ကျောင်းသားတစ်ဦးသည် ကျောင်းကပွဲနဲ့ စွမ်းရည်ပြိုင်ပွဲတစ်ခု၌ နာမည်ကျော် Porn ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Pornhub Theme Song ကို ဒရမ်ဖြင့်တီးခတ်ဖျော်ဖြေခဲ့ကြောင်း သိရှိရပါတယ်။ အစပိုင်း၌ ကျောင်းသားအများစုသည် အဆိုပါသီချင်းကို မည်သည့်သီချင်းမှန်း ချက်ချင်းမသိရှိခဲ့ကြပေမယ့် နာမည်ကျော် Pornhub ဝက်ဘ်ဆိုက်မှ Theme Song ဖြစ်နေသည်ကို သိရှိလိုက်ချိန်၌မူ သံစဉ်နဲ့အတူ ပျော်ပျော်ပါးပါးကခုန်ခဲ့ကြပါတယ်။
အဆိုပါဗီဒီယိုကို TikTok ပေါ်၌ တင်ထားခဲ့ပြီး TikTok အသုံးပြုသူတစ်ဦးက အဆိုပါကျောင်းသားကို ကျောင်းထုတ်ပစ်ရန်အထိ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ Pornhub သီချင်းကို အားရပါးရ တီးခတ်ဖျော်ဖြေနေသည့် ကျောင်းသားရဲ့လုပ်ရပ်အပေါ် “ဒီကလေးအနေနဲ့ အခုလိုကျောင်းပွဲမှာ Pornhub ရဲ့ အစသီချင်းကို တီးခတ်ခဲ့တဲ့အတွက် ကျောင်းကထုတ်ပယ်သင့်ပါတယ်။ တကယ်ကို သောက်တလွဲလုပ်ရပ်ပါ။” ဟု မှတ်ချက်ပြု ရေးသားခဲ့ပါတယ်။
https://www.youtube.com/watch?v=a32MglpCIWc&feature=youtu.be
အခြားသော TikTok အသုံးပြုသူတစ်ဦးကမူ “ခင်ဗျားတို့သိရင် သိမှာပေါ့။” ဟု မတူညီသည့်အမြင်မှ မှတ်ချက်ပြုရေးသားသွားခဲ့ပါတယ်။ သို့ရာတွင်မူ အဆိုပါဗီဒီယိုအတွင်း၌ ဒရမ်တီးဖျော်ဖြေနေသည့် ကျောင်းသားရဲ့ပုံရိပ်ကို သဲသဲကွဲကွဲမြင်ရခြင်းမရှိသလို မည်သည့်ကျောင်း၌ ယခုကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ခြင်းဆိုသည်ကိုလည်း ဖော်ထုတ်နိုင်ခြင်းမရှိကြောင်း သိရှိရပါတယ်။ အဆိုပါ Pornhub ဝက်ဘ်ဆိုက်သည် အပြာကားနဲ့ပတ်သက်၍ နာမည်ကြီး ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပြီး လူကြီး၊ လူငယ်မရွေး အားပေးသူပရိသတ်အခိုင်အမာရရှိထားသည့် ဝက်ဘ်ဆိုက်တစ်ခုလည်း ဖြစ်ပါတယ်။
<Unicode Version>
ကျောင်းကပွဲ၌ ကျောင်းသားများ ပွဲစည်အောင် ပြုလုပ်ခဲ့တဲ့ ကျောင်းသားတစ်ဦး။
<Zawgyi Version>
Source ~ EliteReaders
#HM(Soshwe)
#SoshweFunny
#SoshweForYourDailyLife
#Like&Share