Breaking News

လွန်ခဲ့သည့် (၃) နှစ်က ကွယ်လွန်သွားသည့် သမီးကို နည်းပညာအကူအညီဖြင့် ပြန်လည်ဆုံတွေ့ခွင့်ရခဲ့သည့် အမျိုးသမီး။

တောင်ကိုရီးယားနိုင်ငံရှိ ဂျန်ဂျီဆန်အမည်ရ အမျိုးသမီးတစ်ဦးသည် Virtual Reality (VR) နည်းပညာအကူအညီဖြင့် လွန်ခဲ့သည့် (၃) နှစ်က ကွယ်လွန်သွားခဲ့သည့် သူမရဲ့သမီးကို ပြန်လည်တွေ့ဆုံနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ အစီအစဉ်ကို “I Met You” ဟု နာမည်ပေးထားပြီး VR ၌ ဂျီဆန်ရဲ့ကွယ်လွန်သွားပြီဖြစ်သည့် အသက် (၇) နှစ်အရွယ် သမီးလေး နာယွန်းကို ဖန်တီးပေးထားခဲ့ပါတယ်။

ဂျီဆန်သည် အထူးပြုလုပ်ထားသည့် VR နားကြပ်နဲ့မျက်မှန်ကိုတပ်ဆင်ထားပြီး သူမရဲ့သမီးနဲ့  တွေ့ဆုံစကားပြောနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ VR ထဲ၌ သားအမိနှစ်ယောက်ကို သဘာဝအတိုင်း ဖန်တီးထားသည့် ဥယျာဉ်တစ်ခုအတွင်း၌ ပြန်လည်တွေ့ဆုံစေခဲ့ပြီး နာယွန်းက “အမေဘယ်ရောက်နေတာလဲ။ သမီးအကြောင်းကိုရော စဉ်းစားနေရဲ့လား။” ဟု မေးမြန်းခဲ့ရာ မိခင်ဖြစ်သူ ဂျီဆန်ကလည်း “သမီးကို အမြဲတမ်း သတိရနေပါတယ်။” ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ဂျီဆန်အနေဖြင့် အထူးပြုလုပ်ထားသည့် လက်အိပ်တစ်စုံကို ဝတ်ဆင်ထားခြင်းကြောင့် သမီးဖြစ်သူကို အမှန်တကယ်ထိတွေ့နိုင်သကဲ့သို့လည်း ခံစားခဲ့ရပါတယ်။

အဆိုပါဗီဒီယိုဖိုင်သည် ကြည့်ရှုသူအပေါင်းရဲ့ ရင်ကိုလှုပ်ခတ်စေနိုင်ခဲ့ပြီး မိဘနဲ့သားသမီးကြားက ချစ်ခြင်းမေတ္တာတရားကို ပေါ်လွင်စေခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ယခုအစီအစဉ်ကို  ပြုလုပ်ရန်အတွက် (၈) လကြာ ကြိုတင်ကြိုးစားပြင်ဆင်ခဲ့ရပြီး နာယွန်းရဲ့မျက်နှာနဲ့ လှုပ်ရှားမှုပုံရိပ်များကို တကယ့်လက်တွေ့နဲ့ တစ်ထပ်တည်းကျစေရန် ပြင်ဆင်ထားခြင်းဖြစ်ပါတယ်။

ယခုအတွေ့အကြုံနဲ့ ပတ်သက်၍ မိခင်ဖြစ်သူ ဂျီဆန်က “ဒါက တကယ့်ကို  ကောင်းမွန်တဲ့နေရာဆီ  ရောက်သွားသလိုပါပဲ။ ကျွန်မသမီးလေး နာယွန်းနဲ့ ပြန်လည်တွေ့ဆုံခဲ့ရပြီး သူကကျွန်မကို အပြုံးတွေနဲ့ လှမ်းခေါ်နေခဲ့ပါတယ်။ အရမ်းကို တိုတောင်းတဲ့အချိန်ကာလဖြစ်ခဲ့ပေမယ့် အရမ်းကို  ပျော်စရာကောင်းတဲ့အချိန်ဖြစ်ခဲ့ပါတယ်။ ဒါက ကျွန်မအမြဲတမ်း အိပ်မက်မက်ခဲ့ရတဲ့ ကိစ္စတစ်ခုပါ။” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ဂျီဆန်က သူမကဲ့သို့ သားသမီးကိုဆုံးရှုံးခဲ့ရတဲ့သူများ သို့မဟုတ် မိဘနဲ့ညီအစ်ကိုမောင်နှမများကို ဆုံးရှုံးခဲ့ရသူများအတွက် စိတ်သက်သာရာရစေရန် ယခုဗီဒီယိုကို အွန်လိုင်းပေါ်၌ ဖြန့်ဝေခွင့်ပေးခဲ့ပါတယ်။ ဂျီဆန်က “သမီးလေးဆုံးတာ (၃) နှစ်လောက်ကြာပြီးချိန်မှာ နေမကောင်းဖြစ်နေတာ၊ သူ့ကိုလွမ်းနေတာထက်စာရင် ပိုချစ်လာနိုင်တယ်လို့ထင်ပြီး နောက်သူနဲ့ပြန်တွေ့ရင် အခုထက်ပိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာတော့မှာပါ။ ဒီအစီအစဉ်လေးကိုကြည့်ပြီး လူတော်တော်များများက နာယွန်းလေးကို အမှတ်ရနေမယ်ထင်ပါတယ်။” ဟုပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

 

 

လြန္ခဲ့သည့္ (၃) ႏွစ္က ကြယ္လြန္သြားသည့္ သမီးကို နည္းပညာအကူအညီျဖင့္ ျပန္လည္ဆံုေတြ႕ခြင့္ရခဲ့သည့္ အမ်ိဳးသမီး။

ေတာင္ကိုရီးယားႏုိင္ငံရွိ ဂ်န္ဂ်ီဆန္အမည္ရ အမ်ိဳးသမီးတစ္ဦးသည္ Virtual Reality (VR) နည္းပညာအကူအညီျဖင့္ လြန္ခဲ့သည့္ (၃) ႏွစ္က ကြယ္လြန္သြားခဲ့သည့္ သူမရဲ႕သမီးကို ျပန္လည္ေတြ႕ဆံုႏိုင္ခဲ့ေၾကာင္း သိရွိရပါတယ္။ အဆိုပါ အစီအစဥ္ကို “I Met You” ဟု နာမည္ေပးထားၿပီး VR ၌ ဂ်ီဆန္ရဲ႕ကြယ္လြန္သြားၿပီျဖစ္သည့္ အသက္ (၇) ႏွစ္အရြယ္ သမီးေလး နာယြန္းကို ဖန္တီးေပးထားခဲ့ပါတယ္။

ဂ်ီဆန္သည္ အထူးျပဳလုပ္ထားသည့္ VR နားၾကပ္နဲ႔မ်က္မွန္ကိုတပ္ဆင္ထားၿပီး သူမရဲ႕သမီးနဲ႔  ေတြ႕ဆံုစကားေျပာႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။ အဆိုပါ VR ထဲ၌ သားအမိႏွစ္ေယာက္ကို သဘာဝအတုိင္း ဖန္တီးထားသည့္ ဥယ်ာဥ္တစ္ခုအတြင္း၌ ျပန္လည္ေတြ႕ဆံုေစခဲ့ၿပီး နာယြန္းက “အေမဘယ္ေရာက္ေနတာလဲ။ သမီးအေၾကာင္းကိုေရာ စဥ္းစားေနရဲ႕လား။” ဟု ေမးျမန္းခဲ့ရာ မိခင္ျဖစ္သူ ဂ်ီဆန္ကလည္း “သမီးကို အၿမဲတမ္း သတိရေနပါတယ္။” ဟု ျပန္လည္ေျဖၾကားခဲ့ပါတယ္။ ဒါ့အျပင္ ဂ်ီဆန္အေနျဖင့္ အထူးျပဳလုပ္ထားသည့္ လက္အိပ္တစ္စံုကို ဝတ္ဆင္ထားျခင္းေၾကာင့္ သမီးျဖစ္သူကို အမွန္တကယ္ထိေတြ႕ႏုိင္သကဲ့သုိ႔လည္း ခံစားခဲ့ရပါတယ္။

အဆုိပါဗီဒီယိုဖိုင္သည္ ၾကည့္ရႈသူအေပါင္းရဲ႕ ရင္ကိုလႈပ္ခတ္ေစႏိုင္ခဲ့ၿပီး မိဘနဲ႔သားသမီးၾကားက ခ်စ္ျခင္းေမတၱာတရားကို ေပၚလြင္ေစခဲ့သည့္ ဗီဒီယုိဖိုင္တစ္ခုလည္း ျဖစ္ခဲ့ပါတယ္။ ယခုအစီအစဥ္ကုိ  ျပဳလုပ္ရန္အတြက္ (၈) လၾကာ ႀကိဳတင္ႀကိဳးစားျပင္ဆင္ခဲ့ရၿပီး နာယြန္းရဲ႕မ်က္ႏွာနဲ႔ လႈပ္ရွားမႈပံုရိပ္မ်ားကို တကယ့္လက္ေတြ႕နဲ႔ တစ္ထပ္တည္းက်ေစရန္ ျပင္ဆင္ထားျခင္းျဖစ္ပါတယ္။

ယခုအေတြ႕အႀကံဳနဲ႔ ပတ္သက္၍ မိခင္ျဖစ္သူ ဂ်ီဆန္က “ဒါက တကယ့္ကို  ေကာင္းမြန္တဲ့ေနရာဆီ  ေရာက္သြားသလိုပါပဲ။ ကြ်န္မသမီးေလး နာယြန္းနဲ႔ ျပန္လည္ေတြ႕ဆံုခဲ့ရၿပီး သူကကြ်န္မကို အၿပံဳးေတြနဲ႔ လွမ္းေခၚေနခဲ့ပါတယ္။ အရမ္းကို တိုေတာင္းတဲ့အခ်ိန္ကာလျဖစ္ခဲ့ေပမယ့္ အရမ္းကို  ေပ်ာ္စရာေကာင္းတဲ့အခ်ိန္ ျဖစ္ခဲ့ပါတယ္။ ဒါက ကြ်န္မအၿမဲတမ္း အိပ္မက္မက္ခဲ့ရတဲ့ ကိစၥတစ္ခုပါ။” ဟု ဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။

ဒါ့အျပင္ ဂ်ီဆန္က သူမကဲ့သုိ႔ သားသမီးကိုဆံုးရံႈးခဲ့ရတဲ့သူမ်ား သို႔မဟုတ္ မိဘနဲ႔ညီအစ္ကိုေမာင္ႏွမမ်ားကို ဆံုးရံႈးခဲ့ရသူမ်ားအတြက္ စိတ္သက္သာရာရေစရန္ ယခုဗီဒီယိုကို အြန္လိုင္းေပၚ၌ ျဖန္႔ေဝခြင့္ေပးခဲ့ပါတယ္။ ဂ်ီဆန္က “သမီးေလးဆံုးတာ (၃) ႏွစ္ေလာက္ၾကာၿပီးခ်ိန္မွာ ေနမေကာင္းျဖစ္ေနတာ၊ သူ႔ကိုလြမ္းေနတာထက္စာရင္ ပိုခ်စ္လာႏုိင္တယ္လို႔ထင္ၿပီး ေနာက္သူနဲ႔ျပန္ေတြ႕ရင္ အခုထက္ပိုၿပီး ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိလာေတာ့မွာပါ။ ဒီအစီအစဥ္ေလးကိုၾကည့္ၿပီး လူေတာ္ေတာ္မ်ားမ်ားက နာယြန္းေလးကို အမွတ္ရေနမယ္ထင္ပါတယ္။” ဟုေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

About So Shwe

Check Also

TikTok ကို App Store တွေကနေ ဖြုတ်ချတော့မှာလား ? ? ?

TikTok သုံးစွဲတဲ့ အမေရိကန်နိုင်ငံသားတေါဆီကနေ လျှို့ဝှက်အချက်အလက်တွေကို တရုတ်အခြေစိုက် TikTok ရဲ့မိခင်ကုမ္ပဏီ ByteDance ဝန်ထမ်းတွေက ထပ်တလဲလဲ ရယူနေတယ်ဆိုပြီး BuzzFeed သတင်းဌာန ဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်း …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro