HomeTechမဖြစ်မနေသိထားသင့်သည့် နည်းပညာပိုင်းဆိုင်ရာ နောက်ဆုံးရသတင်းများ။

မဖြစ်မနေသိထားသင့်သည့် နည်းပညာပိုင်းဆိုင်ရာ နောက်ဆုံးရသတင်းများ။

- Advertisement -

၁။ ပေါက်ကြားလာသောအီးမေးလ်များအရ Amazon သည် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများကိုရောင်းချခြင်းကို ရပ်ဆိုင်းလိုက်ပြီး အဆိုပါကုန်ပစ္စည်းများကို သိုလှောင်ထားကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း၌လည်း Amazon ကဖြန့်ချိရေးပေါင်းများစွာနဲ့ ဆက်သွယ်ပြီး တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများကို အရေးပေါ်အခြေအနေဖြင့် တိုးမြှင့်မှာယူခဲ့ပါတယ်။

 

၂။ ကယ်လီဖိုးနီးယား၌ ပြဌာန်းလိုက်သော အလုပ်သမား ဥပဒေသစ်တစ်ခုအရ Uber နဲ့ Postmates တို့သည် ၄င်းတို့ရဲ့ ဘဏ္ဍာရေးအခြေအနေကို ထိခိုက်နိုင်ခြင်းကြောင့် အဆိုပါဥပဒေကို ကန့်ကွက်ရန် ပြင်ဆင်နေကြပါတယ်။ Uber ရဲ့ ထုတ်ပြန်ချက်အရ ကုမ္ပဏီအနေဖြင့် ယခုဥပဒေကို တရားရုံးအထိ တက်ရောက်ပြီး အမှုရင်ဆိုင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

 

- Advertisement -

၃။ တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ချေရှိမရှိ စစ်ဆေးပေးနိုင်သည့် Applications တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ ရောဂါကူးစက်ထားကြောင်းအတည်ပြုခံထားရသူ (သို့မဟုတ်)  ရောဂါရှိသူဟု သံသယရှိသူတစ်ယောက်ယောက် မိမိဘေးနားရောက်ရှိလာပါက အဆိုပါ Applications မှတစ်ဆင့် သိရှိနိုင်မည်ဖြစ်ပါတယ်။

 

- Advertisement -

၄။ နာမည်ကျော် Apple ကုမ္ပဏီသည် တရုတ်နိုင်ငံရှိ အဓိက iPhone စက်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသောကြောင့် ဒေါ်လာ (၂၇) ဘီလီယံတန်ဖိုးအထိ နစ်နာဆုံးရှုံးနေရပြီဖြစ်ပါတယ်။ Zhengzhou ရှိ စက်ရုံကို ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုချက်ရရှိထားသော်လည်း အခြားသောစက်ရုံများကို လက်ရှိအချိန်အထိ ပိတ်ထားရဆဲဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

 

၅။ Facebook မှ ဝန်ထမ်းများသည် ကုမ္ပဏီရဲ့ အကြီးမားဆုံး အချက်အလက်ချိုးဖောက်ခံရမှုကို မကာကွယ်နိုင်ခဲ့ခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသကဲ့သို့ ခံစားနေရပါတယ်။ Facebook အနေဖြင့်လည်း ကုမ္ပဏီရဲ့ သမိုင်းကြောင်းတစ်လျှောက် အကြီးမားဆုံးအချက်အလက်ချိုးဖောက်မှုဖြစ်ပေါ်စေမည့် လုံခြုံရေးဆိုင်ရာ အားနည်းချက်များကို ကြိုတင်သတိပေးခဲ့သည်ဟုလည်း Telegraph သတင်းစာက  ဖော်ပြခဲ့ပါတယ်။

 

၆။ ဆင်းရဲသောနိုင်ငံများ၌ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန်အကောင်းဆုံးနည်းလမ်းသည် ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်နေထိုင်ရန်ဖြစ်ကြောင်း Bill Gates က ဆိုပါတယ်။ စစ်တမ်းများအရ အီကွေတာနဲ့နီးသောနိုင်ငံများ၌ ရာသီဥတုပြောင်းလဲမှုကြောင့် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ကြောင်း သိရှိရပါတယ်။

 

၇။ မည်သည့်ကုန်ပစ္စည်းကိုမဆို (၃) ဒေါ်လာဖြင့်ရောင်းချသောThe SoftBank သည် ကုမ္ပဏီကို ရုတ်တရက်ပိတ်သိမ်းခြင်း၊ Customer များရဲ့ အော်ဒါများကို ငြင်းဆန်ခြင်းနဲ့ အလုပ်သမားများကို အလုပ်ထုတ်ပယ်ခြင်းဆိုသည့် သတင်းများအပေါ် ငြင်းဆန်ပယ်ချလိုက်ပါတယ်။

 

- Advertisement -

၈။ နာမည်ကျော် Mercedes- Benz ရဲ့ မိခင်ကုမ္ပဏီတစ်ခုဖြစ်သည့် Daimler သည် သူတို့ရဲ့လျှပ်စစ်ကားများနဲ့ လိုက်လျောညီထွေဖြစ်စေရန်အတွက် အလုပ်သမားပေါင်း (၁) သောင်းခွဲကို အလုပ်မှထုတ်ပယ်ရန် ပြင်ဆင်နေပါတယ်။ လက်ရှိအချိန်၌ ဂျာမန်ကားထုတ်လုပ်ရေးလုပ်ငန်းများသည် အခက်အခဲများနဲ့ ရင်ဆိုင်နေရပြီး Daimler အနေဖြင့် သူတို့ရဲ့လုပ်အားကို လျှော့ချရန်ပြင်ဆင်လာခဲ့ခြင်းဖြစ်ပါတယ်။

 

၉။ YouTube ပေါ်ရှိ Justin Bieber ရဲ့ Documentary ဇာတ်လမ်းသည် စံချိန်တင်ဝင်ငွေရရှိခဲ့ကြောင်း သိရှိရပါတယ်။ “Seasons” ဟုအမည်ရသည့် အဆိုပါဇာတ်လမ်းသည် YouTube ရဲ့ သမိုင်းကြောင်းတစ်လျှောက် တန်ဖိုးအကြီးမားဆုံးဖြစ်ခဲ့ပြီး အဆိုပါဇာတ်လမ်းအတွက် YouTube က ဒေါ်လာသန်း (၂၀) အထိ ပေးချေခဲ့ရပါတယ်။

 

၁၀။ Elon Musk က Mark Zuckerberg ရဲ့ Facebook ကို အသုံးမပြုဘဲ ဖျက်ချသင့်သည်ဟု တိုက်တွန်းပြောကြားလိုက်ပါတယ်။ Musk နဲ့ Zuckerberg တို့နှစ်ဦးသည် ယခင်ကလည်း Artificial Intelligence နဲ့ ပတ်သက်ပြီး အမြင်ကွဲလွဲခဲ့ဖူးကြသူများလည်း ဖြစ်ပါတယ်။

<Unicode Version>

 

 

မျဖစ္မေနသိထားသင့္သည့္ နည္းပညာပိုင္းဆိုင္ရာ ေနာက္ဆံုးရသတင္းမ်ား။

၁။ ေပါက္ၾကားလာေသာအီးေမးလ္မ်ားအရ Amazon သည္ ကိုရုိနာဗိုင္းရပ္စ္အႏၱရာယ္ေၾကာင့္ တရုတ္ႏိုင္ငံမွ ကုန္ပစၥည္းမ်ားကိုေရာင္းခ်ျခင္းကို ရပ္ဆိုင္းလိုက္ၿပီး အဆုိပါကုန္ပစၥည္းမ်ားကို သိုေလွာင္ထားေၾကာင္း သိရွိရပါတယ္။ ဒါ့အျပင္ ၿပီးခဲ့သည့္ရက္သတၱပတ္အတြင္း၌လည္း Amazon ကျဖန္႔ခ်ိေရးေပါင္းမ်ားစြာနဲ႔ ဆက္သြယ္ၿပီး တရုတ္ႏိုင္ငံမွ ကုန္ပစၥည္းမ်ားကို အေရးေပၚအေျခအေနျဖင့္ တုိးျမွင့္မွာယူခဲ့ပါတယ္။

 

၂။ ကယ္လီဖိုးနီးယား၌ ျပဌာန္းလုိက္ေသာ အလုပ္သမား ဥပေဒသစ္တစ္ခုအရ Uber နဲ႔ Postmates တို႔သည္ ၄င္းတုိ႔ရဲ႕ ဘ႑ာေရးအေျခအေနကို ထိခိုက္ႏိုင္ျခင္းေၾကာင့္ အဆုိပါဥပေဒကို ကန္႔ကြက္ရန္ ျပင္ဆင္ေနၾကပါတယ္။ Uber ရဲ႕ ထုတ္ျပန္ခ်က္အရ ကုမၸဏီအေနျဖင့္ ယခုဥပေဒကို တရားရံုးအထိ တက္ေရာက္ၿပီး အမႈရင္ဆုိင္သြားမည္ျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

 

၃။ တရုတ္ႏိုင္ငံ၌ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရႏုိင္ေခ်ရွိမရွိ စစ္ေဆးေပးႏိုင္သည့္ Applications တစ္ခုကို မိတ္ဆက္ေပးလိုက္ပါတယ္။ ေရာဂါကူးစက္ထားေၾကာင္းအတည္ျပဳခံထားရသူ (သို႔မဟုတ္)  ေရာဂါရွိသူဟု သံသယရွိသူတစ္ေယာက္ေယာက္ မိမိေဘးနားေရာက္ရွိလာပါက အဆိုပါ Applications မွတစ္ဆင့္ သိရွိႏိုင္မည္ျဖစ္ပါတယ္။

 

၄။ နာမည္ေက်ာ္ Apple ကုမၸဏီသည္ တရုတ္ႏိုင္ငံရွိ အဓိက iPhone စက္ရံုမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ျခင္း မရွိေသာေၾကာင့္ ေဒၚလာ (၂၇) ဘီလီယံတန္ဖိုးအထိ နစ္နာဆံုးရံႈးေနရၿပီျဖစ္ပါတယ္။ Zhengzhou ရွိ စက္ရံုကို ျပန္လည္ဖြင့္လွစ္ရန္ ခြင့္ျပဳခ်က္ရရွိထားေသာ္လည္း အျခားေသာစက္ရံုမ်ားကို လက္ရွိအခ်ိန္အထိ ပိတ္ထားရဆဲျဖစ္ေၾကာင္း Reuters သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

 

၅။ Facebook မွ ဝန္ထမ္းမ်ားသည္ ကု​မၸဏီရဲ႕ အႀကီးမားဆံုး အခ်က္အလက္ခ်ိဳးေဖာက္ခံရမႈကို မကာကြယ္ႏိုင္ခဲ့ျခင္းေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ အျပစ္ရွိသကဲ့သို႔ ခံစားေနရပါတယ္။ Facebook အေနျဖင့္လည္း ကုမၸဏီရဲ႕ သမိုင္းေၾကာင္းတစ္ေလွ်ာက္ အႀကီးမားဆံုးအခ်က္အလက္ခ်ိဳးေဖာက္မႈျဖစ္ေပၚေစမည့္ လံုၿခံဳေရးဆိုင္ရာ အားနည္းခ်က္မ်ားကို ႀကိဳတင္သတိေပးခဲ့သည္ဟုလည္း Telegraph သတင္းစာက  ေဖာ္ျပခဲ့ပါတယ္။

 

၆။ ဆင္းရဲေသာႏုိင္ငံမ်ား၌ ရာသီဥတုေျပာင္းလဲမႈကို တိုက္ဖ်က္ရန္အေကာင္းဆံုးနည္းလမ္းသည္ ကုိယ့္ကိုယ္ကုိယ္ က်န္းမာေအာင္ေနထိုင္ရန္ျဖစ္ေၾကာင္း Bill Gates က ဆိုပါတယ္။ စစ္တမ္းမ်ားအရ အီေကြတာနဲ႔နီးေသာႏိုင္ငံမ်ား၌ ရာသီဥတုေျပာင္းလဲမႈေၾကာင့္ ပ်က္စီးဆံုးရံႈးမႈအမ်ားဆံုးျဖစ္ေၾကာင္း သိရွိရပါတယ္။

 

၇။ မည္သည့္ကုန္ပစၥည္းကိုမဆို (၃) ေဒၚလာျဖင့္ေရာင္းခ်ေသာThe SoftBank သည္ ကုမၸဏီကို ရုတ္တရက္ပိတ္သိမ္းျခင္း၊ Customer မ်ားရဲ႕ ေအာ္ဒါမ်ားကို ျငင္းဆန္ျခင္းနဲ႔ အလုပ္သမားမ်ားကို အလုပ္ထုတ္ပယ္ျခင္းဆိုသည့္ သတင္းမ်ားအေပၚ ျငင္းဆန္ပယ္ခ်လိုက္ပါတယ္။

 

၈။ နာမည္ေက်ာ္ Mercedes- Benz ရဲ႕ မိခင္ကုမၸဏီတစ္ခုျဖစ္သည့္ Daimler သည္ သူတုိ႔ရဲ႕လွ်ပ္စစ္ကားမ်ားနဲ႔ လုိက္ေလ်ာညီေထြျဖစ္ေစရန္အတြက္ အလုပ္သမားေပါင္း (၁) ေသာင္းခဲြကို အလုပ္မွထုတ္ပယ္ရန္ ျပင္ဆင္ေနပါတယ္။ လက္ရွိအခ်ိန္၌ ဂ်ာမန္ကားထုတ္လုပ္ေရးလုပ္ငန္းမ်ားသည္ အခက္အခဲမ်ားနဲ႔ ရင္ဆိုင္ေနရၿပီး Daimler အေနျဖင့္ သူတုိ႔ရဲ႕လုပ္အားကို ေလွ်ာ့ခ်ရန္ျပင္ဆင္လာခဲ့ျခင္းျဖစ္ပါတယ္။

 

၉။ YouTube ေပၚရွိ Justin Bieber ရဲ႕ Documentary ဇာတ္လမ္းသည္ စံခ်ိန္တင္ဝင္ေငြရရွိခဲ့ေၾကာင္း သိရွိရပါတယ္။ “Seasons” ဟုအမည္ရသည့္ အဆုိပါဇာတ္လမ္းသည္ YouTube ရဲ႕ သမိုင္းေၾကာင္းတစ္ေလွ်ာက္ တန္ဖိုးအႀကီးမားဆံုးျဖစ္ခဲ့ၿပီး အဆုိပါဇာတ္လမ္းအတြက္ YouTube က ေဒၚလာသန္း (၂၀) အထိ ေပးေခ်ခဲ့ရပါတယ္။

 

၁၀။ Elon Musk က Mark Zuckerberg ရဲ႕ Facebook ကို အသံုးမျပဳဘဲ ဖ်က္ခ်သင့္သည္ဟု တုိက္တြန္းေျပာၾကားလိုက္ပါတယ္။ Musk နဲ႔ Zuckerberg တုိ႔ႏွစ္ဦးသည္ ယခင္ကလည္း Artificial Intelligence နဲ႔ ပတ္သက္ၿပီး အျမင္ကဲြလဲြခဲ့ဖူးၾကသူမ်ားလည္း ျဖစ္ပါတယ္။

<Zawgyi Version>

 

 

Source ~ Businessinsider

 

#HM(Soshwe)

#soshwetech

#soshweforyourdailylife

#likeandshshare

 

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

20 − five =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...