ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ရန်ကုန်မြို့၌ အရည်အသွေးမြင့်အိမ်ရာစီမံကိန်းများနဲ့ အထပ်မြင့်တိုက်ခန်းများ သိသိသာသာများပြားလာခဲ့ပါတယ်။ အိမ်ခြံမြေစျေးကွက်က ကျဆင်းမှုများ ရှိလာခဲ့သည့်တိုင်အောင် ဇိမ်ခံအိမ်ရာများ၊ အဆင့်မြင့်အိမ်ရာများနဲ့ ပတ်သက်ပြီး ဒေသခံများနဲ့ ရင်းနှီးမြှုပ်နှံသူများရဲ့ စိတ်ဝင်စားမှုကြောင့် အဆိုပါစျေးကွက်က ဆက်လက်ရှင်သန်နေဆဲလည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့နေ နိုင်ငံခြားသားများအတွက် ကိုယ်ပိုင်အိမ်ဝယ်ယူခွင့်မရှိသည့် ဥပဒေကြောင့် ကွန်ဒိုနဲ့ တိုက်ခန်းများသည် နိုင်ငံခြားသားများအတွက် တစ်ခုတည်းသော ရွေးချယ်စရာအဖြစ် ကျန်ရှိနေဆဲဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက်လည်း အကောင်းဆုံး ဆွဲဆောင်မှုတစ်ခုအဖြစ်ရှိနေပါသေးတယ်။
လက်ရှိအချိန်၌ အိမ်ရာစီမံကိန်းအများအပြားကို အကောင်အထည်ဖော်ခဲ့ပြီးဖြစ်သလို တည်ဆောက်ဆဲ စီမံကိန်းများလည်း ကျန်ရှိနေခြင်းကြောင့် ယခု (၂၀၂၀) ခုနှစ်သည် မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူများအတွက် စိတ်လှုပ်ရှားစရာ အချိန်တစ်ခုဟုလည်း ဆိုနိုင်ရာ ရန်ကုန်မြို့ရဲ့ ထိပ်တန်းအိမ်ရာစီမံကိန်းများကို ဖော်ပြပေးလိုက်ရပါတယ်။
၁။ 68 Residence
ယခုစီမံကိန်းကြီးသည် United GP Development ကုမ္ပဏီရဲ့ လက်အောက်မှ စီမံကိန်းဖြစ်ပြီး ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမပေါ်၌ တည်ရှိပါတယ်။ နောက်ပိုင်းကာလများ၌ ဗဟန်းမြို့နယ်သည် အရည်အသွေးမြင့် စီမံကိန်းများ၊ ရုံးခန်းများ၊ အိမ်ရာအများအပြားဖြင့် စီးပွားရေးအရ အချက်အချာကျသည့် နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။
အဆိုပါ Residence ၌ (၂၇) ထပ်ပါဝင်ပြီး ကားရပ်နားရန်အတွက် အထပ် (၄) ထပ်ကိုပါ ထည့်သွင်းတည်ဆောက်ထားပါတယ်။ အခန်းအမျိုးအစားပေါင်း (၁၁) မျိုးရှိပြီး အခန်းပေါင်း (၂၂၉) ခန်းပါဝင်ပါတယ်။ စျေးနှုန်းများမှာမူ အခန်းနေရာအပေါ်မူတည်ပြီး တစ်စတုရန်းပေအတွက် ဒေါ်လာ (၃၀၀) မှ ဒေါ်လာ (၅၀၀) အထိ ရှိပါတယ်။
၂။ The Peninsula Residences Yangon
အဆိုပါစီမံကိန်းကြီးမှာမူ ရန်ကုန်မြို့လယ်ခေါင်၌ တည်ရှိပြီး ဆူးလေဘုရားလမ်းနဲ့ဗိုလ်ချုပ်အောင်ဆန်းလမ်းဆုံ၌ တည်ရှိပါတယ်။ ပြီးခဲ့သည့် (၂၀၁၇) ခုနှစ်၊ ဖေဖော်ဝါရီလ၌ စတင်တည်ဆောက်ခဲ့သည့် အဆိုပါစီမံကိန်းကြီးမှ အခန်းများကို (၂၀၁၈) ခုနှစ် မတ်လ (၂၄) ရက်နေ့တွင် စတင်ရောင်းချခဲ့ပါတယ်။ အခန်းပေါင်း (၁၁၂) ခန်း ပါဝင်ပြီး လာမယ့်နှစ်အတွင်း အပြီးသတ်နိုင်မည်ဟု ခန့်မှန်းထားကြပါတယ်။
အထပ်ပေါင်း (၂၆) ထပ် ပါဝင်ပြီး နိုင်ငံတကာအဆင့်မီဝန်ဆောင်မှုအပြည့်အဝပါဝင်သော၊ အိပ်ခန်း (၂) ခန်း၊ (၃) ခန်း၊ (၄) ခန်းပါဝင်သော အခန်းများအပြင် ပရိဘောဂပစ္စည်းများကိုပါ Package ဖြင့် တစ်ပါတည်း ရောင်းချပေးထားပါတယ်။
ယခုစီမံကိန်းသည် ကိုလိုနီခေတ်မှ မြန်မာ့မီးရထားအဆောက်အအုံကို ဇိမ်ခံဟိုတယ်အဖြစ် ပြောင်းလဲတည်ဆောက်သည့် စီမံကိန်းများ၌ တစ်စိတ်တစ်ပိုင်းပါဝင်သော စီမံကိန်းလည်းဖြစ်သောကြောင့် ထိပ်တန်းအဆင့်ရှိ မျှော်စင်နှစ်ခုနဲ့အတူ ရုံးခန်းများ၊ လက်လီအရောင်းဆိုင်များနဲ့ ဟိုတယ်တစ်ခုကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ပါတယ်။
The Peninsula ၌ နာမည်ကျော်ကုမ္ပဏီများဖြစ်သည့် Yoma Strategic ၊ Mitsubishi ၊ FMI ၊ IFC နဲ့ ADB တို့က စုစုပေါင်း ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာသန်း (၇၀၀) ရင်းနှီးမြှုပ်နှံထားကြောင်းလည်း သိရှိရပါတယ်။
၃။ Magical World
အဆိုပါစီမံကိန်းကြီးသည် လမ်းမတော်မြို့နယ်၊ ခရေပင်လမ်းပေါ်၌ တည်ရှိပြီး New World Development၊ Adventure Myanmar Tours နဲ့ China Construction Fifth Engineering တို့ရဲ့ လက်အောက်ရှိ စီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။ (၅) ဧကကျယ်ဝန်းသည့်နေရာ၌ အထပ်မြင့်တိုက်ခန်း (၅) လုံး တည်ဆောက်သွားမည်ဖြစ်ပြီး ကွန်ဒိုများ၊ ဟိုတယ်၊ ရုံးခန်းများ၊ စျေးဝယ်စင်တာနဲ့ တိုက်ခန်းများလည်း ပါဝင်မည်ဖြစ်ပါတယ်။
မတူညီသည့် ကွန်ဒိုတိုက်ခန်းအမျိုးအစားပေါင်း (၁,၂၀၆) ခန်း ပါဝင်မည်ဖြစ်ပြီး ငွေပေးချေသည့်ပုံစံအပေါ်မူတည်၍ တစ်စတုရန်းပေလျှင် ဒေါ်လာ (၂၈၀) တန်ဖိုးသတ်မှတ်ထားပါတယ်။ အဆိုပါစီမံကိန်းကို (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ၌ စတင်ခဲ့ပြီး (၂၀၂၃) ခုနှစ်ရဲ့ နှစ်လယ်ကာလ၌ အပြီးသတ်ရန် ပြင်ဆင်ထားပါတယ်။
၄။ The Central
ယခုအိမ်ရာစီမံကိန်းကြီးမှာမူ ရန်ကင်းမြို့နယ်ရဲ့ ကမ္ဘာအေးဘုရားလမ်းမပေါ်၌ တည်ရှိပြီး အထပ်ပေါင်း (၂၇) ထပ်ဖြင့် ရန်ကုန်မြို့ရဲ့ ပထမဆုံးစျေးဝယ်စင်တာပါဝင်သည့် အိမ်ရာစီမံကိန်းဖြစ်လာရန် ရည်ရွယ်ထားပါတယ်။ (၂၀၁၇) ခုနှစ်၌ ဆောက်လုပ်ရေးလုပ်ငန်းများကိုစတင်ခဲ့ပြီး ယခုနှစ်လယ်၌ အဆုံးသတ်ရန် ပြင်ဆင်ထားပါတယ်။ (၃.၅) ဟက်တာဧကကျယ်ဝန်းသည့်မြေပေါ်၌ တည်ဆောက်ထားသော အဆိုပါစီမံကိန်းကြီး၌ လူနေထိုင်နိုင်မည့် အိမ်ရာ (၄) ခုအပြင် Office Tower တစ်ခုလည်း ပါဝင်မည်ဖြစ်ပါတယ်။
အထပ်အပေါ်မူတည်၍ တစ်စတုရန်းပေလျှင် ဒေါ်လာ (၂၅၀) တန်ဖိုးရှိပြီး လူနေတိုက်ခန်းများအတွက်လည်း အမျိုးအစား (၂) မျိုးခွဲခြားထားပါတယ်။ ပထမတစ်မျိုး၌ အိပ်ခန်းတစ်ခန်းပါဝင်ပြီး (၆၆၉) စတုရန်းပေမှ (၈၄၈) စတုရန်းပေအထိ ကျယ်ဝန်းပါတယ်။ နောက်တစ်မျိုး၌မူ အိပ်ခန်း (၄) ခန်းပါဝင်မည်ဖြစ်ပြီး အကျယ်အဝန်းအားဖြင့် (၂,၅၅၈) စတုရန်းပေမှ (၃,၀၃၁) စတုရန်းပေအထိ ကျယ်ဝန်းပါတယ်။
၅။ Yadana Standard Housing
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ပထမဆုံးစီမံကိန်းတစ်ခုဖြစ်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း၌ တည်ရှိပါတယ်။ တစ်စတုရန်းပေအတွက် (၆၉) ဒေါ်လာတန်ဖိုးရှိပြီး အချို့သောတိုက်ခန်းများအတွက် (၃၀) ရာခိုင်နှုန်းစျေးလျှော့ပေးထားပါတယ်။ စတင်ဝယ်ယူချိန်၌ အခန်းတန်ဖိုးရဲ့ (၅၀) ရာခိုင်နှုန်းကို လက်ငင်းပေးချေရမည်ဖြစ်ပြီး စတုရန်းပေ (၆၀၀) နဲ့ စတုရန်းပေ (၁၂၀၀) ကျယ်ဝန်းသည့် အခန်းအမျိုးအစား (၂) မျိုးပါဝင်ပါတယ်။
၆။ Malikha Housing
မြန်မာနိုင်ငံရှိ အကြီးမားဆုံးအိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ရွှေတောင်ကုမ္ပဏီရဲ့ စီမံကိန်းတစ်ခုဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ်၊ ရတနာလမ်းမပေါ်၌တည်ရှိပါတယ်။ ရန်ကုန်မြို့ရဲ့ ထင်ရှားသောစီမံကိန်းများအနက် တစ်ခုအပါအဝင်ဖြစ်သော ယခုစီမံကိန်းကြီးသည် တိတ်ဆိတ်ငြိမ်သက်သောနေရာ၌ ခေတ်မီအိမ်ရာနဲ့ နေထိုင်လိုသူများအတွက် အကောင်းဆုံးအခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဝယ်ယူသူများအနေဖြင့် ကိုယ်ပိုင်နာမည်နဲ့ နှစ် (၆၀) ဂရန်အမည်ပေါက်ကို ရရှိမည်ဖြစ်ပြီး ထိုအချက်က အကြီးမားဆုံးသော ဆွဲဆောင်မှုတစ်ခုအဖြစ်ရှိနေပါတယ်။
စတုရန်းပေ (၁,၂၀၀) ကျယ်ဝန်းသောနှစ်ထပ်အိမ်တစ်လုံးအတွက် မြန်မာငွေ ကျပ်သန်းပေါင်း (၆၀၀) မှ (၇၀၀) အကြား ကုန်ကျနိုင်ဖွယ်ရှိပြီး ငွေပေးချေမှုအပေါ်မူတည်ပြီး စျေးနှုန်းကွဲပြားမှုရှိနိုင်ပါတယ်။
၇။ Emerald Bay
စင်ကာပူနိုင်ငံရှိ Paragon Investment ကုမ္ပဏီနဲ့ မြန်မာတက်လမ်းဆောက်လုပ်ရေးတို့ ဖက်စပ်တည်ဆောက်ထားသည့် စီမံကိန်းဖြစ်ပြီး သာကေတမြို့နယ်၌တည်ရှိသည့် အဆိုပါစီမံကိန်းကြီးသည် မြို့နယ်ရဲ့ ပထမဆုံးနဲ့ အကြီးမားဆုံး စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။ စီမံကိန်းဧရိယာရဲ့ အကျယ်အဝန်းသည် (၁၁) ဟက်တာရှိပြီး စတုရန်းပေ (၈) သန်းကျော်ကျယ်ဝန်းပါတယ်။ လက်ရှိအချိန်၌ Foundation လုပ်ငန်းများ ပြီးစီးခဲ့ပြီဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် (၈၉၉) စတုရန်းပေမှ (၁,၆၀၄) စတုရန်းပေကျယ်ဝန်းပြီး အိပ်ခန်း (၁) ခန်းမှ (၄) ခန်းအထိ ပါဝင်သည့် အခန်းများကို ယခုတည်းက ဝယ်ယူနိုင်ပြီလည်းဖြစ်ပါတယ်။
တိုက်ခန်းပေါင်း (၆,၀၀၀) ကျော်ပါဝင်မည်ဖြစ်ပြီး ကြယ်ငါးပွင့်အဆင့် ကွန်ဒိုစီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။ Emerald Bay သည် ရန်ကုန်မြစ်တစ်ဖက်ကမ်း သန်လျင်ဘက်ခြမ်းရှိ Star City အိမ်ရာစီမံကိန်းနဲ့လည်း မျက်နှာချင်းဆိုင် အနေအထား၌တည်ရှိပါတယ်။ ဒါ့အပြင် အဆိုပါအိမ်ရာအတွင်း၌ နိုင်ငံတကာကျောင်းများ၊ အဆင့်မြင့်စျေးဝယ်စင်တာများ၊ အားကစားခန်းမ၊ ရေကူးကန်၊ အမိုးပေါ်တည်ဆောက်ထားသော ဥယျာဉ်များ၊ Central Club၊ JCGV ရုပ်ရှင်ရုံ၊ City Mart နဲ့ အလိုအလျောက် ကားရပ်နားသည့်စနစ်များကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ပါတယ်။
Time City
ယခုစာရင်း၌ မဖြစ်မနေပါဝင်ရမည့် စီမံကိန်းတစ်ခုဖြစ်ပြီး အဆင့်မြင့်စျေးဝယ်စင်တာများ၊ ရုံးခန်းများ၊ ဟိုတယ်များ၊ တိုက်ခန်းနဲ့ ကွန်ဒိုများပါဝင်သည့် နာမည်ကျော်စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။ တိုက်ခန်းအမျိုးအစားပေါင်း (၅) မျိုးရှိပြီး (၈) ထပ်မှ (၂၇) ထပ်အထိ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ပထမ (၅) ထပ်၌မူ လက်ဝတ်ရတနာဆိုင်များ ပါဝင်ပြီး (၇) ထပ်နဲ့ (၈) ထပ်၌ ဝန်ဆောင်မှုပေးသော တိုက်ခန်းများပါဝင်မည်ဖြစ်ပါတယ်။
ဒါ့အပြင် အားကစားခန်းမ၊ ရေကူးကန်၊ ဥယျာဉ်များကိုလည်း ထည့်သွင်းတည်ဆောက်ထားပြီး (၆) ထပ်မြောက်၌ Event နဲ့ ပါတီပွဲများကျင်းပနိုင်ရန်အတွက် အမိုးပွင့်နေရာလည်း ပါဝင်ပါတယ်။ ဝယ်ယူသူများအနေဖြင့် ကိုယ်ပိုင်ကားပါကင်နေရာရရှိမည်ဖြစ်ပြီး ကားပါကင် (၂) ခုအတွက် စတုရန်းပေ (၂,၀၀၀) ကျယ်ဝန်းပါတယ်။ ကွန်ဒိုခန်းပေါင်း (၄၀၀)၊ တိုက်ခန်းပေါင်း (၅၀) ပါဝင်ပြီး လက်ရှိအချိန်၌ ကွန်ဒိုအခန်းများရဲ့ (၉၅) ရာခိုင်နှုန်းကို ရောင်းချခဲ့ပြီးဖြစ်ပါတယ်။
<Unicode Version>
ရန္ကုန္ၿမိဳ႕ရဲ႕ ထိပ္တန္းအိမ္ရာစီမံကိန္းမ်ား။
ၿပီးခဲ့သည့္ ငါးႏွစ္တာကာလအတြင္း ရန္ကုန္ၿမိဳ႕၌ အရည္အေသြးျမင့္အိမ္ရာစီမံကိန္းမ်ားနဲ႔ အထပ္ျမင့္တိုက္ခန္းမ်ား သိသိသာသာမ်ားျပားလာခဲ့ပါတယ္။ အိမ္ၿခံေျမေစ်းကြက္က က်ဆင္းမႈမ်ား ရွိလာခဲ့သည့္တိုင္ေအာင္ ဇိမ္ခံအိမ္ရာမ်ား၊ အဆင့္ျမင့္အိမ္ရာမ်ားနဲ႔ ပတ္သက္ၿပီး ေဒသခံမ်ားနဲ႔ ရင္းႏွီးျမွဳပ္ႏွံသူမ်ားရဲ႕ စိတ္ဝင္စားမႈေၾကာင့္ အဆိုပါေစ်းကြက္က ဆက္လက္ရွင္သန္ေနဆဲလည္း ျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕ေန ႏုိင္ငံျခားသားမ်ားအတြက္ ကိုယ္ပိုင္အိမ္ဝယ္ယူခြင့္မရွိသည့္ ဥပေဒေၾကာင့္ ကြန္ဒိုနဲ႔ တုိက္ခန္းမ်ားသည္ ႏိုင္ငံျခားသားမ်ားအတြက္ တစ္ခုတည္းေသာ ေရြးခ်ယ္စရာအျဖစ္ က်န္ရွိေနဆဲျဖစ္ၿပီး ႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈမ်ားအတြက္လည္း အေကာင္းဆံုး ဆဲြေဆာင္မႈတစ္ခုအျဖစ္ရွိေနပါေသးတယ္။
လက္ရွိအခ်ိန္၌ အိမ္ရာစီမံကိန္းအမ်ားအျပားကို အေကာင္အထည္ေဖာ္ခဲ့ၿပီးျဖစ္သလို တည္ေဆာက္ဆဲ စီမံကိန္းမ်ားလည္း က်န္ရွိေနျခင္းေၾကာင့္ ယခု (၂၀၂၀) ခုႏွစ္သည္ ျမန္မာႏိုင္ငံရွိ ရင္းႏွီးျမွဳပ္ႏွံသူမ်ားအတြက္ စိတ္လႈပ္ရွားစရာ အခ်ိန္တစ္ခုဟုလည္း ဆုိႏိုင္ရာ ရန္ကုန္ၿမိဳ႕ရဲ႕ ထိပ္တန္းအိမ္ရာစီမံကိန္းမ်ားကို ေဖာ္ျပေပးလိုက္ရပါတယ္။
၁။ 68 Residence
ယခုစီမံကိန္းႀကီးသည္ United GP Development ကုမၸဏီရဲ႕ လက္ေအာက္မွ စီမံကိန္းျဖစ္ၿပီး ဗဟန္းၿမိဳ႕နယ္၊ ကမာၻေအးဘုရားလမ္းမေပၚ၌ တည္ရွိပါတယ္။ ေနာက္ပိုင္းကာလမ်ား၌ ဗဟန္းၿမိဳ႕နယ္သည္ အရည္အေသြးျမင့္ စီမံကိန္းမ်ား၊ ရံုးခန္းမ်ား၊ အိမ္ရာအမ်ားအျပားျဖင့္ စီးပြားေရးအရ အခ်က္အခ်ာက်သည့္ ေနရာတစ္ခုျဖစ္လာခဲ့ပါတယ္။
အဆိုပါ Residence ၌ (၂၇) ထပ္ပါဝင္ၿပီး ကားရပ္နားရန္အတြက္ အထပ္ (၄) ထပ္ကိုပါ ထည့္သြင္းတည္ေဆာက္ထားပါတယ္။ အခန္းအမ်ိဳးအစားေပါင္း (၁၁) မ်ိဳးရွိၿပီး အခန္းေပါင္း (၂၂၉) ခန္းပါဝင္ပါတယ္။ ေစ်းႏႈန္းမ်ားမွာမူ အခန္းေနရာအေပၚမူတည္ၿပီး တစ္စတုရန္းေပအတြက္ ေဒၚလာ (၃၀၀) မွ ေဒၚလာ (၅၀၀) အထိ ရွိပါတယ္။
၂။ The Peninsula Residences Yangon
အဆိုပါစီမံကိန္းႀကီးမွာမူ ရန္ကုန္ၿမိဳ႕လယ္ေခါင္၌ တည္ရွိၿပီး ဆူးေလဘုရားလမ္းနဲ႔ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းဆံု၌ တည္ရွိပါတယ္။ ၿပီးခဲ့သည့္ (၂၀၁၇) ခုႏွစ္၊ ေဖေဖာ္ဝါရီလ၌ စတင္တည္ေဆာက္ခဲ့သည့္ အဆိုပါစီမံကိန္းႀကီးမွ အခန္းမ်ားကို (၂၀၁၈) ခုႏွစ္ မတ္လ (၂၄) ရက္ေန႔တြင္ စတင္ေရာင္းခ်ခဲ့ပါတယ္။ အခန္းေပါင္း (၁၁၂) ခန္း ပါဝင္ၿပီး လာမယ့္ႏွစ္အတြင္း အၿပီးသတ္ႏိုင္မည္ဟု ခန္႔မွန္းထားၾကပါတယ္။
အထပ္ေပါင္း (၂၆) ထပ္ ပါဝင္ၿပီး ႏိုင္ငံတကာအဆင့္မီဝန္ေဆာင္မႈအျပည့္အဝပါဝင္ေသာ၊ အိပ္ခန္း (၂) ခန္း၊ (၃) ခန္း၊ (၄) ခန္းပါဝင္ေသာ အခန္းမ်ားအျပင္ ပရိေဘာဂပစၥည္းမ်ားကိုပါ Package ျဖင့္ တစ္ပါတည္း ေရာင္းခ်ေပးထားပါတယ္။
ယခုစီမံကိန္းသည္ ကိုလိုနီေခတ္မွ ျမန္မာ့မီးရထားအေဆာက္အအံုကို ဇိမ္ခံဟိုတယ္အျဖစ္ ေျပာင္းလဲတည္ေဆာက္သည့္ စီမံကိန္းမ်ား၌ တစ္စိတ္တစ္ပိုင္းပါဝင္ေသာ စီမံကိန္းလည္းျဖစ္ေသာေၾကာင့္ ထိပ္တန္းအဆင့္ရွိ ေမွ်ာ္စင္ႏွစ္ခုနဲ႔အတူ ရံုးခန္းမ်ား၊ လက္လီအေရာင္းဆိုင္မ်ားနဲ႔ ဟိုတယ္တစ္ခုကိုလည္း ထည့္သြင္းတည္ေဆာက္သြားမည္ျဖစ္ပါတယ္။
The Peninsula ၌ နာမည္ေက်ာ္ကုမၸဏီမ်ားျဖစ္သည့္ Yoma Strategic ၊ Mitsubishi ၊ FMI ၊ IFC နဲ႔ ADB တို႔က စုစုေပါင္း ရင္းႏွီးျမွဳပ္ႏွံေငြ ေဒၚလာသန္း (၇၀၀) ရင္းႏွီးျမွဳပ္ႏွံထားေၾကာင္းလည္း သိရွိရပါတယ္။
၃။ Magical World
အဆုိပါစီမံကိန္းႀကီးသည္ လမ္းမေတာ္ၿမိဳ႕နယ္၊ ခေရပင္လမ္းေပၚ၌ တည္ရွိၿပီး New World Development၊ Adventure Myanmar Tours နဲ႔ China Construction Fifth Engineering တို႔ရဲ႕ လက္ေအာက္ရွိ စီမံကိန္းတစ္ခုလည္းျဖစ္ပါတယ္။ (၅) ဧကက်ယ္ဝန္းသည့္ေနရာ၌ အထပ္ျမင့္တိုက္ခန္း (၅) လံုး တည္ေဆာက္သြားမည္ျဖစ္ၿပီး ကြန္ဒိုမ်ား၊ ဟိုတယ္၊ ရံုးခန္းမ်ား၊ ေစ်းဝယ္စင္တာနဲ႔ တိုက္ခန္းမ်ားလည္း ပါဝင္မည္ျဖစ္ပါတယ္။
မတူညီသည့္ ကြန္ဒိုတိုက္ခန္းအမ်ိဳးအစားေပါင္း (၁,၂၀၆) ခန္း ပါဝင္မည္ျဖစ္ၿပီး ေငြေပးေခ်သည့္ပံုစံအေပၚမူတည္၍ တစ္စတုရန္းေပလွ်င္ ေဒၚလာ (၂၈၀) တန္ဖိုးသတ္မွတ္ထားပါတယ္။ အဆိုပါစီမံကိန္းကို (၂၀၂၀) ခုႏွစ္၊ ဇန္နဝါရီလ၌ စတင္ခဲ့ၿပီး (၂၀၂၃) ခုႏွစ္ရဲ႕ ႏွစ္လယ္ကာလ၌ အၿပီးသတ္ရန္ ျပင္ဆင္ထားပါတယ္။
၄။ The Central
ယခုအိမ္ရာစီမံကိန္းႀကီးမွာမူ ရန္ကင္းၿမိဳ႕နယ္ရဲ႕ ကမာၻေအးဘုရားလမ္းမေပၚ၌ တည္ရွိၿပီး အထပ္ေပါင္း (၂၇) ထပ္ျဖင့္ ရန္ကုန္ၿမိဳ႕ရဲ႕ ပထမဆံုးေစ်းဝယ္စင္တာပါဝင္သည့္ အိမ္ရာစီမံကိန္းျဖစ္လာရန္ ရည္ရြယ္ထားပါတယ္။ (၂၀၁၇) ခုႏွစ္၌ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကိုစတင္ခဲ့ၿပီး ယခုႏွစ္လယ္၌ အဆံုးသတ္ရန္ ျပင္ဆင္ထားပါတယ္။ (၃.၅) ဟက္တာဧကက်ယ္ဝန္းသည့္ေျမေပၚ၌ တည္ေဆာက္ထားေသာ အဆိုပါစီမံကိန္းႀကီး၌ လူေနထိုင္ႏိုင္မည့္ အိမ္ရာ (၄) ခုအျပင္ Office Tower တစ္ခုလည္း ပါဝင္မည္ျဖစ္ပါတယ္။
အထပ္အေပၚမူတည္၍ တစ္စတုရန္းေပလွ်င္ ေဒၚလာ (၂၅၀) တန္ဖိုးရွိၿပီး လူေနတိုက္ခန္းမ်ားအတြက္လည္း အမ်ိဳးအစား (၂) မ်ိဳးခဲြျခားထားပါတယ္။ ပထမတစ္မ်ိဳး၌ အိပ္ခန္းတစ္ခန္းပါဝင္ၿပီး (၆၆၉) စတုရန္းေပမွ (၈၄၈) စတုရန္းေပအထိ က်ယ္ဝန္းပါတယ္။ ေနာက္တစ္မ်ိဳး၌မူ အိပ္ခန္း (၄) ခန္းပါဝင္မည္ျဖစ္ၿပီး အက်ယ္အဝန္းအားျဖင့္ (၂,၅၅၈) စတုရန္းေပမွ (၃,၀၃၁) စတုရန္းေပအထိ က်ယ္ဝန္းပါတယ္။
၅။ Yadana Standard Housing
ရန္ကုန္တုိင္းေဒသႀကီး အစိုးရအဖဲြ႕ရဲ႕ ပထမဆံုးစီမံကိန္းတစ္ခုျဖစ္ၿပီး ဒဂံုဆိပ္ကမ္းၿမိဳ႕နယ္အတြင္း၌ တည္ရွိပါတယ္။ တစ္စတုရန္းေပအတြက္ (၆၉) ေဒၚလာတန္ဖိုးရွိၿပီး အခ်ိဳ႕ေသာတိုက္ခန္းမ်ားအတြက္ (၃၀) ရာခိုင္ႏႈန္းေစ်းေလွ်ာ့ေပးထားပါတယ္။ စတင္ဝယ္ယူခ်ိန္၌ အခန္းတန္ဖိုးရဲ႕ (၅၀) ရာခိုင္ႏႈန္းကို လက္ငင္းေပးေခ်ရမည္ျဖစ္ၿပီး စတုရန္းေပ (၆၀၀) နဲ႔ စတုရန္းေပ (၁၂၀၀) က်ယ္ဝန္းသည့္ အခန္းအမ်ိဳးအစား (၂) မ်ိဳးပါဝင္ပါတယ္။
၆။ Malikha Housing
ျမန္မာႏိုင္ငံရွိ အႀကီးမားဆံုးအိမ္ၿခံေျမအက်ိဳးေဆာင္ကုမၸဏီမ်ားအနက္ တစ္ခုအပါအဝင္ျဖစ္သည့္ ေရႊေတာင္ကုမၸဏီရဲ႕ စီမံကိန္းတစ္ခုျဖစ္ၿပီး သဃၤန္းကြ်န္းၿမိဳ႕နယ္၊ ရတနာလမ္းမေပၚ၌တည္ရွိပါတယ္။ ရန္ကုန္ၿမိဳ႕ရဲ႕ ထင္ရွားေသာစီမံကိန္းမ်ားအနက္ တစ္ခုအပါအဝင္ျဖစ္ေသာ ယခုစီမံကိန္းႀကီးသည္ တိတ္ဆိတ္ၿငိမ္သက္ေသာေနရာ၌ ေခတ္မီအိမ္ရာနဲ႔ ေနထိုင္လိုသူမ်ားအတြက္ အေကာင္းဆံုးအခြင့္အေရးတစ္ခုလည္းျဖစ္ပါတယ္။ ဒါ့အျပင္ ဝယ္ယူသူမ်ားအေနျဖင့္ ကိုယ္ပိုင္နာမည္နဲ႔ ႏွစ္ (၆၀) ဂရန္အမည္ေပါက္ကို ရရွိမည္ျဖစ္ၿပီး ထိုအခ်က္က အႀကီးမားဆံုးေသာ ဆဲြေဆာင္မႈတစ္ခုအျဖစ္ရွိေနပါတယ္။
စတုရန္းေပ (၁,၂၀၀) က်ယ္ဝန္းေသာႏွစ္ထပ္အိမ္တစ္လံုးအတြက္ ျမန္မာေငြ က်ပ္သန္းေပါင္း (၆၀၀) မွ (၇၀၀) အၾကား ကုန္က်ႏုိင္ဖြယ္ရွိၿပီး ေငြေပးေခ်မႈအေပၚမူတည္ၿပီး ေစ်းႏႈန္းကဲြျပားမႈရွိႏိုင္ပါတယ္။
၇။ Emerald Bay
စင္ကာပူႏိုင္ငံရွိ Paragon Investment ကုမၸဏီနဲ႔ ျမန္မာတက္လမ္းေဆာက္လုပ္ေရးတို႔ ဖက္စပ္တည္ေဆာက္ထားသည့္ စီမံကိန္းျဖစ္ၿပီး သာေကတၿမိဳ႕နယ္၌တည္ရွိသည့္ အဆိုပါစီမံကိန္းႀကီးသည္ ၿမိဳ႕နယ္ရဲ႕ ပထမဆံုးနဲ႔ အႀကီးမားဆံုး စီမံကိန္းတစ္ခုလည္း ျဖစ္ပါတယ္။ စီမံကိန္းဧရိယာရဲ႕ အက်ယ္အဝန္းသည္ (၁၁) ဟက္တာရွိၿပီး စတုရန္းေပ (၈) သန္းေက်ာ္က်ယ္ဝန္းပါတယ္။ လက္ရွိအခ်ိန္၌ Foundation လုပ္ငန္းမ်ား ၿပီးစီးခဲ့ၿပီျဖစ္ပါတယ္။ အက်ယ္အဝန္းအားျဖင့္ (၈၉၉) စတုရန္းေပမွ (၁,၆၀၄) စတုရန္းေပက်ယ္ဝန္းၿပီး အိပ္ခန္း (၁) ခန္းမွ (၄) ခန္းအထိ ပါဝင္သည့္ အခန္းမ်ားကို ယခုတည္းက ဝယ္ယူႏိုင္ၿပီလည္းျဖစ္ပါတယ္။
တိုက္ခန္းေပါင္း (၆,၀၀၀) ေက်ာ္ပါဝင္မည္ျဖစ္ၿပီး ၾကယ္ငါးပြင့္အဆင့္ ကြန္ဒိုစီမံကိန္းတစ္ခုလည္းျဖစ္ပါတယ္။ Emerald Bay သည္ ရန္ကုန္ျမစ္တစ္ဖက္ကမ္း သန္လ်င္ဘက္ျခမ္းရွိ Star City အိမ္ရာစီမံကိန္းနဲ႔လည္း မ်က္ႏွာခ်င္းဆိုင္ အေနအထား၌တည္ရွိပါတယ္။ ဒါ့အျပင္ အဆုိပါအိမ္ရာအတြင္း၌ ႏိုင္ငံတကာေက်ာင္းမ်ား၊ အဆင့္ျမင့္ေစ်းဝယ္စင္တာမ်ား၊ အားကစားခန္းမ၊ ေရကူးကန္၊ အမိုးေပၚတည္ေဆာက္ထားေသာ ဥယ်ာဥ္မ်ား၊ Central Club၊ JCGV ရုပ္ရွင္ရံု၊ City Mart နဲ႔ အလိုအေလ်ာက္ ကားရပ္နားသည့္စနစ္မ်ားကိုလည္း ထည့္သြင္းတည္ေဆာက္သြားမည္ျဖစ္ပါတယ္။
Time City
ယခုစာရင္း၌ မျဖစ္မေနပါဝင္ရမည့္ စီမံကိန္းတစ္ခုျဖစ္ၿပီး အဆင့္ျမင့္ေစ်းဝယ္စင္တာမ်ား၊ ရံုးခန္းမ်ား၊ ဟိုတယ္မ်ား၊ တိုက္ခန္းနဲ႔ ကြန္ဒိုမ်ားပါဝင္သည့္ နာမည္ေက်ာ္စီမံကိန္းတစ္ခုလည္း ျဖစ္ပါတယ္။ တိုက္ခန္းအမ်ိဳးအစားေပါင္း (၅) မ်ိဳးရွိၿပီး (၈) ထပ္မွ (၂၇) ထပ္အထိ ေရြးခ်ယ္ဝယ္ယူႏုိင္ပါတယ္။ ပထမ (၅) ထပ္၌မူ လက္ဝတ္ရတနာဆုိင္မ်ား ပါဝင္ၿပီး (၇) ထပ္နဲ႔ (၈) ထပ္၌ ဝန္ေဆာင္မႈေပးေသာ တိုက္ခန္းမ်ားပါဝင္မည္ျဖစ္ပါတယ္။
ဒါ့အျပင္ အားကစားခန္းမ၊ ေရကူးကန္၊ ဥယ်ာဥ္မ်ားကိုလည္း ထည့္သြင္းတည္ေဆာက္ထားၿပီး (၆) ထပ္ေျမာက္၌ Event နဲ႔ ပါတီပဲြမ်ားက်င္းပႏိုင္ရန္အတြက္ အမိုးပြင့္ေနရာလည္း ပါဝင္ပါတယ္။ ဝယ္ယူသူမ်ားအေနျဖင့္ ကိုယ္ပိုင္ကားပါကင္ေနရာရရွိမည္ျဖစ္ၿပီး ကားပါကင္ (၂) ခုအတြက္ စတုရန္းေပ (၂,၀၀၀) က်ယ္ဝန္းပါတယ္။ ကြန္ဒိုခန္းေပါင္း (၄၀၀)၊ တိုက္ခန္းေပါင္း (၅၀) ပါဝင္ၿပီး လက္ရွိအခ်ိန္၌ ကြန္ဒိုအခန္းမ်ားရဲ႕ (၉၅) ရာခိုင္ႏႈန္းကို ေရာင္းခ်ခဲ့ၿပီးျဖစ္ပါတယ္။
<Zawgyi Version>
#HM(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share