ့ ရောစပ်ခင်းခြင်းဖြင့် လမ်းများကို ပုံမှန်ထက်ပို မိုကြာရှည်ခံစေကြောင်းလည်း သိရှိရပါတယ်။
လက်ရှိအချိန်၌ အဆိုပါမြို့သည် အိန္ဒိယနိုင်ငံရဲ့ ဒုတိယမြောက် အသန့်ရှင်းဆုံးမြို့အဖြစ် သတ်မှတ်ခံထားရပြီး ယခု Garbage Café ဖွင့်လှစ်ပြီးချိန်၌ အိမ်ခြေမဲ့များ၊ ဆင်းရဲသားများအတွက် အစားအသောက်များ လွယ်ကူစွာ ရရှိနိုင်သလို မြို့တွင်း၊ မြို့ပြင်ပတ်ဝန်းကျင်၌လည်း ယခုထက် ပိုမိုသန့်ရှင်းသပ်ရပ်လာဖွယ်ရှိပါတယ်။
<Unicode Version>
အမိႈက္နဲ႔စားစရာ လဲလွယ္ေပးသည့္ ကမာၻ႕ပထမဦးဆုံး စားေသာက္ဆိုင္။
အိႏိၵယႏိုင္ငံ၌ ပထမဆံုး Garbage Café ကို ဖြင့္လွစ္လိုက္ၿပီျဖစ္ၿပီး အဆိုပါဆိုင္သို႔ အမႈိုက္သယ္ေဆာင္လာသူမ်ားကို စားစရာမ်ား အခမဲ့ေကြ်းေမြးသြားမည္ျဖစ္ေၾကာင္း သိရွိရပါတယ္။ အဆိုပါအစီအစဥ္မွရရွိလာသည့္ ပလတ္စတစ္အမိႈက္မ်ားကို ၿမိဳ႕ေတာ္အတြက္ ပိုမိုေကာင္းမြန္ေသာ လမ္းမ်ားတည္ေဆာက္ေရးလုပ္ငန္း၌ အသံုးျပဳသြားရန္ စီစဥ္ထားပါတယ္။
ဒီေန႔ေခတ္ ကမာၻေပၚ၌ အမိႈက္ကအႀကီးမားဆံုးျပႆနာမ်ားထဲမွ တစ္ခုအပါအဝင္ျဖစ္လာခဲ့ၿပီး ကမာၻႀကီးရဲ႕ သဘာဝသံယံဇာတမ်ားကို တျဖည္းျဖည္း ပ်က္စီးဆုံးရႈံးမႈေတြ ျဖစ္လာခ့ဲပါတယ္။ ထို႔ေၾကာင့္လည္း လူဦးေရထူထပ္မႈအမ်ားဆံုးႏုိင္ငံမ်ား၌ အပါအဝင္ျဖစ္သည့္ အိႏိၵယႏုိင္ငံ အလယ္ပိုင္းရွိ Ambikapur ၿမိဳ႕၌ Garbage Café ကို စတင္မိတ္ဆက္လာခဲ့ျခင္းျဖစ္ပါတယ္။
လူတစ္ေယာက္အေနျဖင့္ အမိႈက္ (၅၀၀) ဂရမ္သယ္ေဆာင္လာမည္ဆိုပါက မနက္စာအတြက္ စားစရာအမ်ားအျပား ေကြ်းေမြးသြားမည္ျဖစ္သလို (၁) ကီလိုဂရမ္အျပည့္ သယ္ေဆာင္လာမည္ဆိုပါက ပံုမွန္ေကြ်းေမြးေနက်ဟင္းပဲြအတိုင္း ေကြ်းေမြးသြားရန္ စီစဥ္ထားပါတယ္။ Ambikapur ၿမိဳ႕သည္ လက္ရွိအခ်ိန္၌ အမိႈက္မ်ားကို အသံုးျပဳကာ လမ္းခင္းသည့္ အစီအစဥ္ကို စတင္ေဆာင္ရြက္ခဲ့ၿပီးျဖစ္ၿပီး ပလတ္စတစ္ေရသန္႔ဘူးခြံမ်ားကို ကတၱရာနဲ႔ ေရာစပ္ခင္းျခင္းျဖင့္ လမ္းမ်ားကို ပံုမွန္ထက္ပို မိုၾကာရွည္ခံေစေၾကာင္းလည္း သိရွိရပါတယ္။
လက္ရွိအခ်ိန္၌ အဆိုပါၿမိဳ႕သည္ အိႏၵိယႏုိင္ငံရဲ႕ ဒုတိယေျမာက္ အသန္႔ရွင္းဆံုးၿမိဳ႕အျဖစ္ သတ္မွတ္ခံထားရၿပီး ယခု Garbage Café ဖြင့္လွစ္ၿပီးခ်ိန္၌ အိမ္ေျခမဲ့မ်ား၊ ဆင္းရဲသားမ်ားအတြက္ အစားအေသာက္မ်ား လြယ္ကူစြာ ရရွိႏုိင္သလို ၿမိဳ႕တြင္း၊ ၿမိဳ႕ျပင္ပတ္ဝန္းက်င္၌လည္း ယခုထက္ ပိုမိုသန္႔ရွင္းသပ္ရပ္လာဖြယ္ရွိပါတယ္။
<Zawgyi Version>
#SoshweNews
#SoshweForYourDailyLife
#Like&Share